• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငွေကြေးဂယက်ကြောင့် ပြည်ပမှ တင်သွင်းရောင်းချသည့် ဆိုင်တချို့ ရပ်နားထားရ

by ဧရာဝတီ
1 October 2021
in သတင်း
A A
ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အရောင်းအဝယ် တချို့ ရပ်နားထားရ

ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် အရောင်းအဝယ် တချို့ ရပ်နားထားရ

13.2k
VIEWS
Share on FacebookShare on Twitter

ပြည်တွင်း၌ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနေသဖြင့် မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်နှင့် ပြည်တွင်းရှိ ဆိုင်တချို့ ယာယီ အရောင်းပိတ်ထားသည်မှာ ၃ ရက်ခန့် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ထိုသို့ အရောင်းပိတ်ထားသည့် ဆိုင်များအနက် နယ်စပ်မှ ထိုင်း ဘတ်ငွေနှင့် တရုတ် ယွမ်ငွေကြေးတို့ဖြင့် ဝယ်ယူတင်သွင်း ရသော အိမ်ဆောက်ပစ္စည်းများ၊ လျှပ်စစ်နှင့် အီလက်ထရောနစ် ပစ္စည်းများ၊ ဆေးဝါးနှင့် ကျန်းမာရေးအထောက်အကူပြု ဆက်စပ်ပစ္စည်းများ၊ စာရေးကိရိယာများ စသည့် ဆိုင်များ အများစု ပါဝင်ကြောင်း သိရသည်။

RelatedPosts

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်း ဂင်းနစ်စံချိန်ဝင်မှာလား (ရုပ်/သံ)

19 June 2025
75
သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

သယံဇာတ တူးဖော်ရင်း ပေါ်လာတဲ့ ရုပ်အလောင်းတွေ (ရုပ်/သံ)

19 June 2025
114
ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

ကန်ဒေါင့်ရဲစခန်းကို PLA အပြီးသတ်သိမ်းပိုက် (ရုပ်/သံ)

19 June 2025
85

မြဝတီနယ်စပ်မှ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် တဦးက “ကိုယ်က ဒီနေ့ ဒီဈေးနဲ့ဝယ်ရင် နောက်နေ့ ဒီဈေးမှ ပြန်မ ရတော့ ခဏတဖြုတ် စောင့်ကြည့်ကြတဲ့ အပိုင်းတော့ ဖြစ်တာပေ့ါ။ ဟိုတနေ့ကဆိုရင် ၁ ဘတ်ကို ၄၁ ပြားအထိ ကျတယ်။ အခုတော့ ၁ ဘတ် ပြား ၆၀ အထိ ပြန်တက်လာတယ်။ ဖောက်သည်တွေနဲ့ လုပ်ရကိုင်ရတာ ဆိုတော့ ချက်ချင်းကြီး တက် လို့လည်းမရတော့ ဖြည်းဖြည်းချင်း တည်ငြိမ်သွားတဲ့ အနေအထားတခုကို ပြန်ကြည့်ရတာပေါ့” ဟု ဧရာဝတီကို ပြောသည်။

စစ်တပ်က အာဏာမသိမ်းခင်က မြန်မာ ကျပ် တသိန်းလျင် ထိုင်းဘတ် ၂၄၀၀ ဝန်းကျင်ထိရှိခဲ့ရာမှ လက်ရှိတွင် မြန်မာကျပ် တသိန်းလျှင် ထိုင်းဘတ် ၁၇၀၀ ဝန်းကျင်ထိကျဆင်းသွားပြီး ထိုင်း-မြန်မာ နယ်စပ်နေရာအချို့တွင် မြန်မာကျပ်ငွေဖြင့် ပစ္စည်းဝယ်ယူမှုအပေါ် ငြင်းဆန်မှုများပါရှိလာသည်။

အလားတူ စစ်တပ်က အာဏာမသိမ်းခင် NLD အစိုးရလက်ထက်တွင် တဒေါ်လာလျှင် ကျပ် ၁၃၃၀ ဝန်းကျင်သာ ရှိခဲ့ရာမှ အာဏာသိမ်း စစ်ကောင်စီလက်ထက်တွင် တဒေါ်လာလျှင် ကျပ် ၂၇၀၀ ကျော်အထိ သမိုင်းတလျှောက် အမြင့်ဆုံး စံချိန်တင် ထိုးတက်သွားခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဒေါ်လာဈေးနှုန်းမှာ မနက်ဈေးအဖွင့်နှင့် ညနေပိုင်း အပိတ်ဈေးမှာပင် ကွာဟချက် ကြီးမားခဲ့သဖြင့် မိမိတို့ ရောင်းချနေသည့် ကုန်ပစ္စည်းများကို တင်သွင်းရာတွင်လည်းကောင်း၊ ပြည်တွင်းသို့ ပြန်လည်ရောင်းချရာတွင် လည်းကောင်း အရှုံးပေါ်နိုင်သည့် အခြေအနေများကြောင့် ငွေလဲနှုန်း အနည်းငယ် တည်ငြိမ်သည်အထိ တချို့ လုပ်ငန်းလုပ် ကိုင်သူများက ခေတ္တရပ်နားကာ စောင့်ကြည့်ရခြင်း ဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

၎င်းက “အရင်က ကျန်းမာရေးသုံး ပစ္စည်းတွေ တင်သွင်းတဲ့သူက ကားအစီး ၂၀ လောက် တင်သွင်းနိုင်ရင် အခုက ကား ၅ စီးလောက်ပဲ တင်သွင်းနိုင်တဲ့ အခြေအနေမျိုး ဖြစ်သွားတယ်ပေါ့။ ဥပမာ စားကုန်သောက်ကုန်ဆိုလည်း အရင်က ၁ လကို ကားအစီးရေ ၃၀ လောက် တင်သွင်းနိုင်တဲ့သူက အခု ၅ စီးလောက်ပဲ တင်သွင်းနိုင်တာတို့။ သုံးပုံပုံရင် နှစ်ပုံလောက်တော့ လျော့နည်းသွားတာပေါ့” ဟု ဆိုသည်။

တချို့ဆိုင်များက ရပ်နားကြောင်းကို ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ကြေညာထားသော်လည်း မည်သည့် နေ့ရက်ထိ ပိတ်သိမ်းထားမည်ဟူ၍ ဖော်ပြထားခြင်း မရှိပေ။

လက်ရှိတွင် ကျပ်ငွေကြေးပေါ် ယုံကြည်မှု နည်းပါးလာခြင်းကြောင့် ငွေကြေးမတည်ငြိမ်မှု ဖြစ်လာပြီး လုပ်ငန်းအပေါ် ယခင် ကဲ့သို့ တွက်ချက် လုပ်ဆောင်ရန် ခန့်မှန်းရခက်သည့် ဈေးကွက်ဖြစ်ကာ လုပ်ငန်းများ လည်ပတ်ရန် ခက်ခဲလာသည့် အခြေ အနေနှင့် လုပ်ငန်းရှင်များ ရင်ဆိုင်နေရသည်။

တာချီလိတ် နယ်စပ်မှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဒေါ်နန်းစင်က “ကျမတို့ မိတ်ဆွေတွေ ဘာတွေဆိုရင် ငွေဈေးကြောင့် အခု မဝယ်နိုင်တော့ဘူး။ ရောင်းလို့ကလည်း မကောင်းဘူး။ ဒီမှာ ဘတ်ငွေပဲ အသုံးများတယ်။ အတက်အကျက အရမ်း ကြမ်းနေတော့ ငွေဈေးကို မခန့်မှန်းနိုင်ဘူး။ အဲဒီတော့ အိမ်ဆောက်ပစ္စည်းတွေ ဘာတွေ တင်သွင်းရတယ်ဆိုရင် နည်းနည်း ပါးပါးပဲပေါ့။ အရမ်းကြီးမလုပ်ရဲဘူး” ဟု ပြောသည်။

လက်ရှိ ဖြစ်ပေါ်နေသော ငွေလဲဈေးနှုန်းကြောင့် ပြည်ပမှ တင်သွင်းရောင်းချနေသည့် လုပ်ငန်းကြီးများသာမက အွန်လိုင်း တွင် တပိုင်တနိုင် ရောင်းချနေသူများအထိပါ ထိခိုက်မှုများ ရှိနေကြောင်း၊ ငွေဈေးကို အခြေပြု၍ အခြေခံစားသောက် ကုန် ဈေးနှုန်းများမှာလည်း တရက်ထက်တရက် မြင့်တက်လာနေကြောင်း ဝယ်ယူရောင်းချသူများထံမှ သိရသည်။

မူဆယ်နယ်စပ် လုပ်ငန်းရှင် ဦးမင်းသိန်းက “အခုဆိုရင် တရုတ်ပစ္စည်းရောင်းတဲ့ ကြွေပြားတို့၊ သံပြားတို့ အလူမီနီယံ တို့ ရောင်းတဲ့ဆိုင်တွေက လုံးဝ ပိတ်လိုက်ရတယ်။ ဘာလို့လဲဆို တရုတ်ငွေဈေး တက်တော့ တင်သွင်းတဲ့ နေရာမှာ မကိုက်တော့ ခေတ္တပိတ်လိုက်ရတာ။ ဆိုင်တိုင်းတော့ မဆိုလိုဘူးနော်။ ဆိုင်အနည်းငယ်တော့ ရပ်ထားတာ တွေ့ရတယ်” ဟု ပြောသည်။

တရုတ်ပြည်မှ တင်သွင်းသည့် ပစ္စည်းများ ဈေး အဆမတန် တက်သွားသဖြင့် ခေတ္တရပ်နားထားခြင်း ဖြစ်ပြီး တချို့ မြန်မာကျပ်ငွေ မကိုင်ချင်သည့် သူများကလည်း တရုတ်ငွေများ လိုက်လံဝယ်ယူခြင်းများ ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

ထိုကဲ့သို့ ပြည်ပမှ တင်သွင်းသည့် ဆိုင်အများစု ပိတ်သိမ်းခြင်းကြောင့် ၎င်းတို့အပေါ် မှီခိုလုပ်ကိုင်နေရသော ဆောက် လုပ်ရေး လုပ်ငန်းများ အခက်အခဲဖြစ်ခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းများ ကြုံရသလို ထိုင်းနှင့် တရုတ်နယ်စပ်မှ တင်သွင်းသည့် အခြေခံ စားသောက်ကုန်များဖြစ်သော ကော်ဖီမစ်၊ ဆပ်ပြာမှုန့်၊ အချိုရည် စသည့် ကုန်ခြောက်ပစ္စည်းများမှာလည်း ရက်ပိုင်း အတွင်း ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။

တရုတ်ယွမ်ပေါက်ဈေးမှာလည်း စစ်တပ်က အာဏာမသိမ်းခင် ဇန်နဝါရီ ၃၁ ရက်နေ့က ကျပ်တသိန်းလျှင် ၅၂၆ ယွမ် ပေါက်ဈေးရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တသိန်းလျှင် ၃၁၂ ယွမ်ထိ မြန်မာငွေဈေးနှုန်း ထိုးကျသွားပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ရိုက်ခတ်မှုရှိနေသည်။

Your Thoughts …
Tags: ကုန်ဈေးနှုန်းကျပ်ငွေတန်ဖိုးတရုတ်ပစ္စည်းနယ်စပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ

by ဧရာဝတီ
14 September 2023
48.7k

စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

ဘုရားလည်းပြီး ပြည်ကြီးပျက်လတ္တံ့

by ဇေယျ (အညာ)
10 August 2023
15.8k

ယခုလည်း မြန်မာစစ်ခေါင်းဆောင်က အကြီးဆုံးဘုရားဆိုသည်ကို ငွေကြေးသန်းပေါင်းများစွာ အကုန်အကျခံ၍ တည်ပြီးချိန်တွင် မြန်မာငွေက နောက်တဆင့်တိုး၍ ဖောင်းပွနေ၏။

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

စစ်ကောင်စီ ဆန်‌စျေးသတ်မှတ်၊ စျေးပိုရောင်းသူ အရေးယူမည်ဟုဆို

by ဧရာဝတီ
28 August 2023
12.1k

ပြည်တွင်း ဆန်ဈေးကို စစ်ကောင်စီ သတ်မှတ်ထားသည့် ဈေးနှင့်သာ ရောင်းချရမည် ဖြစ်ကြောင်း၊ ယင်းသတ်မှတ် ဈေးထက် ပို၍ ရောင်းချပါက အရေးယူသွားမည်

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

အကျပ်အတည်းများကြားက ဗလောင်းဗလဲ စစ်ကောင်စီ

by ဝေမင်းထွန်း
26 August 2023
11.2k

မြန်မာစစ်တပ်တွင် မူမရှိချေ။ ၎င်းတို့တွင် အကျိုးစီးပွားသာရှိကြ၏။ ၎င်းတို့ အာဏာခိုင်မြဲရေးကိုသာ ရှေးရှုကြ၏။

Next Post
၂၀၁၉ ဇွန်လအတွင်းက တကိုယ်တော် ပန်းချီပြပွဲတွင် တွေ့ရသည့် ကျားပေါက်  / ဧရာဝတီ 

ကိုယ် ယုံကြည်ပြီး တည်ဆောက်ခဲ့သမျှ အားလုံး ပျက်စီးသွားတာပဲ

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုသည် ကပ်ဆိုးများ၏ ပြဿနာသေတ္တာကို ဖွင့်လိုက်ခြင်းဆိုသည့် အချက်ဖြစ်သည်

ကပ်ဘေးဒုက္ခဆီသို့ မြန်မာ့စစ်တပ် ခင်းသောလမ်း

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.3k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate