သတင်း

စစ်ကောင်စီအား အလုံးစုံ စီးပွားရေး ပိတ်ဆို့ရန် အရပ်ဖက်အဖွဲ့ ၁၀၀ ကျော် တောင်းဆို

Want create site? Find Free WordPress Themes and plugins.

စစ်ကောင်စီအား ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီ စနစ် ပြန်လည်ထူထောင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ အစိုးရများမှ ထိရောက်သော အလုံးစုံ စီးပွားရေး ပိတ်ဆို့အရေးယူမှု (Comprehensive Economic Sanctions – CES) ကို အမြန်ဆုံး ပြုလုပ်ပေးရေး မြန်မာနိုင်ငံမှ ကျောင်းသား၊ ဆရာ ၊ အလုပ်သမားများ အပါအဝင် အရပ်ဖက်အဖွဲ့ ၁၀၀ ကျော်က တောင်းဆိုလိုက်သည်။

အပြည်ပြည်ဆိုင်ရာမှ ရင်းနှီးမြှပ်နှံသူများသည် စစ်တပ်နှင့် သူ၏ လက်ဝေခံများအား စီးပွားရေးတွဲဖက် လုပ်ဆောင်ခြင်း ဖြင့်လည်းကောင်း၊ စစ်တပ်နှင့် မသက်ဆိုင်သည့် စီးပွားရေး လုပ်ငန်းများမှလည်း စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက် လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း ငွေကြေးပံ့ပိုးမှုများ ပြုလုပ်နေသည်ကို တွေ့ရှိရသည့် အတွက် ယင်းသို့ တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတောင်းဆိုချက်ကို ကျောင်းသားများသမဂ္ဂ၊ ဆရာ/ဆရာမများ သမဂ္ဂ၊ အလုပ်သမားများသမဂ္ဂ၊ အစိုးရဝန်ထမ်းများ အစရှိသဖြင့် အရပ်ဖက်အဖွဲ့ ၁၈၃ ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ် စုပေါင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီအား ငွေကြေးဝန်ဆောင်မှု ပေးခြင်းအား ရပ်တန့်ခြင်း၊ အာမခံလုပ်ငန်းများ ရပ်တန့်ခြင်း ငွေကြေး ဝန်ဆောင် မှုလက်နက်များ၊ ကြားခံ နာမည်ခံပွဲစားများမှ ဝယ်ယူမှု အစရှိသောဘဏ္ဍာရေး ဆိုင်ရာ လုပ်ငန်းများအားလုံးကို ပိတ်ဆို့ အရေးယူခြင်းနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများအပြင် ရေပေါ်ရေအောက် မြေပေါ်မြေအောက် မြန်မာပြည်သူများ မူလပိုင်ဆိုင်သော သစ်နှင့် သစ်တောထွက်ပစ္စည်းများ၊ ကျောက်စိမ်းနှင့် ရွှေကျောက်မျက် ရတနာများ တင်ပို့ရောင်းချခြင်း များ အပါအဝင် အခြားသော စီးပွားရေးလုပ်ငန်းများ အားလုံးကို အပြည်ပြည်ဆိုင်ရာက ပိတ်ဆို့အရေးယူပေးရန် ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ အာဏာသိမ်းချိန်မှစပြီး အလုပ်အကိုင် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသော မြန်မာနိုင်ငံတွင် အလုံးစုံသော စီးပွားရေး ပိတ်ဆို့မှုသည် ပို၍အခက်အခဲ ဖြစ်လာနိုင်သော်လည်း စစ်အာဏာရှင် လက်အောက်တွင် အခွင့်အရေးမှန်သမျှ ဆုံးရှုံး နေရပြီး ဖြစ်သည့် အတွက် စစ်အာဏာရှင်ပြုတ်ကျရေးသည် ပိုမိုလိုအပ်နေကြောင်း ဆိုထားသည်။

စီးပွားရေး အလုံးစုံပိတ်ဆို့မှုကြောင့် စစ်တပ်၏ ဒေါက်တိုင်များ ပြိုကျပျက်စီးပြီး အချိန်တို ကာလအတွင်း စစ်အာဏာရှင် စနစ် ကျဆုံးမည်ဖြစ်သည့်အတွက် တော်လှန်ရေး အင်အားစုများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အလုပ်ရှင် အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းများနှင့် အဖွဲ့အစည်းများအားလုံးတို့မှ ပူးပေါင်းဆောင်ရွက်ပေးပါရန် တိုက်တွန်းတောင်းဆိုထားသည်။

You may also like these stories:

ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စရန် အခက်ကြုံ

နေပြည်တော် က Kempinski ဟိုတယ် ပိတ်

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ရေစုန်မြောနေပြီ

အခြေခံကုန်ပစ္စည်း ဈေးနှုန်းများ ထိုးတက်လာနေ

Did you find apk for android? You can find new Free Android Games and apps.
Loading