သတင်း

ဝင်ငွေနည်း၍ စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ကိုဗစ်ချေးငွေ အတင်းအကျပ်ပြန်တောင်းနေ

Want create site? Find Free WordPress Themes and plugins.

အခွန် ကောက်ခံရရှိမှု နည်းပါးပြီး အခြားသော ဝင်ငွေရလမ်းများကို ပြည်သူများ ဆန့်ကျင်သပိတ်မှောက်နေသောကြောင့် ဝင်ငွေနည်းလာသည့် စစ်ကောင်စီက ကိုဗစ်ကာလအတွင်း လုပ်ငန်းရှင်များကို ထုတ်ချေးထားသော ချေးငွေများကို အတင်း အကျပ် ကောက်ခံနေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက် ထုတ်ပြန်သော ကိုဗစ် ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သော စီးပွားရေး သက်ရောက်မှုများ အပေါ် ကုစားရေး လုပ်ငန်း ကော်မတီ၏ ညွှန်ကြားစာအရ ကိုဗစ် ၁၉ ချေးငွေများကို အတိုး၊ အရင်း တပေါင်းတည်း အကျေ ပြန် လည် ပေးဆပ်ရန်နှင့် ပေးဆပ်ရန် ပျက်ကွက်ပါက အရေးယူသွားမည် ဖြစ်ကြောင်း ဆိုထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ သက်တမ်အတွင်း၌ ကိုဗစ်ကာလ စီးပွားရေး အကျပ်အတည်းများကို လျှော့ချနိုင်ရန်အတွက် ရည်ရွယ်ပြီး အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ၁ နှစ်သက်တမ်းရှိ ကိုဗစ်ချေးငွေကို ကုန်ထုတ်လုပ်ငန်းများမှ ဝန်ဆောင်မှု လုပ်ငန်းများ ပါဝင်သော ကဏ္ဍ ၁၂ ခု မှ စီးပွားရေး လုပ်ငန်းပေါင်း ၆ ထောင်ကျော်ကို ကျပ် ၂၀၀ ဘီလီယံ ကျော် ထုတ်ချေးပေးထားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၀ ရက်က စတင် ထုတ်ချေးပေးခဲ့သော လက်ခစား အထည်ချုပ် လုပ်ငန်းများ (CMP)၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများနှင့် အသေးစား အလတ်စား လုပ်ငန်းကဏ္ဍ ၃ ခုအတွက် ပထမကြိမ် ကျပ် ၁၀၀ ဘီလီယံကျော် အတွက် စစ်ကောင်စီဘက်က ၆ လ သက်တမ်း တိုးပေးကြောင်း ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လအတွင်းက ကြေညာခဲ့ သည်။

“အခုက ချေးငွေ ပြန်ဆပ်နိုင်ဖို့ မပြောနဲ့။ ကျနော်တို့ ခရီးသွားကဏ္ဍက လုပ်ငန်းတွေတောင် ရပ်ပြီး ဝင်ငွေ မရှိဖြစ်နေတာ လေ။ သူတို့ သက်တမ်းတိုးပေးတဲ့ ၆ လကရော ဘာအလုပ်မှ သေချာလုပ်လို့မှ မရတာ” ဟု ခရီးသွားလုပ်ငန်းရှင်တဦးက ပြောသည်။

စစ်ကောင်စီဘက်က ချေးငွေ ပြန်ဆပ်ရန် ဘဏ်မှတဆင့် အတင်းအကျပ် ကောက်ခံမှုများ ရှိလာနေသော်လည်း အများစု မှာ ပြန်ဆပ်ရန် အခက်အခဲရှိနေကြောင်း ၎င်းက ဆိုသည်။

“တချို့ကျတော့ တခြားလူဆီက ငွေဆွဲပြီး ဆပ်ဖို့ လုပ်ကြတာရှိသလို တချို့ကလည်း ရှိတာလေး တွေ ရောင်းချပြီး ပြန်ဆပ်ဖို့ လုပ်နေကြရတာပေါ့။ ကြားရတာတော့ အမျိုးမျိုးပဲ” ဟု အဆိုပါ လုပ်ငန်းရှင်က ပြောဆိုသည်။

စစ်အာဏာသိမ်းမှု အကျိုးဆက်များကြောင့် ဘဏ်လုပ်ငန်း အကျပ်အတည်းဖြစ်၍ ငွေသားလည်ပတ်စီးဆင်းမှု အခက်အခဲ၊ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း မြင့်တက်ခြင်းနှင့် ဈေးကွက်ဝယ်လိုအား ကျဆင်းမှုကို လုပ်ငန်းကဏ္ဍအားလုံး လိုလိုသည် ရင်ဆိုင်နေကြရလျက်ရှိသည်။

စီးပွားရေး လုပ်ငန်းရှင်တဦးက “လုပ်ငန်းတွေက ပုံမှန် သေချာ မလည်ပတ်နိုင်ဘူး။ တဖက်မှာက ကုန်ကြမ်းဈေးနှုန်းက တက်လာတယ်။ ဒီဘက်မှာက ဝယ်လိုအားက မရှိပြန်ဘူး။ ဒီလို အခြေအနေတွေ ကြားထဲမှာ လုပ်ငန်း ဆက်ရပ်တည်ဖို့ကို တော်တော်ကြိုးစားနေရတယ်” ဟု ပြောသည်။

လက်ရှိအချိန်တွင် စီးပွားရေး ကျဆင်းမှု၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် သွင်းကုန် ဈေးနှုန်းမြင့်တက်မှုများကြား ရုန်းကန် နေရသော စီးပွားရေးလုပ်ငန်းများအတွက် ကိုဗစ်ချေးငွေသည် ဝန်ထုပ်ဝန်ပိုး တခု မဖြစ်လာစေရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထိုသို့ လုပ်ငန်းရှင်များအား ထုတ်ချေးထားသည့် ကိုဗစ်ချေးငွေကို ပြန်လည် တောင်းခံနေခြင်းအပြင် နိုင်ငံ့ဝန်ထမ်းများကို့ လစာ၏ ၂ လစာ အတိုးမဲ့ ထုတ်ချေးထားသည် ကိုဗစ်ချေးငွေများကိုလည်း ပြန်လည် တောင်းခံနေသည့် စာများကို ထုတ်ပြန်ထားသည်။

You may also like these stories:

ပို့ကုန်ရငွေ ဒေါ်လာ ၄ လအတွင်း ဘဏ်တွေဆီပြန်ရောင်းဖို့ ဗဟိုဘဏ် ထုတ်ပြန်

အောင်ဘာလေထီ နိဂုံးချူပ်တော့မလား

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

Did you find apk for android? You can find new Free Android Games and apps.
Loading