• English
Friday, June 20, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တပ်ထံ လက်နက်ချထားသည့် ဗိုလ်မှူးကြီးစောဆန်းအောင်ကို DKBA က ဗျူဟာမှူး ပြန်ခန့်

by ဧရာဝတီ
27 November 2021
in သတင်း
A A
၂၀၁၅ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ်တွင် ပြုလုပ်သည့်ညီလာခံကို ရောက်ရှိလာသည့် ဗိုလ်မှူးကြီး စောဆန်းအောင် / ဧရာဝတီ

၂၀၁၅ ခုနှစ်က ကရင်အမျိုးသား အစည်းအရုံး (KNU) ဌာနချုပ်တွင် ပြုလုပ်သည့်ညီလာခံကို ရောက်ရှိလာသည့် ဗိုလ်မှူးကြီး စောဆန်းအောင် / ဧရာဝတီ

19.9k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်တပ်ထံ လက်နက်ချထားသည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA – ခွဲထွက် အဖွဲ့) ခေါင်းဆောင် ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ အခြေချစစ်ဗျူ ဟာမှူးအဖြစ် တာဝန်ပြန်ပေးလိုက်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်ထံမှ သိရသည်။

မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် ဌာနချုပ်တွင် နိုဝင်ဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ပြုလုပ်သည့် တပ်မှူးများ အစည်းအဝေးတွင် ထိုကဲ့သို့ တာဝန်ပေးလိုက်ခြင်း ဖြစ်ကြောင်း DKBA မှ ဗိုလ်မှူးကြီး တဦးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

ကရင်နီ၌ စက်သုံးဆီပြတ်လာ

ကရင်နီ၌ စက်သုံးဆီပြတ်လာ

20 June 2025
99
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

20 June 2025
952
ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ယဉ်ကျေးမှု အမွေအနှစ်များ (၁)

20 June 2025
87

၎င်းက “ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဗဟိုအခြေချ စစ်ဗျူဟာရဲ့ ဗျူဟာမှူးအဖြစ် တာဝန်ပေးလိုက်တာ ဟုတ်ပါတယ်။ တပ်မှူး များ အစည်းအဝေးမှာ အများသဘောတူ တာဝန်ပေးလိုက်တာပါ” ဟု ဆိုသည်။

အဆိုပါ အစည်းအဝေးတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်၏ လစ်လပ်နေသော ဒုတိယ စစ်ဦးစီးချုပ်ရာထူး အတွက်လည်း ယခင်က တပ်မဟာမှူးတာဝန် ယူဖူးသူ ဗိုလ်မှူးချုပ်စောတာခူးကို ရွေးချယ်တာဝန်ပေးအပ်ခဲ့ကြောင်း ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ ဗိုလ်မှူးကြီး တဦးက ပြောသည်။

ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA-ခွဲထွက်အဖွဲ့) တပ်ဖွဲ့ဝင် ၁၃ ဦးသည် ၂၀၂၀ ခုနှစ် မတ်လ ဒုတိယပတ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံ လက်နက်အပ်ပြီး အလင်း ဝင်ခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်က လက်နက်ချသည့် အခမ်းအနားကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ ဌာနချုပ်ရှိရာ ကရင်ပြည် နယ်၊ မြဝတီခရိုင်၊ ဆုံဆည်းမြိုင်တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း အခမ်းအနားအဖြစ် ကျင်းပခဲ့ကြသေးသည်။

ထိုသို့ လက်နက်ချခဲ့ပြီး ၁ နှစ်ကျော်အကြာတွင် ဗိုလ်မှူးကြီးစောဆန်းအောင်ကို ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၏ ဗျူဟာမှူးအဖြစ် ခန့်အပ်လာခြင်း ဖြစ်သည်။

စစ်တပ်ထံ လက်နက်ချခဲ့ဖူးသည့် ဗိုလ်မှူးကြီးစောဆန်းအောင်ကို မည်သည့်အကြောင်းကြောင့် ဗျူဟာမှူးအဖြစ် ပြန် လည်ရွေးချယ်ရသည်နှင့် ပတ်သက်၍ ဧရာဝတီက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်မှ ဗိုလ်မှူးကြီး တဦးကို မေးမြန်း ခဲ့သော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။

၂၀၂၀ မတ်လက ဗိုလ်မှူးစောဆန်းအောင်နှင့်အတူ အလင်းဝင်သွားသူများ / ကရင်အမျိုးသား မီဒီယာ

၎င်းက “လတ်တလောတော့ ဒီလောက်ပဲ ပြောပြလို့ရပါတယ်” ဟု ဆိုသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ ခွဲထွက်ထားသော တပ်ဖွဲ့ ဖြစ်သည်။

မိခင်တပ်ဖွဲ့ ဖြစ်သည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်က NCA ထိုးရေး ညှိနှိုင်းနေစဉ် ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့က ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)၊ မြန်မာစစ်တပ်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားသဖြင့် ဌာနချုပ်မှ ထုတ်ပယ်မှု ခံလိုက်ရခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်တွင် ဗိုလ်မှူးကြီးစောဆန်းအောင်ကို ထုတ်ပယ်ခဲ့သလို ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် ကလို့ထူးဝါး ဗျူဟာတခုလုံးကိုလည်း DKBA က ထုတ်ပယ်ခဲ့သည်။

ထုတ်ပယ်ခံရသည့် အရာရှိများက ပြန်လည်စုစည်းပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော် (DKBA) ကို ထူထောင်ကာ BGF နှင့် တိုက်ပွဲများ ဆက်ဖြစ်ပွားခဲ့သည်။

၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့သည် ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း သွားရောက် နေထိုင်ခဲ့သေးသည်။

ထို့နောက် ၂၀၁၇ နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်သို့ ပြန်လည် ဝင်ရောက်လာပြီး မယ်သဝေါဒေသ၌ မြန်မာစစ်တပ်၊ BGF တို့ဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် မေလတွင် ဗိုလ်မှူးကြီးစောဆန်းအောင်သည် ကရင် အမျိုးသားအစည်းအရုံး (KNU) နှင့် ပြန်လည်ပူးပေါင်းသွားသည် ဟူသော သတင်းများ လူမှုကွန်ရက်စာမျက်နှာတွင် ထွက် ပေါ်လာသေးသော်လည်း KNU တပ်မှူးအချို့ကမူ သတင်းအမှားသာ ဖြစ်ကြောင်း ကရင်ပြည်နယ်အခြေစိုက် မီဒီယာများ သို့ ပြောဆိုခဲ့သည်။

You may also like these stories:

မြန်မာဘီယာထုတ်သည့် ဂျပန်-မြန်မာ ဖက်စပ်ကုမ္ပဏီ ဖျက်သိမ်းတော့မည်

မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်

ဂျပန်အစိုးရ ငွေစိုက်ထုတ်သည့် ဟိုတယ်က စစ်တပ်သို့ မြေငှားခပေးနေသောအခါ

Your Thoughts …
Tags: DKBAဗိုလ်မှူးကြီးစောဆန်းအောင်ဗျူဟာမှူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
26.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.4k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.5k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

မြဝတီနှင့် ကရင်စစ်မျက်နှာ အလှည့်အပြောင်း

by အေးချမ်းဆု
11 April 2024
11.2k

ကရင်စစ်မျက်နှာရှိ ဖာပွန်၊ မြဝတီ စစ်နယ်နှစ်ခုအနက် တခုကိုသာ ထိုးစစ်ဝင်နိုင်သည်။

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

ကျောက်ခက်၌ ပိတ်လှောင်ခံထားရသူ ရာချီ ကျန်နေ

by ဧရာဝတီ
13 February 2025
11.2k

ပြန်လွတ်လာသူများသည် အလုပ်ဆိုက်များမှ ထွက်ပြေးသည်ကို DKBA မှ ပြန်ဖမ်းမိသူများ၊ ငွေကြးဖြင့် ပြန်ရွေးရသူများနှင့် ကျားဖြန့် ငွေလိမ်အလုပ်ကို ကောင်းစွာမလုပ်နိုင်သူများကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး အွန်လိုင်းလိမ်လည်သည့်လုပ်ငန်းများအား အဆင်ပြေပြေ လုပ်နိုင်သူများကို ချန်လှပ်ထားကြောင်း သိရသည်။

Next Post
အိုမီခရွန်သည် လက်ရှိအချိန်အထိ စိုးရိမ်စရာဟု သတ်မှတ်ထားသောမျိုးကွဲများတွင် ပဉ္စမမြောက် ဖြစ်သည် / AFP

ကိုဗစ်ပိုးသစ် Omicron အကြောင်း သိရသမျှ

ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦး ဘာကြောင့် ရာထူးက ဖယ်ရှားခံခဲ့ရသလဲ (ရုပ်/သံ)

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

6 days ago
5.8k
မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

2 years ago
94.4k

Most Read

  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

    shares
    Share 0 Tweet 0
  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • ဝေဖန်သံတွေညံနေတဲ့ CDM နိုင်ငံ့ဝန်ထမ်းဥပဒေ

    shares
    Share 0 Tweet 0
  • ရန်ကုန်-မြဝတီလမ်းပေါ်က ဝါးတားဂိတ်များ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate