စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ဘက်ဒေသ၊ ချင်းပြည်နယ်အစပ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာ သိမ်းစစ်ကောင်စီတပ်များအကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး ကလေး PDF စခန်းငယ်တခု သိမ်းပိုက်ခံရကာ အမျိုး သား ၂ ဦးနှင့် အမျိုးသမီး ၉ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသကာကွယ်ရေးတပ် ဖွဲ့များက သတင်းထုတ်ပြန်သည်။
ကလေး PDF တပ်ရင်း ၃ အောက်ရှိ တပ်ဖွဲ့ဝင် ၂၀ ကျော်စခန်းချနေထိုင်သည့် တပ်ခွဲစခန်းတခုအား နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်ကာ စီးနင်းသိမ်းပိုက်ခဲ့ပြီး PDF ဆေးတပ်ဖွဲ့မှ အမျိုးသမီး ၉ ဦးနှင့် အမျိုးသား ၂ ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများထဲမှ အမျိုးသား ၂ ဦးမှာ စစ်ကောင်စီတပ်ဖွဲ့က သတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိထားသော်လည်း အ တည်မပြုနိုင်သေးကြောင်းနှင့် ယနေ့တွင် အင်တာနက်စာမျက်နှာများပေါ်၌ ထွက်ပေါ်လာသည့် ဖမ်းဆီးခံသည်ဆိုသော အ မျိုးသမီးများမှာလည်း မိမိတို့ဆေးတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ကလေး PDF က အတည်ပြုထုတ်ပြန်ထားသည်။
ယင်းသို့ဖမ်းဆီးခံလိုက်ရသူများ ပြန်လည်လွတ်မြောက်ရေး ကြိုးပမ်းလျှက်ရှိရာမှာ ယနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက် ၈ နာ ရီခန့်တွင် တိုက်ပွဲဆက် လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များအား ကလေး PDF၊ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် CDF (KKG)၊ ကလေးကာကွယ်ရေးတပ် (RKDF) နှင့် ရပ်ရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။
“ယမန်နေ့က တပ်ရင်း ၃ မှ ဖမ်းဆီးခံရသော Medical Team တပ်ဖွဲ့ဝင်များတွင် ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်ဟောင်းများ ပါဝင်သည့် အတွက် များစွာစိတ်မကောင်းဖြစ်ရသည်၊ ဖမ်းဆီးခံရသော တပ်ဖွဲ့ဝင်များ ပြန်လည်ကယ်ထုတ်နိုင်ရန် စစ်ကောင်စီတပ်များအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းသွားမည်” ဟု RKDF က ဆိုထားသည်။
ကလေးဒေသက ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကလည်း ယမန်နေ့မနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အနည်းဆုံး ၂၀ ဦးခန့်သေ ဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် CNDF တပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်သည်။
၎င်းတိုက်ပွဲများနှင့်ဆက်စပ်ပြီး ယမန်နေ့ မွန်းလွဲပိုင်းကလည်း ကလေးမြို့အနောက်တောင်ပိုင်း ရှားတော၊ မြို့ကြီးကုန်း၊ မြို့ လှ ရပ်ကွက်နေရာများမှ စစ်ကြောင်းခွဲတက်လာသည့် စစ်ကောင်စီတပ်များကိုလည်း ကလေး PDF နှင့်ပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်ခဲ့သေးသည်။
ယင်းအပြင် တာဟန်းရပ်ကွက်ရှိ ရဲစခန်းကိုလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြပြီး တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများအား အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းလည်း က လေး PDF က ယမန်နေ့က ထုတ်ပြန်ထားသည်။
ကလေးမြို့နယ်အတွင်း ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်ပြီး နေရာအချို့တွင် လုံခြုံရေးများ တင်းကြပ်ထားသော်လည်း မြို့ပေါ်တွင် ယနေ့မနက်ပိုင်းက စစ်အာဏာရှင် ပြုတ်ကျရေး လူငယ်အချို့က ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မွန်လွဲပိုင်းတွင်လည်း ဖောက်ခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။
ပေါက်ကွဲမှုမှာ ကလေးမြို့လေယာဉ်ကွင်း၊ ပြေးလမ်းအနီးတွင် မနက် ၁၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
You may also like these stories:
ချင်းတောင်တန်းအတွက် တာဝန်ကျေခဲ့တဲ့ ဦးနိန်ကီးယော
ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား