• English
Sunday, June 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒီနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆု ဂျာနယ်လစ်တွေကို ပေး

by ဧရာဝတီ
9 October 2021
in သတင်း
A A
ဖိလစ်ပိုင်သတင်းသမား မာရီယာ ရက်ဆာနှင့် ရုရှုားသတင်းသမား ဒီမီထရီ မူရာတော့

ဖိလစ်ပိုင်သတင်းသမား မာရီယာ ရက်ဆာနှင့် ရုရှုားသတင်းသမား ဒီမီထရီ မူရာတော့

4.8k
VIEWS
Share on FacebookShare on Twitter

ဖိလစ်ပိုင်သတင်းသမား မာရီယာ ရက်ဆာနှင့် ရုရှုားသတင်းသမား ဒီမီထရီ မူရာတော့တို့ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ပူးတွဲရရှိကြောင်း နော်ဝေးနိုဘယ်ကော်မတီက သောကြာနေ့တွင်ကြေညာသည်။

ဒီမိုကရေစီနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် လိုအပ်ချက်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်ရန် ၎င်းတို့နှစ်ဦး၏ အားထုတ်မှုများအတွက် အသိအမှတ် ပြုခြင်းဖြစ်ကြောင်း သိရသည်။

RelatedPosts

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

တက်စ်လာ အင်ဂျင်နီယာဟောင်း တဦး လျှို့ဝှက် အချက်အလက် ခိုးယူမှု နဲ့ တရားစွဲ ခံရ

15 June 2025
319
စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲ ကုလသမဂ္ဂနဲ့ အာဆီယံ ဘယ်လိုမြင်လဲ (ရုပ်/သံ)

15 June 2025
10
အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

အစ္စရေးက အီရန်ကိုတိုက်ပြီးနောက် ကမ္ဘာ့ရေနံဈေးတက်

15 June 2025
649

အသက် ၅၈ နှစ်ရှိပြီဖြစ်သော ရက်ဆာသည် Rappler သတင်းဝက်ဘ်ဆိုက်ကို ဦးဆောင်သူဖြစ်ပြီး သမ္မတ ဒူတာတေးအား အပြင်းအထန် ဝေဖန်သူအဖြစ် ထင်ရှားသည်။ “ကျမ အရမ်း အံ့ဩသွားတယ်” ဟု နိုဘယ်ကော်မတီ၏ ကြေညာချက်နှင့် ပတ်သက်ပြီး သူပြောကြောင်း Rappler က ထုတ်လွှင့်ချက်ကို Reuters က ကိုးကားဖေါ်ပြသည်။

ရက်ဆာနှင့် မူရာတော့တို့ကို ဖိလစ်ပိုင်နှင့် ရုရှားတွင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်အတွက် သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်မှုအတွက် ဂုဏ်ပြုသည်ဟု နော်ဝေး နိုဘယ်ကော်မတီ အမျိုးသမီး ဥက္ကဋ္ဌ ဘာရစ် ရေ့စ် အန်ဒါဆင်က သတင်းထောက်များကို ပြောသည်။ ၎င်းတို့နှစ်ဦးသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို ဆန့်ကျင်ဆိုးရွားသည့် အချိန်နှင့် ရင်ဆိုင်ကြရာတွင် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခြင်းအား ကာကွယ်ကျင့်သုံးသည့် သတင်းသမားအားလုံးကို ကိုယ်စားပြုကြောင်းလည်း သူပြောသည်။

လွန်ခဲ့သောနှစ်က ကျော်ကြားသော အမှုတခုတွင် ရက်ဆာသည် ဆိုက်ဘာ အသရေဖျက်မှု ကျူးလွန်သည်ဟု တရားရုံးက ဆုံးဖြတ်ခံရသောကြောင့်ဖိလစ်ပိုင်တွင် သတင်းလွတ်လပ်မှုအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်လာသည်။ ထိုအမှုကို ၂၀၁၂ ခုနှစ်က သတင်းတပုဒ်အတွက် စီးပွားရေးသမားတယောက်က စွဲဆိုခြင်းဖြစ်သော်လည်း သမ္မတ ဒူတာတေ၏ လူအသေအပျောက်များသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲနှင့် အခြားအရေးပါသော နိုင်ငံရေးကိစ္စများကြောင့် ရက်ဆာနှင့် Rappler ကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း လူအများက ယုံကြည်ကြသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ နှင့် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တို့ကဲ့သို့သော လူ့အခွင့်အရေး အုပ်စုများနှင့် နိုင်ငံခြားသတင်းထောက်များကလပ်တို့က ထိုစီရင်ချက်သည် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို ထိုးနှက်ချက်အဖြစ် ပြစ်တင်ရှုတ်ချကြသည်။

မူရာတော့သည် Novaya Gazeta သတင်းစာ၏ အယ်ဒီတာချုပ်ဖြစ်သည်။ ထိုသတင်းစာသည် ယနေ့ခေတ် ရုရှား တနိုင်ငံလုံး သြဇာရှိသည့် တခုတည်းသော စစ်မှန်ဝေဖန်သည့် သတင်းစာဖြစ်သည်ဟု သတင်းသမားများ ကာကွယ်စောင့်ရှေုာက်ရေးကော်မတီ (CPJ )က ဖေါ်ပြသည်။ ထိုသတင်းစာသည် အဂတိလိုက်စားမှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် အာဏာအလွဲသုံးစားမှုများကို နက်နက်ရှိုင်းရှိုင်း စုံစမ်းဖေါ်ထုတ် ရေးသားသည်ဟု CPJ ပြောကြားသည်။ ထိုသတင်းစာမှ သတင်းထောက် ၃ ဦးသတ်ဖြတ်ခံထားရသည်။

အသက် ၅၉ နှစ်ရှိပြီဖြစ်သော မူရာတော့ အတွက် ဂုဏ်ယူကြောင်း ကရင်မလင်က ကြေညာချက်ထုတ်ပြီး သူသည် သူ့ကိုယ်ပိုင်စံနှုန်းများအတိုင်း တစိုက်မတ်မတ် လုပ်ကိုင်သူဖြစ်ကြောင်း၊ ရဲရင့်ပြီး ပါရမီရှိကြောင်း ဖေါ်ပြသည်ဟု Reuters သတင်းကဖေါ်ပြသည်။

သတင်းသမားများကို ငြိမ်းချမ်းရေးနိုဘယ်ဆုပေးရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် နိုဘယ် ကော်မတီက “လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့်မရှိလျင် နိုင်ငံများအကြား ညီရင်းအကိုသဖွယ်ချစ်ကြည်မှု၊ လက်နက်ဖျက်သိမ်းရေးနှင့် မိမိတို့ခေတ်တွင် ရရှိနိုင်မည့် ပိုမိုကောင်းမွန်သော ကမ္ဘာတခုတို့ကို အောင်မြင်စွာ အားပေးမြှင့်ရန် ခက်ခဲလိမ့်မည်ဖြစ်သည်” ဟု ကြေညာချက်တစောင်တွင် ဖေါ်ပြသည်။

ကိုးကား။ ။Nikkei Asia

You may also like these stories :

စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာရန် လူ့အခွင့်အရေးကျွမ်းကျင်သူများက ကုလသမဂ္ဂကို တိုက်တွန်း

မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကျပ်အတည်း ရင်ဆိုင်နေရပြီဟု ကုလသမဂ္ဂပြော

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာခေါင်းဆောင် ပစ်သတ်ခံရ

နေအိမ်တွင် မနေနိုင်သော ဘဝများ

Your Thoughts …
Tags: ဂျာနယ်လစ်တွေနိုဘဲလ်ငြိမ်းချမ်းရေးဆုဖိလစ်ပိုင်သတင်းသမား မာရီယာ ရက်ဆာရုရှုားသတင်းသမား ဒီမီထရီ မူရာတော့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဆွီဒင်ကျောင်းသူ တဦးဖြစ်သည့် ဂရီတာ ထွန်းဘယ်ရီ/Reuters

ဆယ်ကျော်သက် ကျောင်းသူကို နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် စာရင်းတင်

by ဧရာဝတီ
21 March 2019
4.7k

ဆွီဒင်ကျောင်းသူ တဦးဖြစ်သည့် ဂရီတာ ထွန်းဘယ်ရီသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအတွက် နိုင်ငံတကာ အဆင့် လှုပ်ရှားခဲ့သဖြင့် ယခုနှစ်အတွက် နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ရန် လျာထားခံခဲ့ရသည်။

Next Post
၂၀၂၁ ဇူလိုင် ၁၆ ရက် စစ်ကိုင်းတိုင်း ကလေးမြို့တွင် ကိုဗစ်နှင့် သေဆုံးသူတဦးအား စေတနာ့ဝန်ထမ်းများက သယ်ထုတ်လာစဉ်

GAVI Alliance မှ ကိုဗစ် ကာကွယ်ဆေး ၆ သန်းကျော် မြန်မာရမည်

စစ်ကိုင်း၊ မကွေးနှင့် ချင်းတို့တွင် စစ်ဆင်ရေးများ ပြုလုပ်ရန် အာဏာသိမ်း စစ်ကောင်စီသည် အနည်းဆုံး တပ်ရင်း ၄ ရင်းရှိသော တပ်ကူများကို စေလွှတ်နေသည်

ထောင်ချီသော တပ်ကူများကို နိုင်ငံအထက်ပိုင်းသို့ စစ်ကောင်စီပို့နေ

No Result
View All Result

Recommended

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

စစ်ထောက်လှမ်းရေး ဝါဒဖြန့် မြရာပင် မှ မြန်မာတိုင်းမ် ဆီသို့

6 days ago
5.6k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

4 days ago
5.3k

Most Read

  • မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate