• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်အမှု စာအုပ်ကြည့်ဖတ် ထွက်ဆိုခြင်း မလုပ်ဖို့ တရားလိုကို တားမြစ်

by ဧရာဝတီ
22 October 2021
in သတင်း
A A
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

16.2k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားမှုဖြင့်စွပ်စွဲကာ တရားစွဲဆိုမှုတွင် တရားလို စစ်ဆေးရေးအရာရှိ ဦးရဲထက်အား ကြိုတင်ရေးသားထားသည့် စာအုပ်ကြည့်ကာ ဖတ်ကြားထွက်ဆို ခြင်းမပြုဖို့ ယနေ့ရုံးချိန်းတွင် တားမြစ်ခဲ့ရကြောင်း ရှေ့နေများထံကသိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးရဲထက်အနေဖြင့် သက်သေထွက်ဆိုရာတွင် ကြိုတင်ရေးသားသည့် စာအုပ်အားကြည့်ကာ ထွက်ဆိုနေသည့်အတွက် ဒေါ်အောင်ဆန်းစုကြည် ၏ရှေ့နေက ကန့်ကွက်ရာ တရားသူကြီးက လက်ခံပြီး သက်သေခံဥပဒေပုဒ်မ ၁၅၉ နှင့်အညီသာ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

RelatedPosts

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
138
အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

19 May 2025
2.3k
ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

ကြံ့ခိုင်ရေးပါတီဝင်တွေ လုံခြုံရေးစိုးရိမ်နေရတယ်လို့ဆို ( ရုပ်/သံ)

19 May 2025
128

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေအဖွဲ့ဝင်တဦးက “ တရားလိုဦးရဲထက် သက်သေထွက်ချက်တွေကို ဗလာစာအုပ် တအုပ်လုံး လိုလိုမှာ ရေးထားတာတွေကို ကြည့်ပြီးထွက်ဆိုနေတာ၊ ရှေ့နေဒေါ်စန်းမာလာညွှန့်က ဒီစာအုပ်ကြီးကို တရားသူကြီးကို ယူပြပြီး ဒါကိုကြည့်ပြီးထွက်ဆိုနေတာကို ကန့်ကွက်ခဲ့တာ၊ သက်သေအသင့်ရေးယူလာတဲ့ မှတ်စုတွေကို ရုံးမှာသက်သေထွက်ဆိုခွင့် မရှိဘူး။ သက်သေခံဥပဒေပုဒ်မ ၁၅၉ အရ ကိန်းဂဏန်းတွေသိချင်ရင် အမှတ်ရဖို့ နည်းနည်းပါးပါးကြည့်ချင် ကြည့်ခွင့်ရှိတယ်။ စာအုပ်ကြီးတအုပ်လုံး လျှောက်ဖတ်ပြနေတာကို ခွင့်မပြုဘူး”ဟု ပြောသည်။

ယခုကဲ့သို့ ဆုံးဖြတ်ချက်ကြောင့် တရားလိုသက်သေဖြစ်သူ ဦးရဲထက်၏ ထွက်ဆိုပြီးသည့် ထွက်ဆိုချက်များ တစုံတရား ပြောင်းလဲမှုရှိမည်မဟုတ်သော်လည်း ဆက်လက်စစ်ဆေးရာတွင် ၎င်းအနေဖြင့် စာအုပ်ကြည့်ထွက်ဆိုနေခြင်း ရပ်တန့်ကာ ပုံမှန်အတိုင်း အလွတ်ထွက်ဆိုခဲ့ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် အာဏာသိမ်းစစ်ကောင်းစီက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိမှုစွပ်စွဲကာ တရားစွဲဆိုထားမှုများထဲ က အမှုနံပါတ် ၄/၂၀၂၁ ဖြစ်သည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ပန်းဥယျာဉ်နှင့်အားကစားဌာနပိုင် မြေ ၂၃.၈၅၅ ဧကအား နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်၏ လရောင်တောစီမံကိန်းအတွက် မြေငှားဂရမ်ထုတ်ပေးမှု နှင့် ပတ်သက်သည့်အမှုအား ဆက်လက်စစ်ဆေးခဲ့ပြီး တရားလိုဘက်က ဦးရဲထက်ကိုပင် ရှေ့နေများက မေးမြန်းစစ်ဆေးခဲ့ ကြခြင်းဖြစ်သည်။

၎င်းအမှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါက်တာမျိုးအောင်နှင့် ဦးရဲမင်းဦးတို့လည်း ပါဝင်လျှက်ရှိသည်။

ယင်းအပြင် လရောင်တောစီမံကိန်းနှင့်ပတ်သက်ပြီး မြေကွက်အား မည်သို့အသုံးချသည်ကို တရားလိုဘက်က သက်သေခံအဖြစ် တင်ပြခဲ့သည့် စာရွက်စာတမ်းအ ချို့ နှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများ၏ ရှေ့နေများဘက်က ကန့်ကွက်တင်ပြထားသော်လည်း ယနေ့တွင် တရားသူကြီးက ပယ်ချခဲ့ပြီး တရားလိုဘက်က တင်ပြမှုအား သက်သေခံစာရွက်စာတမ်းများအဖြစ် လက်ခံကြောင်းဆုံးဖြတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် ၅ မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ၂ မှု၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ၊ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁(ဂ)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ တို့ဖြင့် တရားစွဲဆိုခြင်းခံထားရသည်။

You may also like these stories:

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင် ၂ ဦး အမှုအကြောင်း မပြောရန် ထပ်မံပိတ်ပင်ခံရ

ရခိုင်မှ NLD အမတ် ဦးရဲခေါင်ညွန့် အပါအဝင် ၄ ဦး ပြန်လွတ်

Your Thoughts …
Tags: တရားလိုဒေါ်အောင်ဆန်းစုကြည်အဂတိလိုက်စားမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.1k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.2k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

ဒေါ်ကြူကြူလှနှင့် သူ၏ တန်ဖိုးကြီး လက်ကိုင်အိတ်များ

by အောင်သူရ
9 January 2025
26.8k

စစ်တပ်က အာဏာသိမ်းပြီးနောက် မီဒီယာများတွင် ဖော်ပြခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများအရ ဒေါ်ကြူကြူလှ ကိုင်ခဲ့သည့် Hermes အမှတ်တံဆိပ် အရောင်မတူသည့် လက်ကိုင်အိတ် ရှစ်လုံးရှိသည်။

Next Post
၂၀၂၀ ခုနှစ်က ကုလားတန်မြစ်အတွင်း သွားလာနေသည့် စက်လှေ တစီး / ဧရာဝတီ

အဓိကရေလမ်းကြောင်း စစ်တပ်ပိတ်သဖြင့် ပလက်၀ဒေသခံများ အခက်ကြုံ

တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ထားကြသော လူငယ်မောင်မယ်များ

အနာဂတ် ပြည်ထောင်စုကို ရှင်းလင်းပြတ်သားစွာ ရွေးချယ်ဆုံးဖြတ်ရန် လိုနေပြီ (အပိုင်း - ၁)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate