• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်နယ်စပ်တွင် ၆ လကြာ ပိတ်မိနေသော မြန်မာပိုင်ကုန်ပစ္စည်းများ သယ်ယူခွင့်ပြုမည်

by ဧရာဝတီ
5 October 2021
in သတင်း
A A
မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်တခု  / ဧရာဝတီ

မူဆယ်မြို့ရှိ တရုတ်- မြန်မာ နယ်စပ်ဂိတ်တခု / ဧရာဝတီ

11k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ ကျယ်ဂေါင်ဘက်ခြမ်းရှိ ဂိုဒေါင်များတွင် ပြီးခဲ့သည့် ဧပြီလကတည်းက ပိတ်မိနေသည့် မြန်မာနိုင်ငံသားပိုင် သွင်းကုန်ပစ္စည်းများကို ယခုလအတွင်း သယ်ယူခွင့်ပြုသွားမည် ဖြစ်ကြောင်း ကုန်သည်များထံက သိရသည်။

ကုန်တွဲကား အစီး ၇၀၀ စာရှိသော ပိတ်မိနေသော ကုန်ပစ္စည်းများကို မကြာခင် တင်သွင်းခွင့်ပြုပေးမည် ဖြစ်သဖြင့် သက် ဆိုင်ရာ လုပ်ငန်းရှင်များ၊ ကုန်ဂိတ်များနှင့် ကားဆရာများအနေနှင့် အောက်ခြေအဆင့်နှင့် ကြိုတင်ညှိနှိုင်း ဆောင်ရွက်ထား နိုင်ရန် မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များ အသင်းက ထုတ်ပြန်ထားသည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
94
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
96

မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးမင်းသိန်းက “အခုနှစ် ဧပြီလ ၁ ရက်မှာ ကျယ်ဂေါင်နဲ့ မန့်ဝိန်းပေါက်ကို ပိတ် လိုက်တယ်။ ကျယ်ဂေါင်ထဲမှာ မြန်မာနိုင်ငံသားတွေ ပိုင်ဆိုင်တဲ့ ကုန်ပစ္စည်းတွေက တွဲကားအစီး ၇၀၀ လောက်က အခု ထက်ထိ ထုတ်မရဘူး။ အခု ၆ လလောက်တောင် ရှိသွားပြီဆိုတော့ ဒီပစ္စည်းတွေ ထုတ်ပေးပါ့မယ်ပေါ့။ ဒါပေမယ့် မြန်မာ ပြည်ကနေ ကုန်မပါတဲ့ ခါလီကားတွေ လာရမယ်။ ကျယ်ဂေါင် ဂိုဒေါင်အသီးသီးမှာ ချထားတဲ့ ကုန်ပစ္စည်း တွေကို တင်မယ်။ ပြီးရင် မူဆယ်ထဲကို ပြန်ထွက်မယ်ပေါ့။ ဒါတွေပြီးရင်တော့ အဝင်ရော၊ အထွက်ရော မရဘူး” ဟု ဧရာ ဝတီသို့ ပြောသည်။

လက်ရှိတွင် ကျယ်ဂေါင်တွင် ပိတ်မိနေသည့် တွဲကားအစီး ၇၀၀ စာကုန်ပစ္စည်းများ အတွက်သာ တရုတ်ဘက်က မြန်မာ ဘက်သို့ တင်သွင်းခွင့်ပေးမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ် ဂိတ်ပေါက်များကို ယခင်အတိုင်း ဆက်လက် ပိတ်ထားမည့် အခြေ အနေသာ ရှိနေသေးကြောင်း ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “အခုပိတ်နေတဲ့ကုန်တွေကို ဖွင့်ပေးမယ်ဆိုပေမယ့် ဘယ်နေ့ ဖွင့်ပေးမယ်ဆိုတာ မသိရသေးဘူး။ ဆွေးနွေးတာတော့ ပြီးပြီ။ ၄၊ ၅၊ ၆ ရက်‌ကနေ တပတ်လောက်အထိ ကြာရင် ဖွင့်ပေးမလားပေါ့။ ဒါပြီးတော့ နှစ်ဖက်စလုံးကို မန့်ဝိန်းဂိတ်က ပြန်ပိတ်မှာ ဖြစ်တယ်” ဟု ပြောသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခြေအနေမှာ ပြန်ဖွင့်ရန် မသေချာသေးသော်လည်း နှစ်နိုင်ငံနယ်စပ်တွင် ကိုဗစ်-၁၉ ကုသရေး စင်တာ တည်ဆောက်ပြီးစီးသွားပြီဖြစ်သောကြောင့် ကုန်သည်များအနေဖြင့် ကျင်စန်းကျော့ နယ်စပ်ဂိတ် ပေါက်ကို ကုန်သွယ်မှု ပြန်လည်ဖွင့်လှစ်ပေးရန် မျှော်လင့်နေကြသည်။

လတ်တလောတွင် မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းက ကျယ်ဂေါင်ရှိ ကုန်ပစ္စည်းများ သယ်ယူ ရန်အတွက် မြန်မာဘက်မှ ကုန်တင်ကားအလွတ်များကို ပြင်ဆင်ထားကြရန်နှင့် မူဆယ်ဘက်မှ ကျယ်ဂေါင်ဘက်သို့ တုံကင်စနစ်နှင့် ဝင်ရောက်ခွင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်ကြောင့် မူဆယ်- ကျယ်ဂေါင် ကုန်သွယ်ရေးဇုန်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး လက်ရှိတွင် တရုတ်က မြန်မာဘက်သို့ ကိုဗစ်နှင့် ဆက်စပ်သည့် ကျန်းမာရေးသုံးပစ္စည်းများကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် သွင်းခွင့် ပြုထားကာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဘက်တွင် ကျန်မားရေးသုံး ပစ္စည်းများသာမက တရုတ်နိုင်ငံထွက် ပန်သီး၊ သစ်တော်သီး အစရှိသည့် စားကုန်သောက်ကုန်ပစ္စည်းများ မြန်မာဘက်သို့ တင်သွင်း နေသည်။

သို့သော် အောက်တိုဘာလ ၆ ရက်မှစ၍ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်‌ရေး ဂိတ်ပေါက်ကိုလည်း တရုတ်ဘက်မှ တင် သွင်းမည့် ကုန်ပစ္စည်းများတွင် ကျန်းမာရေးသုံး ကုန်ပစ္စည်းမှလွဲ၍ အခြားကုန်စည်များကို မြန်မာဘက်သို့ အသွင်း မခံ တော့ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၄ ရက် နေ့စွဲနှင့် ထုတ်ပြန်ထားသည်။

နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းနေသောကြောင့် တရုတ်ဘက်မှ တင်သွင်းသည့် သွင်းကုန်ပစ္စည်းများမှာ ၃၀ ရာခိုင်နှုန်း အထိ ဈေးမြင့်လာပြီး နယ်စပ်ဂိတ်ကို မှီခိုနေသည့် ကုန်သည်များ ခက်ခဲသလို ယာဉ်ပိုင်ရှင်များ၊ ကုန်ကားဆရာများ၊ ကုန်တင်ကုန်ချ အလုပ်သမားများအတွက် စားဝတ်နေရေးများ ခက်ခဲနေကြောင်း သိရသည်။

တရုတ်- မြန်မာ အဓိက ကုန်သွယ်ရေး ဂိတ်ဖြစ်သော မူဆယ် ၁၀၅ မိုင် တခုတည်း၏ ၁ ရက်တာ ကုန်သွယ်မှု ပမာဏသည် ပုံမှန်ကာလတွင် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရှိသည်။

You may also like these stories:

ငွေကြေးဂယက်ကြောင့် ပြည်ပမှ တင်သွင်းရောင်းချသည့် ဆိုင်တချို့ ရပ်နားထားရ

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

Your Thoughts …
Tags: တရုတ်နယ်စပ်ပိတ်မိကုန်ပစ္စည်းသွင်းကုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

by မိုးစက်ငြိမ်းချမ်း
5 December 2023
13.4k

များပြားသည့် လေကြောင်းပစ်ကူ ပေးနေသော်လည်း စခန်းများ၊ မြို့များ တခုပြီးတခု ကျနေပြီး မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲများအား ဟန့်တားနိုင်ခြင်း မရှိပေ။

KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်

KIA ဗိုလ်ချုပ်ကြီး ဂမ်ရှောင် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့မည်

by ဧရာဝတီ
27 August 2024
10k

တရုတ်အနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တိုက်ပွဲများ ရပ်တန့်ရေးအတွက် KIA၊ ညီနောင် မဟာမိတ်သုံးဖွဲ့ တို့နှင့် ထိတွေ့ဆက်ဆံမှုများရှိသကဲ့သို့ တဖက်ကလည်း နယ်စပ်ဂိတ်များ ပိတ်ခြင်း၊ ကုန်စည်ဝင်ထွက်မှုများ တင်းတင်းကျပ် ကျပ် ထိန်းချုပ်ခြင်းဖြင့် ဖိအားပေး

သွင်းကုန်အပေါ်  စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

သွင်းကုန်အပေါ် စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

by ဧရာဝတီ
12 August 2024
4.3k

ရည်ညွှန်းဈေး သတ်မှတ်၍ တင်သွင်း ရောင်းချစေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ဘဲ လက်ရှိ ဈေးနှုန်းသတ်မှတ်လုပ်ဆောင်နေသော စက်သုံးဆီ၊ ဒေါ်လာ၊ ရွှေ၊ အခြေခံစားသောက်ကုန်တို့ကဲ့သို့ပင် ပစ္စည်းပြတ်လပ်ခြင်းနှင့် မှောင်ခိုဈေးကွက်သို့သာ ဦးတည်နိုင်ကြောင်း

ပန်ဝါကို KIA သိမ်း၊ ထွက်ပြေးသည့် BGF နှင့် ပြည်သူ့စစ်တို့ကို လိုက်လံရှာဖွေနေ

ပန်ဝါကို KIA သိမ်း၊ ထွက်ပြေးသည့် BGF နှင့် ပြည်သူ့စစ်တို့ကို လိုက်လံရှာဖွေနေ

by ဧရာဝတီ
19 October 2024
3.9k

ပန်ဝါမြို့တွင်းနီးကပ်လာသည့် တိုက်ပွဲများကြောင့် ပန်ဝါမြို့ခံများနှင့် ဒေသတွင်းအလုပ်လာရောက် လုပ်ကိုင်နေသူများမှာ တရုတ်နယ်စပ်ဂိတ်အနီး ထွက်ပြေးတိမ်းရှောင်နေကြသော်လည်း တရုတ်ဘက်ကဂိတ်ပိတ်ကာ ဝင်ခွင့်မပြုသည့်အတွက် ဒေသခံရာနှင့်ချီ နယ်စပ်ဂိတ်အနီး စောင့်ဆိုင်းနေကြသည်။

စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်

စစ်ကောင်စီကဖမ်း တရုတ်က ပိတ်၍ ပြည်တွင်း၌ ကုန်စည်ပြတ်လပ်

by ဧရာဝတီ
27 October 2024
2.7k

စစ်ကောင်စီက ဖမ်းဆီးရာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ် မော်လမြိုင်တို့တွင် ၁၂ ဘီး တွဲကားတစီးလျှင် ကျပ်သိန်းထောင်ချီပေး၍ ဒဏ်ငွေဆောင်ပါက ပြန်လည် ရွေးယူနိုင်ကြောင်း

နယ်ခြားစောင့်တပ်အား သိမ်းနိုင်ခြင်းက ပန်ဝါကို စစ်ဆင်ရန် ပိုမိုလွယ်ကူလာဟုဆို

နယ်ခြားစောင့်တပ်အား သိမ်းနိုင်ခြင်းက ပန်ဝါကို စစ်ဆင်ရန် ပိုမိုလွယ်ကူလာဟုဆို

by စောလွင်
15 October 2024
2.3k

ကချင်အထူးဒေသ တခုလုံးကို သိမ်းပိုက် ထိန်းချုပ်နိုင်ရန် ဖီမော်၊ ကန်ဖန် ၊ မန်ကျီ၊ ဝဆုပ်၊ ငေါ့ချန်း စသည့်ရွာများအပါအဝင် BGF နှင့် ပြည်သူ့စစ် ထိန်းချုပ်ထားရာ အနေအများအပြား ကျန်သေးသည်

Next Post
ဇူလိုင်လအတွင်း မန္တလေးတွင် စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲတခု 

ASEAN ထိပ်သီးဆွေးနွေးပွဲ မြန်မာအာဏာသိမ်းခေါင်းဆောင် တက်ခွင့်ရဖွယ်မရှိဟု မလေးနိုင်ငံခြားရေး ဝန်ကြီးပြော

၂၀၂၁ ဩဂုတ်လအတွင်း ဂျပန်နိုင်ငံရှိ မြန်မာနိုင်ငံသားများ နွေဦးထီထိုးနေကြစဉ်

NUG ပိုက်ဆံ ဘယ်လိုရှာလဲ ဘယ်လိုသုံးလဲ ဝန်ကြီး ဦးတင်ထွန်းနိုင် ပြောသည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate