သတင်း

ကမ္ဘာ့ အချောဆုံး အမျိုးသား အယောက် ၁၀၀ စာရင်းတွင် ပိုင်တံခွန် ပါဝင်

ကမာ္ဘ့ နာမည်ကျော် အချောဆုံး အမျိုးသား စာရင်းကို TC Candler နှင့် The Independent Critics တို့က နှစ်စဉ် ထုတ်ပြန်လျက်ရှိရာ ယခုနှစ်အတွက် ထုတ်ပြန်ခဲ့သည့် အယောက် ၁၀၀ စာရင်းထဲတွင် စစ်ကောင်စီက ဖမ်းဆီးထားသည့် မော်ဒယ် သရုပ်ဆောင် ပိုင်တံခွန် ပါဝင်ခဲ့သည်။

TC Candler မှ ကမာ္ဘ့အချောဆုံး အမျိုးသားနှင့် အမျိုးသမီးစာရင်းအား ၁၉၉၀ ခုနှစ်မှ စတင်၍ နှစ်စဉ် ထုတ်ပြန် လျက်ရှိပြီး ယခုနှစ် ၂၀၂၁ ခုနှစ်အတွက် အချောဆုံး မျက်နှာပိုင်ရှင်များ၏ ပုံရိပ်များကို ၎င်းတို့ အင်စတာဂရမ်မှ တဆင့် ထုတ်ပြန် ကြေညာထားသည်။

အဆိုပါ The 100 Most Handsome & Beautiful Faces စာရင်းတွင် အမျိုးသားအနေဖြင့် ပိုင်တံခွန်နှင့် အမျိုး သမီးထဲတွင် မိတ်ကပ်ပညာရှင် ဟန်နာယူရီ တို့ ပါဝင်ခဲ့သည်။

ပိုင်တံခွန်သည် ပြီးခဲ့သည့်နှစ် အယောက် ၁၀၀ စာရင်းတွင်လည်း ပါဝင်ခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ ပါဝင် လာခဲ့ခြင်း ဖြစ်သည်။

မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်သည် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအား ပြည်သူများနှင့် တသားတည်း ရပ်တည်ခဲ့သည့်အတွက် ဧပြီလ ၈ ရက်က ၎င်း၏ နေအိမ်တွင် ဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတော် အကြည် ညိုပျက်စေမှု ၅၀၅ – က ဖြင့် တရားစွဲဆိုခံထားရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သဖြင့် တရားစွဲဆိုခံထားရသူ ၄၃၂၀ ဦး၏ ကြားနာဆဲ အမှုများကို ပိတ်သိမ်းပြီး အမှုမှ လွှတ်ရမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည့်ထဲတွင် ပိုင်တံခွန်အ ပါအဝင် အကျဉ်းထောင်တွင်းမှ အနုပညာရှင်များ ပြန်လည် လွတ်မြောက်မည်ဟု သတင်းစကားများ ထွက်ပေါ်ခဲ့ သော်လည်း ၎င်းပါဝင်ခဲ့ခြင်း မရှိပါ။

You may also like these stories:

ဖမ်းဆီးခံအနုပညာရှင်များကို ယနေ့မှစတင်၍ လွှတ်ပေးသွားမည်

ပိုင်တံခွန် အမှုစစ်ဆေးရန် ရွှေ့ဆိုင်းခံရ၍ နစ်နာ

Loading