နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီက ပို့ကုန်/သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုမှုအား သက်သေတင်ပြခြင်း မရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချေပ ထွက်ဆို မည် ဖြစ်ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။
ယနေ့ နေပြည်တော်ရှိ အထူး သီးသန့် တရားရုံးတွင်း ရုံးထုတ်ရာ၌ ယင်းအမှု နှစ်မှုအတွက် စွပ်စွဲခံရသူအနေဖြင့် သက်သေ တင်ပြခြင်း ရှိမရှိ တရားသူကြီးက မေးမြန်းခဲ့ခြင်းဖြစ်ပြီး စွပ်စွဲခံရသူများက တင်ပြရန် မရှိကြောင်း ပြောခဲ့သည်ဟု သိရ သည်။
အဆိုပါ အမှုနှစ်ခုနှင့် ပတ်သက်ပြီး နိုဝင်ဘာ ၂၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် ချေပထွက်ဆိုမည်ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်တွင် နှစ်ဖက် ရှေ့နေများက နောက်ဆုံး လျှောက်လဲချက် ပေးကြမည်ဖြစ်ကြောင်းလည်း သိရသည်။
ယင်း အမှုနှစ်မှုသည် စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်က မြနန်းဘုံသာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေ အိမ်အား ဝင်ရောက် စီးနင်းစဉ် လုံခြုံရေးအဖွဲ့ နေထိုင်သည့် အဆောင်မှ တွေ့ရှိခဲ့သည့် စကားပြောစက် ၁၀ နှင့် Jammer ဟု ခေါ်သည့် ဆက်သွယ်ရေးလိုင်း ဖြတ်တောက်စက်တစုံအား တွေ့ရှိခဲ့သည် ဟုဆိုကာ အမှုဖွင့် တရားစွဲဆိုထားခြင်း ဖြစ် သည်။
အမှုနှင့် ပတ်သက်ပြီး တရားလိုနှင့် တရားလိုပြသက်သေများအား စစ်ဆေး မေးမြန်းစဉ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နေအိမ် ခြံဝင်း ဖွဲ့စည်းပုံအား မြေပုံရေးဆွဲပေးခဲ့ပြီး ရှေ့နေများအား မေးမြန်းစေခဲ့သည်။
ယနေ့ ရုံးချိန်းတွင် သမ္မတ ဦးဝင်းမြင့်အပေါ် စစ်ကောင်စီက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် စွဲဆိုထားသည့်အမှုအား စစ်ဆေးခဲ့ခြင်းမရှိဘဲ နိုဝင်ဘာလ ၂၂ ရက်အား ပြန်လည် ချိန်းဆိုခဲ့သည်။
နိုဝင်ဘာလ ၁၆ ရက် ရုံးချိန်းတွင် ဦးညီညီဆိုသူက သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် သီးခြား တရားစွဲဆိုမှုအား ဒေါ်အောင်ဆန်းစုကြည်က သက်သေထွက်ဆိုရန်ရှိပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲ ဆိုခံထားရမှုကိုလည်း နှစ်ဖက်ရှေ့နေများ အပြီးသတ် လျှောက်လဲချက် ပေးကြမည် ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင်ကို သက်သေတင်
တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော့ရှန် မြန်မာနိုင်ငံသို့ ရောက်နေ
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်