အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) အထူးသံတမန် ဘရူနိုင်း ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူစွတ် (Erywan Yusof) သည် မြန်မာနိုင်ငံကို မကြာခင်တွင် သွားရောက်နိုင်ရေး မျှော်လင့်နေကြောင်း အာဆီယံ သံတမန် သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။
မြန်မာနိုင်ငံသို့ သွားရောက်ချိန်တွင် စစ်ကောင်စီ ခေါင်းဆောင်များ အပါအဝင် ထိန်းသိမ်းခံထားရသည့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ခွင့်ရရေး မျှော်လင့်နေကြောင်း သိရသည်။
အာဆီယံ အထူးသံတမန် Erywan Yusof သည် ကိုယ်စားလှယ်အဖြစ် မခန့်အပ်ရသေးခင် ဇွန်လဆန်းပိုင်းကလည်း မြန် မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
အထူးသံတမန် Erywan Yusof သည် ယခုသွားရောက်မည့် ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် အတွက် စစ်ကောင်စီထံ တောင်းဆိုမှု ပြုလုပ်ထားကြောင်းလည်း သိရသည်။
Erywan Yusof သည် ပြည်တွင်းပြည်ပရှိ မြန်မာ့အရေး ဆောင်ရွက်သည့် တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များနှင့် Virtual Meeting ဖြင့် သြဂုတ်လ နောက်ဆုံးအပတ်က တွေ့ဆုံဆွေးနွေးထားသေးသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံခွင့်ရရေး ကြိုးပမ်းသွားရန် တရုတ်အစိုးရကလည်း အထူး တလည် တိုက်တွန်းထားကြောင်း သိရသည်။
တရုတ်အစိုးရက အာဆီယံ၏ သဘောတူညီချက် ၅ ချက်ဖြစ်သည့် အကြမ်းဖက် သတ်ဖြတ်မှုများ အဆုံးသတ်ရေး၊ အင်အားစုအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နိုင်ရေး၊ အာဆီယံ ဆိုင်ရာ အထူးသံတမန် ခန့်အပ်ရေး စသည့် အချက်များကို ထောက်ခံထားသည်။
ထို့ပြင် တရုတ်အထူးကိုယ်စားလှယ် Sun Guoxiang သည်လည်း မြန်မာနိုင်ငံသိုု့ ရောက်ရှိလာပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
You may also like these stories:
မြန်မာ့ဒေါသနှင့် ASEAN အထူးသံတမန်၏ ရှေ့ခရီး
ဘရူနိုင်းနှင့် စစ်ကောင်စီ စီးပွားရေးပတ်သက်နေသောကြောင့် ASEAN အထူးသံတမန်ကို မေးခွန်းထုတ်နေ