ဦးဖြိုးမင်းသိန်းထံက လာဘ်ယူခဲ့ကြောင်းစွပ်စွဲတရားစွဲဆိုမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူဖြစ်သူ ဒေါ် ဝေဝေသန်းအား တရားလိုပြသက်သေအဖြစ် ထည့်သွင်းထားကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်အကူတဦးအား တရားလိုပြသက်သေအဖြစ် ထွက်ဆိုရန် စီစဉ်ထားခြင်း ဖြစ်သော်လည်း သင့်တော်သည့်အချိန်တွင် ခေါ်ယူသွားမည်ဖြစ် ကြောင်းလည်း တရားရုံးဘက်က ပြောခဲ့သည်ဟု သိရသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းသည် ဝန်ကြီးချုပ်တာဝန်ယူစဉ်က လုပ်ဆောင်ချက်များချောမွေ့စေရန် ဒေါ် အောင်ဆန်းစုကြည်အား ရွှေ ၇ ပိဿနှင့် ဒေါ်လာ ၆ သိန်းပေးခဲ့ကြောင်း ပြောဆိုမှုနှင့်ပတ်သက်ပြီး အာဏာ သိမ်းစစ်ကောင် စီက ဒေါ်အောင်ဆန်းစုကြည်အား အဂတိလိုက်စားသည်ဟုဆိုကာ တရားစွဲဆိုထားခြင်းဖြစ်သည်။
အမှုနှင့်ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ ဦးဖြိုးမင်းသိန်းနှင့် ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်တို့က သက်သေများအဖြစ် ယခင် ရုံးချိန်းများတွင် ထွက်ဆိုချက်ပေးခဲ့ပြီဖြစ်သည်။
နေပြည်တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်၏ လရောင်တောစီမံကိန်းမြေနေရာချထားပေးမှုနှင့် ပတ်သက်သည့် အဂတိနှစ်မှု နှင့် ပတ်သက်၍လည်း နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ထွက်ဆိုခဲ့သည်။
အမှုနှစ်ခုအတွက် သက်သေထွက်ဆိုခဲ့ရသည့် ဦးမျိုးအောင်၏ ထွက်ဆိုချက်မှာ ရှည်ကြာသည့်အတွက် စွပ်စွဲခံရသူများ၏ ရှေ့နေမှ စစ်မေးချိန် နာရီဝက်ခန့်သာရခဲ့ပြီး ဆက်လက်စစ်ဆေးရန် နောက်ရုံးချိန်းသို့ ချိန်းဆိုခဲ့ရသည်။
နေပြည်တော်တွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုများနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးရန် နိုဝင်ဘာ ၂၆ ရက်နေ့အား ပြန်လည်ချိန်းဆိုခဲ့သည်။
ယင်းအပြင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သားလမ်းရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစု ကြည်အား ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်တွင် စွဲဆိုထားသည့် အဂတိမှုမှာလည်း လက်ရှိစစ်ဆေးနေဆဲ အထူးတ ရားရုံးသို့ လွှဲပြောင်းခဲ့ပြီး ဆက်လက်စစ်ဆေးရန် ဒီဇင်ဘာ ၃ ရက်နေ့အား ရုံးချိန်းချိန်းဆိုထားကြောင်း သိရသည်။
You may also like these stories:
NUG က လုပ်ကြံသတ်ဖြတ်မည့် စာရင်းသွင်းထားဟု စစ်တပ်နှင့် နီးစပ်သူများ နိုင်ငံတကာကို စာပို့
မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
အာဏာသိမ်းခေါင်းဆောင်နှင့် တရုတ်၊ ဂျပန်၊ ထိုင်း အဆင့်မြင့်အရာရှိများတွေ့ဆုံ