• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပလက်ဝ၌ စစ်တပ်ထောက်ခံပွဲလုပ်ရန် လိုက်လံစည်းရုံးနေ

by ဧရာဝတီ
29 October 2021
in သတင်း
A A
၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် ပလက်၀မြို့ / ဧရာဝတီ

၂၀၂၀ ခုနှစ်အတွင်းက တွေ့ရသည့် ပလက်၀မြို့ / ဧရာဝတီ

9.6k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့နယ်အတွင်း ပြုလုပ်မည့် စစ်တပ်ထောက်ခံပွဲကို ပူးပေါင်းပါဝင်ဖို့ ဒေသ အာဏာပိုင်များက ပြည်သူများအား လိုက်လံစည်းရုံးနေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့က ပလက်ဝမြို့ ရေယာဉ်ဆိပ်ကမ်းတွင် စစ်ရှောင်ရွာသား တချို့ နေရပ်ပြန်ခြင်းနှင့် ပတ်သက်၍ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဒေသအာဏာပိုင်တို့ တွေ့ဆုံစဉ် ပြည်သူများ စစ်တပ်ထောက်ခံပွဲကို ပူးပေါင်းပါဝင်ရန် စည်းရုံး ခဲ့ခြင်း ဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး တဦးက ပြောသည်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
60
“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

“ဝ” ထိန်းချုပ်ဒေသမှာ ၁၀ နှစ်အတွင်း မြေရှားတူးဖော်မှု ၈ ဆ တိုးလာ (ရုပ်/သံ)

23 June 2025
69
အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

23 June 2025
3.2k

“ဒီရက်ပိုင်း စစ်ရှောင်တချို့ ရွာပြန်တယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေအနေနဲ့ ရေယာဉ်ဆိပ်မှာ တချို့ကိစ္စတွေ စီစဉ်ပေး ရတယ်။ ရေဆိပ်ကအပြန် စစ်တပ်အရာရှိနဲ့ ရဲမှူးက လူထုထောက်ခံပွဲလုပ်မယ်။ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ပြောပေး ပါလို့ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ဒေသအာဏာပိုင်များက ထိုသို့ ထောက်ခံပွဲလုပ်ရာတွင် တက်ရန်ပြောသော်လည်း ပြည်သူများ စိတ်ဝင်စားမှု ရှိမရှိ မသိသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှာ ချက်ချင်း အဖြေမပေးနိုင်ဘဲ အကျပ် ရိုက်နေကြောင်း ပလက်ဝမြို့ ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး တဦးက“ဒီကာလ ဒီအချိန်မှာ စစ်တပ်ထောက်ခံပွဲ တက်ဖို့ဆိုတာ ပြည်သူတွေအတွက် တော် တော်လည်း ကြားညပ်ပါတယ်။ မထောက်ခံဘူးဆိုရင် သူတို့ကို ဆန့်ကျင်တယ်ဆိုပြီး မတရားဖမ်းမှာလည်း ကြောက် တယ်။ တဘက်က AA ရှိနေတယ်။ သူတို့ သဘောထားကိုလည်း နားစွင့်နေရတယ်။ သူတို့အမြင်စောင်းမှာလည်း ကျနော်တို့ စိုးရိမ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ပလက်ဝတွင် မြို့မရပ်ကွက် ၊ ရွာမရပ်ကွက် ၊ ကင်ဝ ရပ်ကွက် ၊ ရိက္ခာ ရပ်ကွက် စသည့်ဖြင့် ရပ်ကွက် ၄ ရက်ကွက် ရှိပြီး လူဦးရေ ၁၀၀၀၀ ကျော် ရှိကြောင်းလည်း သိရသည်။

ယင်းအပြင် ပလက်ဝမြို့နယ် ၊ ဆမီးမြို့ပေါ်ရှိ စစ်ရှောင်ရွာသားများနှင့် ရပ်ကွက်နေသူများကိုလည်း စစ်တပ်ထောက်ခံပွဲ တွင် ပူးပေါင်းပါဝင်ရန် စစ်ကောင်စီ၏ ရှေ့တန်းနယ်မြေ တပ်မှူးများနှင့် ဒေသအာဏာပိုင်းများက အစည်းအဝေးခေါ်ကာ စည်းရုံးတိုက်တွန်းနေကြောင်း ဆမီးမြို့ ရပ်မိရပ်ဖ အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “မနေ့က မြို့နယ်ထွေ/အုပ်ရုံးမှာ ဗျူဟာမှူးက စည်းဝေးခေါ်ပြီးပြောတယ်။ ပထမ လမ်းလျောက်ချီတက် ပွဲလုပ် မယ်။ ခင်ဗျားတို့ ရပ်ကွက်က လူဘယ်နှစ်ယောက် ပါနိုင်မလဲ မေးတယ်။ ကျနော်တို့ကလည်း လမ်းလျှောက်ပွဲဆိုတဲ့ အတွက် စစ်ရှောင်စခန်း အပါအဝင် လူ ၁၀၀ကျော်လောက် ရနိုင်ပါတယ်လို့ ပြောလိုက်တယ်။ နောက်ပိုင်း ထောက်ခံ ပွဲဘက်ကို လှည့်ပြောလာတော့ ကျနော်တို့လည်း တက်၊ မတက် ဆိုတာကို အဖြေမပေးနိုင်တောဘူး။ ဘယ်လို လုပ်ရ မလဲဆိုတာလည်း မသိတော့ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ဆမီးမြို့ပေါ်တွင် အမှတ် (၁)၊ အမှတ် (၂ )၊ အမှတ် (၃) စသည့် ရပ်ကွက် ၃ ရက်ကွက် ရှိပြီး လူဦရေ ၃၀၀၀ ကျော် ရှိကြောင်း လည်း သိရသည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဒေသအာဏာပိုင်များသည် လာမည့် နိုဝင်ဘာ ၁ ရက်နေ့ စစ်တပ်၊ ရဲမိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကြံ့ခိုင်ရေး ပါတီဝင်များကို အမာခံထားပြီး ပလက်ဝမြို့ ပေါ်နှင့် ဆမီးမြို့ပေါ်တို့တွင် စစ်တပ် ထောက်ခံပွဲကိုတပြိုင်တည်းပြုလုပ်ရန် စီစဉ်လျက်ရှိရာ ပြည်သူကို ပူးပေါင်းပါဝင် ရန် လိုက်လံစည်းရုံးနေကြောင်းလည်း သိရသည်။

ယခုရပ်ပိုင်းအတွင်းလည်း ရခိုင်ပြည်နယ် ၊ တောင်ပိုင်းမြို့နယ်များဖြစ်သည့် သံတွဲ ၊ တောင်ကုတ် ၊ ကျောက်ဖြူ မြို့နယ် တို့တွင် တပ်မိသားစု၊ စစ်မှူးထမ်းဟောင်း အငြိမ်းစားအပါအဝင် ကြံ့ခိုင်ရေး ပါတီဝင်တို့ ပူးပေါင်းက စစ်တပ် ထောက်ခံပွဲတခုကို ပြုလုပ်ခဲ့ကြသည်။

You may also like these stories :

မြောက်ဦး လက္ကာရွာသားများအမှု နိုဝင်ဘာ ၅ ရက် အမိန့်ချမည်

ချင်းက မသန်စွမ်း စစ်ရှောင်တွေကို ကူညီပါ

စစ်ကောင်စီက ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်များအား အိမ်ပြန်ခိုင်းနေ

Your Thoughts …
Tags: ချင်းစစ်ကောင်စီစစ်တပ်ဆမီးပလက်ဝ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နာမည်ဆိုးဖြင့် ကျော်ကြားသည့် တပ်မ ၇၇ သည် ရန်ကုန်မြို့ပေါ်က လူထုဆန္ဒပြပွဲများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့် တပ်မတခုလည်းဖြစ်သည်။  / ဧရာဝတီ

ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ က ပျူစောထီး ၇၀ ခန့် ကိုစစ်သင်တန်းပေးနေ

ပုသိမ်ကြီးမြို့နယ်

မန္တလေးတွင် အုပ်ချုပ်ရေးမှုး၊ ရာအိမ်မှုးများ အစုလိုက်အပြုံလိုက် နုတ်ထွက်စာတင်

No Result
View All Result

Recommended

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

1 day ago
8.7k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.7k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate