• English
Saturday, June 14, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ် ဖမ်းထားသည့် ရခိုင့်ဦးဆောင်ပါတီဝင် မိသားစုနှင့် အဆက်အသွယ် ဖြတ်ခံထားရ

by ဧရာဝတီ
12 October 2021
in သတင်း
A A
ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဦးစိန်ချစ်

ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဦးစိန်ချစ်

7.9k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် နေထိုင်သာ ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီမှ မြို့နယ်အဆင့် ခေါင်းဆောင်တဦးဖြစ်သူ ဦးစိန်ချစ်ကို စစ်တပ်က ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ တွေ့ဆုံခွင့် မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။

အဆိုပါ ရခိုင့်ဦးဆောင်ပါတီဝင်လည်းဖြစ်၊ ပရဟိတသမားလည်းဖြစ်သူ ဦးစိန်ချစ်ကို အောက်တိုဘာလ ၉ ရက် ညနေ ၁၀ နာရီဝန်းကျင်က စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်များက စစ်ဆေးစရာများရှိသည် ဟုဆိုကာ နေအိမ်မှ ဖမ်းဆီး ခေါ် ဆောင်သွားခြင်း ဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက ပြောသည်။

RelatedPosts

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)

14 June 2025
0
ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

ကမ္ဘာ့အလျင်မြန်ဆုံး ကြီးထွားနေသည့် ဘာသာမှာ အစ္စလမ်ဘာသာဖြစ်

14 June 2025
978
အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

14 June 2025
1.6k

ဒေါ်ခင်နှင်းဖြူက “ကျမအမျိုးသားကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရ ဘူး။ ရဲစခန်းကို သွားစုံစမ်းတော့လည်း အကြမ်းဖက်မှုနဲ့ အမှုဖွင့်ထားတယ်။ နောက်ပြီးသူ့ကို စစ်တပ်ထဲမှာ စစ်ဆေးနေ တယ်လောက်ပဲ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဦးစိန်ချစ်သည် ရခိုင့်ဦးဆောင်ပါတီမှ ပြီးခဲ့သော၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သံတွဲမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် အရွေးချယ်ခံခဲ့သူတဦးလည်း ဖြစ်သည်။

အဆိုပါ ဦးစိန်ချစ် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင့်ဦးဆောင်ပါတီ (AFP) ပါတီမှ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ်များနှင့် ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များထံ ဧရာဝတီမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရှိခဲ့ပေ။

သံတွဲမြို့ အရပ်ဘက်လူမှုအဖွဲ့မှ မြို့ခံတဦးကတော့ ဦးစိန်ချစ် ဖမ်းဆီးခံရသည်ကိုကြားသိရသော်လည်း မည်သည့်အတွက် ကြောင့် ဖမ်းဆီးခံရသည် ကို တိတိကျကျ မသိရှိကြောင်း ပြောသည်။

၎င်းက “ဘာကြောင့် ဖမ်းတယ်ဆိုတာ ကျနော်တို့လည်း တိတိကျကျ မသိရဘူး။ ပြည်မဘက်မှာ ဖမ်းမိတဲ့ PDF အဖွဲ့ဝင် တယောက်က သူ့နာမည်ကို ပြောတဲ့အတွက် သူ့ကို လာဖမ်းတယ်လို့တော့ ပြောသံကြားတယ်” ဟု ဧရာဝတီသို့ ပြော သည်။

မင်းပြားမြို့နယ်အတွင်း ပရဟိတသမားဖြစ်သူ ကိုအမ်းသားကြီးကတော့ ဦးစိန်ချစ်သည် ပရဟိတသမားတဦး ဖြစ်သည့် အတွက် သူ့လုပ်ဆောင်ချက်များမှာ အကြမ်းဖက်သည့် လုပ်ရပ်များ ပါဝင်သည်ကို မတွေ့မိကြောင်း ပြောသည်။

ကိုအမ်းသားကြီးက “ပရဟတိသမား အချင်းချင်း ကျနော်တို့ မြင်တာကတော့ သူက လူမှုရေးကိစ္စတွေ လုပ်တယ်။ လူတွေ ကို ကူညီတယ်။ သူ့ လုပ်ရပ်တွေမှာ အကြမ်းဖက်တာလည်း ပါတာမတွေ့ဘူး၊ နောက်ပြီးတော့ သံတွဲမြို့မှာ PDF အဖွဲ့တွေ လုပ်ရှားမှုကိုလည်း မတွေ့ရဘူး။ ဆိုတော့ သူ့ကို ဘာကြောင့်ဖမ်းတယ်ဆိုတာ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အနေနဲ့ ပွင့် လင်း မြင်သာစွာ ချပြဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဇနီးဖြစ်သူ ဒေါ်ခင်နှင်းဖြူက “စစ်တပ်လက်ထဲက ထွက်လာရင် အကောင်း မထွက်တော့ဘူး။ အလောင်းဘဲ ထွက်တယ်ဆို တဲ့ သတင်းတွေကို ကျမတို့ အမြဲလိုလို ကြားနေရတယ်။ ခြေကျိုး၊ လက်ကျိုး ညှဉ်းပန်း နှိပ်စက်တာတွေ လုပ်မှာကို အရမ်း စိုးရိမ်တယ်။ ကျမတို့ ဖြစ်စေချင်တာက၊ သူ့ကို အမှုဖွင့်ထားရင်လည်း ဥပဒေအတိုင်းပဲ တရားရုံးမှာ စစ်ဆေးပြီး ဥပဒေ အတိုင်းပဲ လုပ်စေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် မိသားစုဝင်များ အနေဖြင့် ဦးစိန်ချစ်အား အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ ၊ ၅၂ (က) တို့ဖြင့် စစ်တပ်က ရဲစခန်းတွင် အမှုဖွင့်ထားသည့် အကြောင်းလောက်သာ သိရပြီး လူချင်းတွေ့ခွင့်လည်း မရှိကြောင်း၊ စစ်တပ်ထဲတွင် စစ်ဆေးခံနေရသည်အတွက် အလွန်စိုးရိမ်မိကြောင်းလည်း ဇနီးဖြစ်သူ က ပြောသည်။

You may also like these stories :

ဖရူဆိုဒေသခံ တထောင်ခန့် တောထဲ ထွက်ပြေးနေရ

တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ အကြမ်းဖက်မှုများကို ပံ့ပိုးနေဟု စစ်ကောင်စီ မီဒီယာစွပ်စွဲ

Your Thoughts …
Tags: စစ်တပ်ပရဟိတသမားဖမ်းဆီးရခိုင့်ဦးဆောင်ပါတီဦးစိန်ချစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
20.3k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

Next Post
မန္တလေး နန်းမြို့ရိုးဘေး လူထုအပန်းဖြေ စီမံကိန်း ဆောင်ရွက်ရန် စစ်ကောင်စီ ကြိုးပမ်း  / CJ

မန္တလေးနန်းမြို့ရိုးဘေး အပန်းဖြေစီမံကိန်းလုပ်ခြင်း အမွေအနှစ် ထိခိုက်မှုသာ ဖြစ်လာနိုင်

စစ်အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းက ဇောက်ထိုးကျဆင်းသွားသည် / ဧရာဝတီ 

မြန်မာစစ်ဗိုလ်များ နိုင်ငံကြီးပွားရေးအစား စီးပွားပျက်ရန်သာ လုပ်တတ်သည်

No Result
View All Result

Recommended

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

1 day ago
5.4k
စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

စစ်ကောင်စီကို ခြိမ်းခြောက်လာသည့် ဧရာဝတီ စစ်မျက်နှာ

3 days ago
4.8k

Most Read

  • တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

    shares
    Share 0 Tweet 0
  • အမျိုးသားညီညွတ်ရေးအစိုးရသည် ညီညွတ်သောအစိုးရ မဟုတ်

    shares
    Share 0 Tweet 0
  • ဂွ-ငသိုင်းချောင်းလမ်းပေါ် အမြောက်တပ် AAနှင့် ပူးပေါင်းတပ်တို့ တိုက်ခိုက်

    shares
    Share 0 Tweet 0
  • အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

    shares
    Share 0 Tweet 0
  • အစ္စရေးက တိုက်ခိုက်မှု အီရန် လက်နက်ကိုင်တပ် အကြီးအကဲများ သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate