အရပ်သား အစိုးရအား ဖြုတ်ချကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ကတ်သုတ်ကြေးနီ မက်ထရစ်တန်ချိန် သုံးထောင် နှင့် ကျွန်းသစ်လုံး တန်တထောင်အပါအဝင် သစ်လုံး၊ သစ်ခွဲသား တန်တသောင်းကျော်အား တင်ဒါခေါ်ရောင်းချမည်ဖြစ် ကြောင်း ယနေ့ထုတ် စစ်ကောင်စီ လက်အောက် သတင်းစာများတွင် ကြေညာထားသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အမှတ် ၁ သတ္ထုတွင်းလုပ်ငန်းအနေဖြင့် မုံရွာမြို့နယ်ရှိ သတ္ထုဆိုက်များမှ ကတ်သုတ်ကြေးနီတန် ၃ ထောင်အား အမေရိကန်ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက် တွင် တင်ဒါဖွင့်မည် ဖြစ်သည်။
ယင်း ကတ်သုတ်ကြေးနီများ၏ လေလံကြမ်းခင်း ဈေးအား တင်ဒါဖွင့်ရက်ရှိ London Metal Exchange ကမာ္ဘ့သတ္ထုပေါက် ဈေးနှုန်းအပေါ် အခြေခံ သတ်မှတ်မည်ဖြစ်သည်။
ယနေ့ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းရှိ London Metal Exchange ကမာ္ဘ့သတ္ထုပေါက်ဈေးနှုန်းအရ ကြေးနီ ၁ မက်ထ ရစ်တန်လျှင် အမေရိကန်ဒေါ်လာ ၉၁၇၀ ပေါက်ဈေးရှိနေသည်။ ယင်းဈေးနှုန်းအရ ကြေးနီ မက်ထရစ်တန်သုံးထောင်၏ တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၂၇ သန်းခွဲခန့်ရှိနေသည်။
ယင်းပြင် မြန်မာ့သစ်လုပ်ငန်း၊ ပြည်ပ ရောင်းဝယ်ရေးနှင့် သစ်စက်ဌာနအနေဖြင့်လည်း သစ်တန်တသောင်းကျော်အား အွန် လိုင်းစနစ်ဖြင့် အောက်တိုဘာ ၁၅ ရက်နှင့် ၂၈ ရက်တို့တွင် ရောင်းချမည်ဖြစ်ကြောင်းလည်း သတင်းစာတွင်ကြေညာထား သည်။
ရောင်းချမည့် သစ်အနေဖြင့် ၂၀၁၉-၂၀ ခုနှစ်ထုတ် ကျွန်းသစ်လုံးတန် ၁ ထောင်၊ ၂၀၁၉-၂၀ ခုနှစ်နှင့် ၂၀၂၀-၂၁ ခုနှစ် ထုတ် ပျဉ်းကတိုး၊ အင်၊ ကညင်၊ စကားဝါ၊ သစ်ယာနှင့် အင်ကြင်း သစ်မာသစ်လုံးတန် ၈၄၀၀၊ အင်/ကညင်မျောတိုင် သစ်ဗုံ တို ၂၂၄ တန်၊ ပြည်ပအရောင်း ကျွန်းခွဲသား တန် ၄၀၀ ခန့်နှင့် သစ်အခြေခံ ကျွန်းခွဲသား ၅၅ တန်ခန့်တို့ ပါဝင်မည် ဖြစ် သည်။
အာဏာသိမ်း စစ်ကောင်စီအနေဖြင့် နိုင်ငံခြားဝင်ငွေ ရှာဖွေရေးလုပ်ငန်း တရပ်အနေဖြင့် နိုင်ငံပိုင် သယံဇာတများအား မကြာခဏ တင်ဒါခေါ် ရောင်းချလျက်ရှိပြီး မကြာသေးမီကလည်း သစ်တန်များစွာနှင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် တန်ဖိုးရှိ ကတ်သုတ်ကြေးနီများအား ရောင်ချခဲ့သေးသည်။
ယင်းသို့ စစ်ကောင်စီ၏ ဝင်ငွေရှာဖွေရေးတွင် အဓိကနေရာမှ ပါဝင်နေသည့် စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဦးခင်မောင်ရီအား ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က ပိတ်ဆို့ အရေးယူမှုများပြုလုပ်ခဲ့ သည့်အပြင် မုံရွာခရိုင်အတွင်း ကြေးနီသတ္ထုတူးဖော်ရေး လုပ်ကိုင်နေသော တရုတ်ဝမ်ပေါင်ကုမ္ပဏီ လက်အောက်ခံများ ဖြစ်သည့် မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီကုမ္ပဏီတို့အား အမေရိကန် အစိုးရကလည်း ပိတ်ဆို့အရေးယူသည့် စာရင်းတွင် ထည့်သွင်းထားသည်။
အရေးယူ ပိတ်ဆို့စာရင်းသွင်းခဲ့သည့် တရုတ်ကုမ္ပဏီများသည် လက်ပံတောင်းတောင် ကြေးနီသတ္ထုတူးဖော်ရေး အပါအ ဝင် အလုပ်သမား အခွင့်အရေး၊ လူ့အခွင့်အရေး ကျူးလွန်မှုများနှင့် ကာလရှည်ကြာ ပါဝင်ပတ်သက်နေခဲ့ကြသည့် အဖွဲ့ အစည်းများ ဖြစ်ကြောင်းလည်း အမေရိကန်အစိုးရက ပြောထားသည်။
You may also like these stories:
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ
ငွေလိုနေသည့် အာဏာသိမ်းတပ်က သစ်တွေထပ်ထုတ်ရောင်းဦးမည်