• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့လူ့အခွင့်အရေး ကပ်ဆိုးကို ချက်ခြင်း အရေးယူရန် ကုလသမဂ္ဂ တောင်းဆို

by ဧရာဝတီ
24 September 2021
in သတင်း
A A
မတ်လအတွင်း ကလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွဲရန် ရောက်လာကြသော စစ်သားများ / Khonumthung News

မတ်လအတွင်း ကလေးမြို့ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖြိုခွဲရန် ရောက်လာကြသော စစ်သားများ / Khonumthung News

41.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ အခြေအနေ မီးကုန်ယမ်းကုန် ပဋိပက္ခအဆင့်သို့ မရောက်ရေး ချက်ခြင်း အရေးယူရန် လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး မစ်ရှဲလ်ဘရှလက်က ကြာသပတေးနေ့တွင် သတိပေးလိုက်သည်။

ထိုသတိပေးချက်သည် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ထုတ်ပြန်သည့် နောက်ဆုံးအစီရင်ခံစာတွင် ပါဝင်လာခြင်းဖြစ်ပြီး စစ်ကောင်စီက မြန်မာပြည်သူအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှု အသေးစိတ်များကို ဖေါ်ပြထားပြီး အချို့ချိုးဖေါက်မှုများသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှု မြောက်နိုင်သည်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
60
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
563
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
8

စစ်ပွဲက ပိုမိုကျယ်ပြန့်လာနေသော အကျပ်အတည်း

ဖေဖေါ်ဝါရီလမှစတင်ပြီး နိုင်ငံကို မတည်မငြိမ်ဖြစ်စေသော အကြမ်းဖက်မှု မြင့်မားလာခြင်းသည် ကျယ်ပြန့်သည့် ပြည်တွင်းစစ်ဆီသို့ ဦးတည်နေကြောင်းနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပိုမိုအရေးယူဆောင်ရွက်ရန် လိုကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲက ပြောသည်။

မျိုးဆက်ပေါင်းများစွာကြာအောင် ပဋိပက္ခမဖြစ်ပွားခဲ့ဖူးသော နေရာများအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် အရပ်သား ခုခံရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပုံမှန် ဖြစ်ပေါ်နေကြောင်း ဂျနီဗာရှိ လူ့အခွင့်အရေးကောင်စီတွင် သူပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး မစ်ရှဲလ်ဘရှလက်

လူ့အခွင့်အရေးကောင်စီတွင် မြန်မာနိုင်ငံအခြေအနေကို တင်ပြရာ ဘရှလက်က လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေအား အလွန်အမင်း ချိုးဖေါက်မှု အများအပြားကို အသေးစိတ် ရှင်းလင်းတင်ပြသည်။

စီးပွားရေး ဆုံးဆုံးမြုတ်နေ

မြန်မာနိုင်ငံသည် စီးပွားရေးမှာလည်း ဆုံးဆုံးမြုတ်နေပြီး ကိုဗစ်နိုင်တင်း၏ ဆိုးရွားသော ရိုက်ခတ်မှုကို ရင်ဆိုင်နေရကာ လူ့အခွင့်အရေးကပ်ဆိုးသည် လျှော့ကျလာသည့် လက္ခဏာ မရှိကြောင်း သူပြောသည်။

ဆင်းရဲနွမ်းပါးမှု၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် စီးပွားရေး အကျပ်အတည်းကြားတွင် သန်းပေါင်းများစွာသော ပြည်သူများသည် စားနပ်ရိက္ခာ မဖူလုံမှုကိုလည်း ရင်ဆိုင်နေရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ မကြာသေးမီက အစီရင်ခံစာက ဆိုသည်။

လူ့အခွင့်အရေးချိုးဖေါက်မှုများ

စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းတွင် လူ့အခွင့်အရေးအများအပြားကို ချိုးဖေါက်နေကြောင်း မှတ်တမ်းတင်ထားပြီး “လူသတ်လက်နက်များ အသုံးပြုခြင်းနှင့် လူအများအပြား ဖမ်းဆီးမှုများ”ကို ကျူးလွန်ကြောင်း ထိုအစီရင်ခံစာက မီးမောင်းထိုးပြသည်။

လူပုဂ္ဂိုလ်များ၏ အသက်၊ လွတ်လပ်မှု၊ လုံခြုံမှုများ၊ ညှင်းပမ်းနှိပ်စက်မှုကို တားမြစ်ခြင်း၊ တရားမျှတစွာ အမှုရင်ဆိုင်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်များကို ချိုးဖေါက်နေကြောင်း အသေးစိတ် ဖေါ်ပြသည်။

ဖေဖေါ်ဝါရီလမှ ဇူလိုင်လလယ်အထိ အခြေအနေကို ဖေါ်ပြသော ထိုအစီရင်ခံစာသည် လူ့အခွင့်ချိုးဖေါက်မှု ကျူးလွန်ခံရသူပေါင်း ၇၀ နှင့် မျက်မြင်သက်သေများနှင့်တွေ့ဆုံမေးမြန်းမှုများကိုသာမက အဝေးမှစောင့်ကြည့်ခြင်း၊ ယုံကြည်ရသော သတင်းရင်းမြစ်များနှင့် ပါဝင်ပတ်သက်သူများကိုပါ အခြေခံသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူပေါင်း ၁၁၂၀ ဦးကျော်ကို စစ်ကောင်စီက သတ်ခဲ့သည်။ စစ်ကောင်စီသည် လူပေါင်း ၈၀၀၀ ကျော်ကိုလည်း ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးထားသူများအနက် အနည်းဆုံး ၁၂၀ သည် အချုပ်အနှောင်အတွင်း သေဆုံးသည်။

စစ်ရေးလှုပ်ရှားမှု ပြင်းထန်

ထိုလူ့အခွင့်အရေးချိုးဖေါက်မှုများကို စစ်ကောင်စီက ရပ်တန့်ရန် အားထုတ်သည့် မည်သည့်လက္ခဏာမျှ မတွေ့ရသလို ယခင်ကအကြံပြုထားသည့် ပြစ်ဒဏ်ကင်းလွတ်နေခြင်းနှင့် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို အကောင်အထည်ဖေါ်ခြင်းလည်း မရှိကြောင်း ဘရှလက်ပြောကြားပြီး ပြင်းထန်သောအရေးယူမှု ချက်ခြင်းလိုအပ်ကြောင်း မီးမောင်းထိုးပြသည်။

အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အကြားတိုက်ပွဲများလည်း ပိုမိုဖြစ်ပွားလာပြီး အထူးသဖြင့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်များတွင် စစ်ကောင်စီက သိမ်းကြုံးပြီး လေကြောင်းမှတိုက်ခိုက်ခြင်း၊ အမြောက်ဖြင့်ပစ်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းကြောင်း လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးရသည့်ဖြစ်ရပ်များ ကိုလည်း ထိုအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

“နိုင်ငံအတွက် အကျိုးဆက်ကတော့ ဆိုးရွားပြီး ကြေကွဲစရာကောင်းပြီး ဒေသတွင်း အကျိုးဆက်ကလည်း လေးနက်ပြင်းထန်မယ်” ဟုလည်း ဘရှလက် ပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးအတွက် အားထုတ်မှုများကို နှစ်ဆတိုးရန် နိုင်ငံတကာအသိုက်အဝန်းကို သူတောင်းဆိုပြီး ပြည်တွင်းစစ်ထပ်မံ မြင့်မားမလာအောင်တားဆီးရန် အရေးကြီးကြောင်း သူပြောသည်။

ကိုးကား။ ။ United Nations

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်ကို လျှို့ဝှက်ချုပ်ထားခြင်းက လူ့အခွင့်အရေးချိုးဖေါက်မှုဖြစ်

မြိုင်တွင် အသက်မပြည့်သေးသူ အပါအဝင် ၃ ဦးကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်

လူမှုကွန်ရက်တွင်ပြန့်နေသည့် ဓာတ်ပုံထဲက ကလေး ၂ ဦးမှာ ဒီးမော့ဆိုကဖြစ်

စစ်ကောင်စီက ကလေးငယ်များ အပါအဝင် ပြည်သူ ၁၀၀ ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား

ပဲခူး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို သရုပ်ခွဲလေ့လာခြင်း

Your Thoughts …
Tags: ကပ်ဆိုးကုလသမဂ္ဂ တောင်းဆိုချက်ခြင်း အရေးယူမဟာမင်းကြီး မစ်ရှဲလ်ဘရှလက်မြန်မာ့လူ့အခွင့်အရေးအာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ဇွန်လ ၈ ရက် ချုံချင့်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား

by Bertil Lintner
12 June 2021
34.3k

မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.1k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်

by ဧရာဝတီ
30 May 2024
1.5k

အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချရန် ကုန်သွယ်ဖက် နှစ်နိုင်ငံခြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BAT) ကို ပြန်ကျင့်သုံးမည်။

ဆန္ဒပြ စာတန်းတခု ဘေးတွင် အကာအကွယ် ယူနေသည့် အိန်ဂျယ် / Facebook

ကြယ်စင်ကြွေသွားသည့်တိုင်

by ဧရာဝတီ
4 March 2021
182.7k

သူ အသက်ကို စွန့်စားနေခြင်းဖြစ်ကြောင်း အိန်ဂျယ် သိခဲ့ပါသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ခဲ့

by ဧရာဝတီ
3 September 2024
640

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အမျိုးသမီး ၁၁၃၂ ဦးကို သတ်ဖြတ်ပြီး ၅၆၄၉ ဦးကို ဖမ်းဆီးထားကြောင်း AAPP အစီရင်ခံစာသစ်အရ သိရသည်။

Next Post
ကသည်းသူပုန်အဖွဲ့ တဖွဲ့ဖြစ်သည့် Kanglei Yawol Kanna Lup – KYKL ကို ၂၀၁၈ခုနှစ်က တွေ့ရစဉ် / e-pao

စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား

NUG လက်အောက်ခံ PDF အဖွဲ့ စစ်သင်တန်းဆင်းပွဲ

ဘယ်နိုင်ငံကမှ လက်နက်ကိုင် ရုန်းကန်မှုကို ထောက်ပံ့မှာ မဟုတ်ဘူး

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate