စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးခံရသည့်ဖြစ်စဉ်အား ဒေါက်တာမျိုးအောင်က ယနေ့တရားခွင် အတွင်း ထည့်သွင်းထွက်ဆိုရာတွင် အမှုနှင့်မသက်ဆိုင်ဟုဆိုကာ တရားလိုရှေ့နေဘက်က ကန့်ကွက်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းကသိရသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့်အတူ တရားစွဲခံထားရသည့် နေ ပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်အနေဖြင့် ယနေ့အထူးတရားရုံးတရားခွင်တွင် သက်သေထွက်ဆိုခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းဖမ်းဆီးမှုအကြောင်းမထွက်ဆိုရန် တရားလိုရှေ့နေက ကန့်ကွက်ခဲ့သော်လည်း ဆက်လက်ထွက်ဆိုခွင့်ရခဲ့ ကြောင်းလည်း သိရသည်။
စစ်တပ်အာဏာသိမ်းသည့်နေ့က ဖမ်းဆီးခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရက်နေ့က တရားခွင်တွင် သမ္မတ ဦးဝင်းမြင့်က ကျန်းမာရေးအကြောင်းပြကာ သမ္မတရာထူးက နှုတ်ထွက်ရန် ဖိအားပေးခြိမ်းခြောက်ခံခဲ့ရပြီး ၎င်းအနေဖြင့် ငြင်းပယ်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ယင်းထွက်ဆိုချက်ကြောင့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေဖြင့် တရားဝင်နှုတ်ထွက်ခြင်းမရှိသေးသည့်အတွက် စစ်တပ်အ နေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်ကာ တရားမဝင်အာဏာသိမ်းခြင်းသာဖြစ်ကြောင်း ပိုမိုပေါ်လွင်ထင် ရှားခဲ့သည်ဟု ဝေဖန်သုံးသပ်မှုများရှိခဲ့သည်။
သမ္မတဦးဝင်းမြင့် သက်သေထွက်ဆိုပြီးနောက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့၏ ရှေ့နေအဖွဲ့ဝင်များအား အမှု နှင့်ပတ်သက်သည့် အကြောင်းအရာများ ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊ မီဒီယာများနှင့် ဖြေကြားပြောဆိုခြင်းမပြုရန် ပိတ် ပင်တားမြစ်ခဲ့သည်။
ယင်းအတွက် အာဏာသိမ်းသည့်နေ့က ဖမ်းဆီးခံရသည့်ဖြစ်စဉ်အပါအဝင် ပုဒ်မ ၅၀၅-ခ နှင့်အမှုနှင့်ပတ်သက်ပြီး အောက် တိုဘာ ၂၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက်နှင့် ယနေ့ ဒေါက်တာမျိုးအောင်၏ ထွက်ဆိုချက် အသေးစိတ် အား သိရှိရခြင်းမရှိသေးပေ။
ပုဒ်မ ၅၀၅-ခ ဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့အပေါ် တရားစွဲဆိုမှုမှာလည်း စစ်တပ် အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အမည်ဖြင့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်နှစ်စောင်နှင့် ပတ်သက်ပြီး ၎င်းတို့အနေဖြင့် တာဝန်ရှိသည်ဟုဆို ကာ အာဏာသိမ်းစစ်ကောင်စီက တရားစွဲထားခြင်းဖြစ်သည်။
သို့သော် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာမျိုးအောင်တို့မှာ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးချုပ်နှောင်ခံရကာ ပြင်ပနှင့်အဆက်အသွယ်ဖြတ်တောက်ခံထားရသည့်အတွက် ၎င်းကြေညာ ချက်များအား သိရှိခြင်းပင်မရှိကြောင်း ရှေ့နေများက ပြောထားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အနေဖြင့်လည်း ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ပြင်ပနှင့် အဆက်အသွယ်ပြတ်သွားသည့်အ တွက် ပုဒ်မ ၅၀၅-ခ ဖြင့် ပါဝင်ပတ်သက်ခြင်းမရှိဘဲ တရားစွဲဆိုမှုမှာ ယုတ္တိမရှိကြောင်းနှင့် အပြစ်လည်းမရှိကြောင်း အောက် တိုဘာ ၁၂ ရက်နေ့က ချေပထွက်ဆိုခဲ့သည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့က သီးခြားသက်သေတင် ပြခြင်းမရှိဘဲ ကိုယ်တိုင်ထွက်ဆိုချေပခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင် ဒေါက်တာမျိုးအောင် ထွက်ဆိုခဲ့ပြီးဖြစ်သည့်အတွက် စစ် ဆေးရန်သက်သေမရှိတော့ဘဲ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးလျှောက်လဲချက်ပေးရန် နိုဝင်ဘာ ၁၅ ရက်နေ့အား ပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။
ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်တဦးတည်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ဦးညီညီဆိုသူက တရားလိုပြုလုပ်ကာ တရားစွဲဆိုမှုတွင်လည်း ပြန်ခေါ်သက်သေအဖြစ် ဦးညီညီ၊ ဝေလွင်၊ အမှုစစ်အရာရှိ ဒုရဲမှူးကြီးသန်းအေးတို့အား စစ်ဆေးခဲ့သည်။
၎င်းအမှုတွင် ဒေါ်အောင်ဆန်းစုကြည်က “ပြစ်မှုကျူးလွန်ခြင်းမရှိသည့်အတွက် အပြစ်မရှိကြောင်း” ချေပထွက်ဆိုခဲ့သည်ဟု သိရသည်။
ယင်းအမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေတင်ပြမှုများရှိမရှိ ဆောင်ရွက်ရန် နိုဝင်ဘာ ၉ ရက်နေ့အား ရုံးချိန်းပြန်လည်ချိန်းဆိုထားသည်။
You may also like these stories:
ဒေါက်တာ ဇော်မြင့်မောင် ဖျားနာနေသဖြင့် မိသားစု စိုးရိမ်
NLD နာယက ဦးဝင်းထိန် ထောင်နှစ် ၂၀ ချခံရ
နာကျင်စရာတွေကို ခွန်အားအဖြစ် ပြောင်းပစ်မယ်လို့ မနီလာသိန်း ပြော