• English
Sunday, July 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NUG ရံပုံငွေနည်းလမ်း နှစ်ခု နိုင်ငံတကာရောက် မြန်မာများနှင့်ဆွေးနွေး

by ဧရာဝတီ
29 September 2021
in သတင်း
A A
ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ငွေတိုက်စာချုပ် နမူနာပုံစံများ  / မြန်မာနိုင်ငံတော် ဗဟိုဘဏ်

ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ငွေတိုက်စာချုပ် နမူနာပုံစံများ / မြန်မာနိုင်ငံတော် ဗဟိုဘဏ်

49.1k
VIEWS
Share on FacebookShare on Twitter

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရံပုံငွေရှာဖွေရေးအတွက် ငွေတိုက်စာချုပ်များထုတ်ရောင်းခြင်းနှင့် လစာဝင်ငွေ၏ တရက်တာလုပ်အားခ ထည့်ဝင်ခြင်းစသည် အစီအစဉ်များအကောင်အထည်ဖော်ရန် NUG တာဝန်ရှိသူများနှင့် ဆွေးနွေး ဖြစ်ခဲ့ကြောင်း ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတဦးကပြောသည်။

၎င်းအစီအစဉ်များနှင့်ပတ်သက်ပြီး ယမန့်နေ့ညပိုင်းက အွန်လိုင်းကတဆင့်ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ထည့်သွင်း ဆွေးနွေးခဲ့ ကြခြင်းဖြစ်ပြီး NUG ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့သည့်အပြင် နိုင်ငံတကာမြန်မာအဖွဲ့အစည်းများမှ လူ ၅၀၀ နီးပါး ပါဝင်ခဲ့ကြကြောင်း သိရသည်။

RelatedPosts

ချင်းမိုင်မြို့ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်

ချင်းမိုင်မြို့ကို ၂၀၂၅ ရဲ့ အာရှတိုက် အကောင်းဆုံးမြို့အဖြစ် သတ်မှတ်

20 July 2025
29
မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

မောင်းသူမဲ့ Waymo Robotaxi တွေ မိုင်ပေါင်း သန်း ၁၀၀ ကျော် ခရီးဆန့်ပြီးပြီ ဆိုပဲ

20 July 2025
146
ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
95

“ဆွေးနွေးပွဲမှာ ငွေတိုက်စာချုပ်ထုတ်မယ်ပြောတယ်၊ အဖြေတော့သိပ်မထွက်သေးဘူး၊ သိပ်မကြာခင်မှာ ကြေညာမယ်ထင် ပါတယ်၊ အသေးစိတ် အချက်အလက်တွေကတော့ သေချာမသိရသေးဘူး၊ အဓိကတော့ သူဌေးတွေဆီက ပိုက်ဆံချေးတာ ပေါ့။ ပိုက်ဆံရှိတဲ့သူတွေ၊ ကိုယ့်နိုင်ငံအတွက် ပံ့ပိုးမယ်ဆိုတဲ့သူတွေကို ရည်ရွယ်တာပေါ့” ဟု ကိုရီးယားနိုင်ငံ မြန်မာတဦးက ပြောသည်။

ငွေတိုက်စာချုပ်ရောင်းချခြင်းမှာ အစိုးရတရပ်အနေဖြင့် ငွေလိုအပ်သည့်အခါ ပြည်သူများထံမှ အတိုးပေးကာ ငွေချေးသည့် ပုံမှန်လုပ်ငန်းစဉ်တခုဖြစ်ပြီး နှစ်စဉ်သတ်မှတ်အတိုးနှုန်းနှင့် စာချုပ်သက်တမ်းနှစ်အကန့်အသတ်ထားလေ့ရှိသည်။ ငွေတိုက် စာချုပ်ဝယ်ယူသူအနေဖြင့် သတ်မှတ်အတိုးနှုန်းကို ရရှိမည်ဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ပါက အစိုးရထံမှ ငွေပြန်ထုတ်ယူ နိုင်မည်ဖြစ်သည်။

သို့သော် NUG ကထုတ်ရောင်းမည်ဆိုသည့် ငွေတိုက်စာချုပ်များ၏ ပမာဏ၊ အတိုးနှုန်းနှင့် နှစ်အကန့်အသတ်စသည့် အ သေးစိတ် အချက်အလက်များအား သိရှိရခြင်းမရှိသေးပေ။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ရွေးကောက်ခံအရပ်သားအစိုးရအား ဖြုတ်ချကာ အာ ဏာသိမ်းပြီးနောက် ကျပ်သန်းပေါင်း ၇ သိန်းတန်ဖိုးရှိ ငွေတိုက်စာချုပ်များထုတ်ရောင်းခဲ့သော်လည်း ဝယ်ယူသည့် ရာခိုင်နှုန်း နည်းပါးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီအနေဖြင့် ဖေဖော်ဝါရီလအတွင်း ငွေတိုက်စာချုပ်တန်ဖိုး ကျပ်သန်းပေါင်း ၂ သိန်းထုတ်‌ရောင်းခဲ့ရာတွင် ကျပ် သန်း ၁၇၀၀ ခန့်သာရောင်းချခဲ့ရပြီး ဇွန်လအတွင်း ထပ်မံ၍ ငွေတိုက်စာချုပ်တန်ဖိုး ကျပ်သန်းပေါင်း ၅ သိန်းရောင်းချခဲ့ရာ တွင် မည်မျှရောင်းချခဲ့သည်ကိုမူ ငွေတိုက်ဦးစီးဌာနက တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိခဲ့ပေ။

အာဏာသိမ်းစစ်ကောင်စီက ထုတ်ရောင်းသည့် ငွေတိုက်စာချုပ်များနှင့် ပတ်သက်ပြီး ယင်းငွေတိုက်စာချုပ်များမှာ တရားမ ဝင်ကြောင်းနှင့် ဆုံးရှုံးမှုများသည် ဝယ်ယူသူများ၏ တာဝန်သာဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ကလည်း ကန့်ကွက်ထုတ်ပြန်ခဲ့သည်။

NUG ရံပုံငွေရှာဖွေရေး အခြားနည်းလမ်းတခုအနေဖြင့် လစာဝင်ငွေထဲမှ တရက်တာ လုပ်အားခဝင်ငွေအား ထည့်ဝင်ခြင်း အစီအစဉ်အား နိုင်ငံတကာရောက် မြန်မာအဖွဲ့အစည်းများက အကောင်အထည်ဆောင်ရွက်ကြရန်လည်း သဘောတူညီမှု များ ရရှိခဲ့ကြကြောင်းသိရသည်။

ယင်းအစီအစဉ်အား ကိုရီးယားနိုင်ငံရောက် မြန်မာအဖွဲ့အစည်းများက “ One Day Challenge(ငါ့နိုင်ငံအတွက် ငါ့တရက်)” အမည်ဖြင့် ပြီးခဲ့သည့် ဇူလိုင်လကတည်းက စတင်အကောင်အ ထည်ဖော် ဆောင်ရွက်လျှက်ရှိပြီး NUG ထံသို့ လစဉ် ထောက်ပံ့နိုင်ခဲ့သည့်အပြင် လက်ရှိတွင် အဖွဲ့ဝင်တထောင်ကျော် ရှိလာ ပြီးဖြစ်ကြောင်း အစီအစဉ်အား ဆောင်ရွက်နေသူ တဦးကပြောသည်။

“အဖွဲ့ဝင်က ထောင်ကျော်နေပြီ၊ အနည်းဆုံးတော့ ခြောက်လပါဝင်ဖို့ ပြောထားတာတော့ရှိတယ်၊ တနှစ်သက်တမ်းအနေနဲ့ ပါဝင်လို့လည်းရတယ်။ ဒီအစီအစဉ်က အဆင်ပြေတော့ တခြားနိုင်ငံတွေမှာလုပ်ဖို့ပေါ့။ နိုင်ငံအလိုက်တော့ တရက်တာဝင် ငွေက ကွာသွားမှာပေါ့” ၎င်းကပြောသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယာအဖွဲ့၏ စက်တင်ဘာ ၂၉ ရက်နေ့ စာရင်းများအရ “One Day Challenge” အစီအစဉ်တွင် အဖွဲ့ဝင် ၁၁၉၁ ဦးရှိပြီး နွေဦးတော်လှန်ရေးအတွက် လစဉ် ကိုရီးယားဝမ်ငွေ ၁၁၁၈.၉ သိန်း (အမေရိကန်ဒေါ်လာ ၉၄၀၀၀ ကျော်)အား လစဉ်ထောက်ပံ့နိုင်နေပြီဖြစ်ကြောင်းနှင့် အဖွဲ့ဝင်များ ပိုမိုများပြားလာရေး ဆက်လက် စည်းရုံးနေကြောင်းသိရသည်။

ယမန်နေ့ညပိုင်းက တွေ့ဆုံပွဲတွင် NUG တာဝန်ရှိသူများက အခွန်ကောက်ခံမည့်အစီအစဉ်နှင့် အမေရိကန်အစိုးရ ထိန်းချုပ် ထားသည့် ဒေါ်လာ ၁ ဘီလီယံအား ပြည်သူများရရှိရေး ဆောင်ရွက်နေသည့်အခြေအနေများလည်း ရှင်းပြခဲ့ကြောင်း သိရပြီး NUG ထံအခွန်ပေးဆောင်ရန် ပြည်တွင်း/ပြည်ပကုမ္ပဏီအချို့စောင့်ဆိုင်းနေကြောင်းနှင့် NUG ကရောင်းချမည့် ငွေတိုက်စာ ချုပ်အား ဒေါ်လာ သန်း ၅၀ ဖိုးဝယ်ယူရန် ပြောဆိုသူများရှိထားကြောင်း NUG နှင့်ဆက်သွယ်ဆောင်ရွက်နေသည့် မြန်မာနိုင် ငံသားအချို့က သတင်းဖော်ပြကြသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

NUG အစိုးရအနေဖြင့် ရံပုံငွေရှာဖွေရေးအတွက် “အောင်လံလွှင့်ချီ နွေဦးထီ” ရောင်းချခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန အတွက် Raffle Ticket များရောင်းချခဲ့ရာတွင် စစ်ကောင်စီက ပိတ်ဆို့တားဆီးခြင်းနှင့် ပတ်သက်သူများအား ဖမ်းဆီးခြင်း များပြုလုပ်ခဲ့သော်လည်း ပြည်သူများက ပါဝင်ခဲ့ကြသည်။

နှစ်ပတ်ကြာရောင်းချခဲ့သည့် Raffle Ticket များမှ သတ်မှတ်ပမာဏဖြစ်သည့် ဒေါ်လာ ၅ သန်းထက်ကျော်လွန်ကာ ရရှိခဲ့ ကြောင်းသိရပြီး CDM ဝန်ထမ်းများအား ထောက်ပံ့နိုင်ရန် ဆောင်ရွက်သည့် နွေဦးထီ အစီအစဉ်ရရှိငွေများထဲမှ ဆုငွေပြန် လည်ချီးမြှင့်အစီအစဉ်ကိုလည်း အောက်တိုဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း တာဝန်ရှိသူများကကြေညာထား သည်။

You may also like these stories:

AA ထံ အမှုများ မတိုင်ကြားဖို့ မွတ်ဆလင်ရွာ လူကြီးများအား စစ်တပ်က ခေါ်ယူ သတိပေး

အပစ်ရပ်ရေး စစ်ကောင်စီ လိုက်နာမည် မထင်ဟု တိုင်းရင်းသား လက်နက်ကိုင်များ ပြော

လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ဒလန် ရှင်းလင်းရေး လုပ်မည်ဟု KNDF သတိပေး

Your Thoughts …
Tags: NUGငွေတိုက်စာချုပ်တရက်တာလုပ်အားခ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
111k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဒေသတွင်း လှုပ်ရှားနေသည့် ကရင်နီကာကွယ်ရေး တပ်ဖွဲ့များ / လွိုင်ကော် PDF

အင်အားဖြည့်တင်းလာသည့် စစ်ကြောင်းနှင့် ကရင်နီတော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

ရိက္ခာပြန်ယူသည့် စစ်ဘေးရှောင် ၃ ဦး မိုင်းနင်းမိပြီး ၁ ဦး ဒဏ်ရာ အပြင်းအထန်ရ / ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်

ရိက္ခာပြန်ယူသည့် ဒီးမော့ဆိုမှ စစ်ဘေးရှောင် ၃ ဦး မိုင်းနင်းမိ

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

3 days ago
4.9k
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

5 days ago
4.8k

Most Read

  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0
  • MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate