• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်ဖြူ SEZ ဧရိယာရှိ လယ်မြေများ လျော်ကြေးမရဘဲ သိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်

by ဧရာဝတီ
4 November 2021
in သတင်း
A A
ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်သည့် သိုင်းချောင်း ကျေးရွာအုပ်စုရှိ လယ်မြေများ / ဧရာဝတီ

ကျောက်ဖြူ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်သည့် သိုင်းချောင်း ကျေးရွာအုပ်စုရှိ လယ်မြေများ / ဧရာဝတီ

9.1k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်မည့် အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်း ဧရိယာအတွင်းကျ ရောက်သည့် လယ်မြေများ လျော်ကြေး မရရှိဘဲ မြေသိမ်းဆည်းခံရမည်ကို ဒေသခံလယ်သမားများက စိုးရိမ်နေကြောင်း သိရသည်။

စစ်ကောင်စီက ၎င်းတို့ လက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းကို အကောင်အထည်ဖော်ရန် မီးရထား ဒု ဝန်ကြီးဟောင်း ဦးမြင့်သိန်းအား ကျောက်ဖြူ SEZ အကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် ခန့်အပ်ကာ စီမံကိန်း ဇုန်အတွင်း ကျရောက် လယ်ယာမြေများအား ကွင်းဆင်းစိစစ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
38
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
27
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
49

ထိုသို့ ကွင်းဆင်းရာတွင် မြေယာပိုင်ဆိုင်မှုနှင့် လယ်ယာမြေစာရင်း ကောက်ယူရေး ကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက် သကဲ့သို့ ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်ကိုလည်း လယ်ယာမြေအရေး နှင့် ပတ်သက်ပြီး တာဝန် ပေးအပ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်နေ့က ဦးဘရှိန် ဦးဆောင်သော ကော်မတီအဖွဲ့နှင့် ကျောက်ဖြူမြို့နယ် အတွင်းရှိ သိုင်းချောင်းကျေးရွာ၊ ပျားတဲကျေးရွာအတွင်းမှ ဒေသခံ လယ်သမားများ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း လယ်သမား များက ပြောသည်။

ပျားတဲကျေးရွာမှ လယ်သမားတဦးဖြစ်သူ ဦးလှသိန်းက “မြေယာ လျော်ကြေးကိစ္စနဲ့ ပတ်သက်ပြီး အခုထိ ပွင့်လင်းမြင်သာ မှု ဘာမှမရှိဘူး။ ၂၃ ရက်နေ့က ဦးဘရှိန် ပြောခဲ့တဲ့စကားက ၁ ဧက ၁၈ သိန်း ပေးမယ်ဆိုတဲ့ သဘောမျိုး ပြောတယ်။ ၁၈ သိန်း ဆိုရင်တော့ ကျနော်တို့ ဘယ်လိုမှ ဒီစီမံကိန်းကို သဘောမတူနိုင်ဘူး” ဟု ဧရာဝတီကို ပြောသည်။

ထို့ပြင် စက်မှုဇုန်ဧရိယာအတွင်း ကျနေသည့် လယ်မြေ ၂၅၀ ဧကတွင်လည်း ဧကတချို့သာ လျော်ကြေးရရန် အခြေအနေ ရှိပြီး တချို့ ဒေသခံများ၏ လယ်ယာမြေများမှာ မြေလွတ်မြေရိုင်း သဘောမျိုးဖြင့် နေပြည်တော်မှ ဦးသိန်းစိန်၊ ဦးဇော်မျိုးဝင်း ဆိုသည့် လူပုဂ္ဂိုလ် အမည်ပေါက်ကာ မိရိုးဖလာ လုပ်ကိုင်စားသောက်နေသော လယ်သမားများ အနေဖြင့် ကျူးကျော်သူ အဖြစ် ရောက်ရှိနေကြောင်းလည်း လယ်သမားများက ဆိုသည်။

ပျားတဲကျေးရွာမှ လယ်သမား ဦးနုအောင်က “ကျနော်တို့ကို အခု ကျူးကျော်ဆိုပြီး ပြောနေတယ်။ ကျနော်တို့လယ်မြေတွေ က နေပြည်တော်က ဦးသိန်းစိန်၊ ဦးဇော်မျိုးဝင်း နာမည်တွေ ပေါက်နေတယ်ပေါ့။ ကျနော်တို့ မြေတွေကို ဘိုးစဉ် ဘောင်ဆက်လုပ်စားလာတာ နှစ်တွေကို ရေတွက်လို့တောင် မရတော့ဘူး။ ကျနော်တို့ ဦးသိန်းစိန်ဆိုတဲ့ လူကို မြင်လည်း မမြင်ဖူးဘူး။ လယ်မြေ ကို ရောင်းချခဲ့တာလည်း တကြိမ်တခါမှ မရှိဘူး” ဟု ပြောဆိုသည်။

ထိုသို့ တခြားသူ နာမည်ဖြင့် အမည်ပေါက် နေသော်လည်း အဆိုပါ ဦးနုအောင် ပိုင်ဆိုင်သည့် လယ်မြေ ၄ ဧက ကျော်မှာ ၎င်းတို့ မိသားစု လက်ရှိ အချိန်အထိ လုပ်ကိုင်စားသောက်နေဆဲ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

အဆိုပါ ကိစ္စရပ်များနှင့် ပတ်သက်၍ ကျောက်ဖြူမြို့ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်ကို မေးမြန်းရာ SEZ အကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဒေသခံ လယ်သမားများနှင့် တွေ့ဆုံဆွေးနွေးရေး ကိစ္စ တွင် ပူးပေါင်းကူညီရန် တာဝန်ပေးအပ်လာသည့်အတွက် ကြားခံအနေဖြင့် ကူညီဆောင်ရွက်ပေးခြင်းသာ ဖြစ်သည်ဟု ဆို သည်။

ဦးဘရှိန်က “SEZ ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်သိန်းက ဦးလေးကို လယ်သမားတွေနဲ့ တွေ့ဆုံရေးမှာ အကူညီပေးပါ။ ကွင်းဆင်း ပြီး လယ်သမားတွေနဲ့ တွေ့ဆုံဆွေးနွေးပေးပါ ဆိုပြီးတော့ တာဝန် ပေးအပ်လာတဲ့အတွက် ဦးလေးက သူတို့ သိသင့်တဲ့ ဥပဒေအကြောင်းတွေကို ပြောပြတာပဲ ရှိတယ်။ ဦးလေးကိုယ်တိုင် မြေသိမ်းဖို့ လူမဟုတ်။ မြေယာလျော်ကြေးပေးမယ့် လူ လည်း မဟုတ်ဘူး။ ကြားခံတယောက် အနေနဲ့ လယ်သမားတွေနဲ့ တွေ့ဆုံပြီး နှစ်ဖက်အဆင်ပြေအောင် ဆောင်ရွက်ပေး တာပဲ ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များကို ပွင့်လင်းမြင်သာစွာ ချပြခြင်း မရှိဘဲ မြေလျော်ကြေး တချို့တဝက်သာပေးပြီး မြေသိမ်းမည်ဆိုပါက လုံးဝ လက်ခံမည် မဟုတ်ကြောင်း ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာမှ လယ်သမား ဦးစောမောင်နုက ဆိုသည်။

“ကျနော်တို့ မြေတွေကို လျော်ကြေး မဖြစ်စလောက်ပေးပြီး ခင်ဗျားတို့ ထွက်သွားဆိုရင် ကျနော်တို့ ငှက်လို သစ်ပင်မှာ အသိုက် ဆောက်နေရမလား။ ဒါက လုံးဝ မဖြစ်နိုုင်ဘူး။ နောက်တခါ ၁ ဧက ၁၈ သိန်းပဲ ပေးမယ်ဆိုရင် ကျနော်တို့ကို သေအောင်သာ သတ်ပစ်တော့။ ဒေသခံတယောက် အနေနဲ့ ဒီစီမံကိန်းကို လုံးဝ သဘောမတူနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန်ပိုင်းကလည်း အဆိုပါ ကျောက်ဖြူမြို့နယ်အတွင်းရှိ ကန္ဒီးကျေးရွာအုပ်စု၊ ကပ်သပြေကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာအုပ်စု၊ ကြတ္တိန်ကျေးရွာအုပ်စု၊ သိုင်းချောင်းကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စု အတွင်းမှ မြေဧက ၂၅၀ ကို သက်ဆိုင်ရာ ဌာနများက ကွင်းဆင်းပြီး ပဏာမအနေဖြင့် လာရောက် မြေတိုင်းထွာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံ လယ်သမားများက SEZ အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက ပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များ အပါအဝင် မြေအမျိုးအစားအလိုက် ၁ ဧကလျှင် ကျပ်သိန်း ၉၀၀၊ သိန်း ၇၀၀၊ သိန်း ၅၀၀ စသည်ဖြင့် လျော်ကြေးပေး ရန် တောင်းခံထားသည်ဟု ဆိုသည်။

ကျောက်ဖြူ ကျေးလက်ဒေသဖွံ့ဖြိုးရေး အသင်းဥက္ကဋ္ဌ ဦးထွန်းကြည်ကလည်း စစ်ကောင်စီ အနေဖြင့် ဒေသခံ လယ်သမား များအား လယ်ယာမြေ လျော်ကြေးကိစ္စများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ချပြခြင်းမရှိဘဲ မြေပြင် အနေအထားအရ မြေသိမ်းရန် ကွင်းဆင်း ပြင်ဆင်မှုများကို တွေ့မြင်နေရကြောင်း ပြောသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်အတွင်း အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေဇုန် စီမံကိန်းကို ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက်က တရုတ်နိုင်ငံပိုင် ကုမ္ပဏီဖြစ်သည့် CITIC (China International Trust and Investment Corporation) က လုပ်ပိုင်ခွင့်တင်ဒါ အောင်မြင်ခဲ့သည်။

တရုတ်နိုင်ငံသည် ကချင်ပြည်နယ်ထဲရှိ မြစ်ဆုံစီမံကိန်းကို လက်လွှတ်လိုက်ရသည့် နောက်ပိုင်း ရခိုင်ပြည်နယ်ထဲမှ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်သည့် ကျောက်ဖြူကို တဖန်ရယူရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျောက်ဖြူ (SEZ) စီမံကိန်းကို ကျောက်ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ် အတွင်း တည်ဆောက်သွား မည်ဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှုနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်း တည်ဆောက်သွားရန်အတွက် မြေ ၄၂၈၉ ဒသမ ၃၂ ဧက ကို လျာထားကြောင်း သိရသည်။

စီမံကိန်းလုပ်ငန်းများတွင် စက်ရုံများ၊ အပန်းဖြေစခန်းများ၊ ဘဏ်လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ပြီး စီမံ ကိန်းဧရိယာအတွင်း ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်းပြင်၊ ဒိုးမတောင်၊ မဒေးကျွန်း စသည့် ကျေးရွာအုပ်စု ၉ စု ပါဝင်နေသည်။

အဓိက အရေးပါသော ရေနက်ဆိပ်ကမ်း ၂ ခုကို ကျောက်ဖြူမြို့နယ် မဒေးကျွန်းနှင့် ကျောက်ဖြူမြို့နယ် စစ်တောကျေးရွာ အုပ်စု၊ သစ်ပုတ်တောင် ကျေးရွာအနီးတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုသည်ထက် တရုတ်နိုင်ငံ အတွက် စစ်ရေးအရရော၊ အရပ်ဘက်ဆိုင်ရာ လုပ်ငန်းအတွက်ပါ အဓိက အသုံးချနိုင်မည့် စီမံကိန်းတခု ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုသည်။

You may also like these stories:

စစ်ကောင်စီအကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအာဃာတ ကြီးမားနေ

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင် ၂ ဦး အမှုအကြောင်း မပြောရန် ထပ်မံပိတ်ပင်ခံရ

ရခိုင်မှ NLD အမတ် ဦးရဲခေါင်ညွန့် အပါအဝင် ၄ ဦး ပြန်လွတ်

Your Thoughts …
Tags: ကျောက်ဖြူ SEZစစ်ကောင်စီလယ်မြေလျော်ကြေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ နိုဝင်ဘာတွင် ထိုင်းနိုင်ငံ၌ ကျင်းပသော RCEP ခေါင်းဆောင်များ ၃ ကြိမ်မြောက် အစည်းအဝေး /  Xinhua

ဒေသတွင်း ကုန်သွယ်ရေးစာချုပ် RCEP စတင် သက်ဝင်ရာတွင် မြန်မာ ချန်လှပ်ထားခြင်း ခံရ

ဦးဖြိုးမင်းသိန်းနှင့် ဇနီး ဒေါ်ခင်မိမိကြွယ်  / Phyo Min Thein/FB

ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိစွပ်စွဲချက် ဦးဖြိုးမင်းသိန်းဇနီး သက်သေထွက်ရန် ပျက်ကွက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate