• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လေကြောင်း တိုက်ခိုက်မှုကြားက လုံလဲရ် စစ်စခန်းကို CDF များ သိမ်းပိုက်နိုင်

by ဧရာဝတီ
13 September 2021
in သတင်း
A A
ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာအနီးရှိ စစ်စခန်းကို သိမ်းစဉ် ရရှိခဲ့သော လက်နက်ခဲယမ်းများ  / CDF

ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာအနီးရှိ စစ်စခန်းကို သိမ်းစဉ် ရရှိခဲ့သော လက်နက်ခဲယမ်းများ / CDF

38.1k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ စစ်အခြေစိုက် စခန်းတခုကို ချင်းဒေသကာကွယ် ရေးတပ်(ထန်တလန်)က သုံးရက်တိုင်တိုင် ဝင်ရောက် တိုက်ခိုက်ပြီးနောက် စခန်းသိမ်းတိုက်ပွဲကို ယမန်နေ့ (စက်တင်ဘာ လ ၁၂ ရက်) ညနေပိုင်းက ဆင်နွှဲနိုင်ခဲ့ကြောင်း သိရသည်။

“စခန်းကို ဝိုင်းပြီးတော့မှ သိမ်းတာပေါ့။ ၅ နာရီ ဝန်းကျင်လောက်ပေါ့။ ၄ နာရီ ဝန်းကျင်လောက်မှာ ဆက်တိုက် ပစ်တာ။ နောက်တခုက နေ့လယ် ၁ နာရီလောက်က ဂျက်လေယာဉ်နဲ့ ၂ ကြိမ်လာပစ်တယ်။ ဒုတိယနေ့ ညမှာ ကျနော်တို့ဘက်က အင်အားဖြည့်ပြီးမှ ဝင်တိုက်တယ်။ စခန်းကိုလည်း မီးရှို့လိုက်တယ်။ လက်နက်ခဲယမ်းတွေ ရလိုက်တယ်” ဟု CDF ထန်တ လန်၏ ပြောရေးဆိုခွင့် ရှိသူတဦးက ပြောသည်။

RelatedPosts

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

18 May 2025
543
နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
293
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
4.6k

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်မှ စတင်ကာ စစ်ကောင်စီ၏ အထက်ပါ အခြေစိုက် စခန်းကို CDF များက အင်အား ၂၀၀ ကျော်ဖြင့် စတင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်လေယာဉ်သုံးသဖြင့် အစပိုင်းတွင် ပြန်လည် ဆုတ်ခွာခဲ့ ရကြောင်း ချင်းဒေသ ကာကွယ်ရေးတပ် (ထန်တလန်) က မနေ့က ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ထန်တလန်ဒေသရှိ စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရသည်မှာ မှန်ကန်ပြီး ၃ ရက်ဆက်တိုက် လူအင်အား ၄၀၀ ကျော်ဖြင့် ဝိုင်းအတိုက်ခံနေရသဖြင့် ပထမပိုင်းတွင် လေကြောင်း ပစ်ကူပေးခဲ့ကြောင်း၊ မနေ့က စတင်ကာ စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။

“စခန်းနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ စခန်း ကျ၊ မကျ ဆိုတာလည်း အတည်ပြု မပေးနိုင်ဘူး။ အဲဒီစခန်းကလည်း ကျ နော်တို့လူ၂၀ တောင် မရှိဘူး။ ထန်တလန်မှာ ဆေးကုပေးနေတဲ့ တပ်မတော်က ဆေးမှူးတွေကိုလည်း သတ်မယ်ဖြတ် မယ်လုပ်ဖို့ အဲဒီ စခန်းပေါ်ကို ခေါ်ထားရသေးတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က လေကြောင်း ပစ်ကူပေးခဲ့သဖြင့် အစပိုင်းတွင် စခန်းကို ဝိုင်းထားသူများ ဆုတ်သွားပြီးနောက် လေယာဉ်ဖြင့် ရွာကို ဗုံးကြဲနေသည်ဟု လူမှုကွန်ရက်တွင် အဖွခံခဲ့ရကြောင်း၊ ထန်တလန် ဒေသတွင် ဆရာဝန် မရှိသဖြင့် စစ်တပ်က ကိုဗစ်ကာလ မတိုင်မီကတည်းက ဆေးမှူးများ လွှတ်ပေးခဲ့ကြောင်း စစ်ကောင်စီဘက်က ပြောသည်။

CDF ဘက်ကမူ ယခုလို ချင်းပြည်နယ်ရှိ နယ်စပ်စခန်းများထဲတွင် ဒုတိယ အတောင့်တင်းဆုံး၊ ဘန်ကာ တည်ဆောက်ပုံ ကောင်းသည့် စစ်စခန်းတခုကို ပထမဆုံးအကြိမ် သိမ်းပိုက်ခဲ့ကြောင်း၊ အလောင်း ၁၂ လောင်း ရရှိခဲ့ကြောင်း ပြောသည်။

CDF ၏ ပြောခွင့်ရသူတဦးက “လက်နက်အကုန်လုံး သိမ်းထားပြီးပြီ။ ကျနော်တို့ကတော့ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး၊ စစ်အာဏာရှင်စနစ်ကို အမြစ် ဖြတ်ချင်တယ်။ သူတို့ ပြုတ်မကျမချင်း ကျနော်တို့ CDF တွေက ဆက်လက် တိုက်ခိုက် သွားမယ်” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “သူတို့ကတော့ ခံစစ်လိုမျိုး ထားတယ်။ ကျနော်တို့က တိုက်စစ်လုပ်တော့ အခက်အခဲ ရှိတယ်။ ဂျက် လေ ယာဉ်နဲ့ အတိုက်ခံရတာက တော်တော်လေးကို အခက်အခဲ ရှိတယ်။ ဒီလို တိုက်ခိုက်မှုက စစ်သားတွေအတွက် ပြဿနာ မရှိပေမယ့် ပြည်သူတွေအတွက် တော်တော်လေးကို အဆင်မပြေဘူး။ ဒီဟာက ပြည်သူကို ငဲ့ညာတဲ့ စိတ် မရှိဘူးလို့ ယူဆလို့ ရတယ်” ဟု ပြောသည်။

ဗုံးကြဲတိုက်ခိုက်ခံရသော်လည်း CDF ဘက်မှ ထိခိုက်သေဆုံးမှု မရှိဘဲ ထိခိုက်ဒဏ်ရာ ရရှိမှုသာ ရှိကြောင်း သိရသည်။

ထို့ပြင် စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင်း ဂန့်ဂေါမြို့နယ်ရှိ မင်းရွာရဲစခန်းကို ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (YDF) နှင့် မင်းတပ်- CDF တို့ ပူးပေါင်း၍ ဝင်ရောက် တိုက်ခိုက်ရာ ထိုစခန်းမှ ရဲ ၅ ဦး၊ စစ်ကူလာသော ကားမှ ရဲ ၃၀ ၏ အသက်များ ကို ဂန့်ဂေါမြို့အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်ဆုံးရှုံးခဲ့ရသည့်အတွက် သွေးကြွေးတောင်းယူနိုင်ခဲ့ကြောင်း YDF က စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်ထားသည်။

“ဂန့်ဂေါ မင်းရွာရဲစခန်းက မနေ့ကပဲ ပြီးသွားပါပြီ။ ယောနယ်ကသူတွေနဲ့ ဂန့်ဂေါ PDF၊ မင်းတပ် CDF တို့ ပူးပေါင်းတိုက်ပြီး ပြန်ဆုတ်လာတယ်။ ကျနော်တို့ဘက်က ၃ ဦး ရှပ်ထိ ဒဏ်ရာရတယ်။ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ အခုကတော့ CDF ရဲ့ တိုက်ပွဲ တင်မကဘူး။ အာဏာရှင်ကို အမြစ်ဖြုတ်တဲ့အနေနဲ့ တိုက်ပွဲဝင်လို့ရတဲ့ နေရာတိုင်း ပါဝင် တိုက်ပွဲ ဝင်ပေးတာပေါ့။ မင်းတပ် CDF ကို အားကိုးတဲ့ အဖွဲ့တွေက်ရော ကူညီ လက်တွဲ ခေါ်ပေးတာပေါ့” ဟု မင်းတပ် CDF အဖွဲ့ဝင် တဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်ကလည်း ထန်တလန်မြို့တွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ ကြား တိုက်ပွဲဖြစ်ပွားရာ လက်နက်ကြီးများ မြို့ပေါ် လူနေရပ်ကွက်ထဲသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် နေအိမ်တချို့ မီး လောင် ပျက်စီးခဲ့သလို အနည်းဆုံး လူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သေးသည်။

You may also like these stories:

ဂန့်ဂေါမြို့နယ် မြင်သားကျေးရွာ တိုက်ပွဲအတွင်း ဒေသခံ ၁၇ ဦး သေဆုံး

မြောင်မြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၂ ဦး သေဆုံး

မြန်မာစစ်တပ် သေဆုံးမှုနှုန်း တိုးနေသော်လည်း

Your Thoughts …
Tags: CDFချင်းပြည်နယ်ထန်တလန်လုံလဲရ်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၆)

by အေးချမ်းဆု
26 October 2023
11.5k

စစ်တပ်လက်အောက်ခံ ပသစ အဖွဲ့များမှာလည်း လက်နက်ကိုင်တပ်ဖွဲ့များဖြစ်၍ ထည့်သွင်းတွက်ချက်ထားရန် လိုအပ်၏။

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

ရခိုင်မှတိုက်ပွဲများက အိမ်နီးချင်းနိုင်ငံများကို အငိုက်မိစေ

by Zachary Abuza
31 January 2024
9.7k

ပြည်တွင်းစစ်နှင့် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထောက်ခံသည့် အားလုံး ပါဝင်သော ဖက်ဒရယ် ဒီမိုကရေစီ နှစ်ခုလုံးအတွက် အရေးအပါဆုံးမှာ ရခိုင်ပြည်နယ်မှ တိုက်ပွဲများ ဖြစ်သည်။

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

ကာလရှည်ကြာလာသည့် ဖလမ်းနှင့်ဗန်းမော် မြို့သိမ်းတိုက်ပွဲများ အလားအလာ

by စွယ်တော်
17 March 2025
8.7k

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေကြသည့် ထို နှစ်မြို့တွင် တိုက်ပွဲကာလအတွင်း စစ်ရှိန်လျှော့ချခြင်း၊ စစ်ဗျူဟာပြောင်းခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

မြန်မာပြည်ရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများ (အပိုင်း ၄)

by အေးချမ်းဆု
19 October 2023
7.5k

ကချင်ပြည်နယ်အတွင်းရှိ PDF များကို ကချင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) များအဖြစ် ဖွဲ့စည်းပြီး KIA က ဌာနတခုအသစ်ဖွင့်၍ တိုက်ရိုက် ကိုင်တွယ်သည်။

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

၄ လကျော်ကြာ ကျင်‌ဒွေးမြို့သိမ်းတိုက်ပွဲ ဘာကြောင့် အရေးပါသလဲ

by မိုးစက်ငြိမ်းချမ်း
2 May 2024
7.5k

ဤသုံးပွင့်ဆိုင်နယ်မြေတွင် တဖွဲ့တဖွဲ့ ကျောချင်းကပ်ကာ ရင်ဆိုင်၍ရသည့် အခြေခံဒေသတခု တည်ဆောက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ကြိုးစားနေပုံရ၏။

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

၁၀၂၇ စစ်ဆင်ရေးတွင် စစ်ကောင်စီတပ် လက်နက်ချသူ ၆၅၀ ကျော်ရှိ

by ဧရာဝတီ
20 December 2023
7.4k

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီစစ်သား၊ ရဲနှင့် ပြည်သူ့စစ် ၁၅,၀၀၀ နီးပါး ဘက်ပြောင်းလာပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြောင်း အရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောသည်။

Next Post
ရဲတပ်ဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီ ဘယ်လို ထိန်းထားသလဲ (ရုပ်/သံ)

ရဲတပ်ဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီ ဘယ်လို ထိန်းထားသလဲ (ရုပ်/သံ)

လူမှုကွန်ရက်တွင် ပြန့်နှံ့နေသည့် ဓာတ်ပုံထဲမှ မောင်ဖီးဒေးလယ်နှင့် မောင်ပါစကွားလယ် / CJ

ကယားတွင် ဒေသခံ ၂၆ ဦးကို စစ်ကောင်စီတပ် ထပ်မံ ဖမ်းဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

7 days ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ၃၇ မင်းကစတဲ့ ဇာတ်လမ်း

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate