ကချင်ပြည်နယ် မိုးညှင်းမြို့အထွက် မိုးညှင်း- နမ္မားလမ်းပိုင်းတနေရာတွင် စစ်ကောင်စီ၏ ကား ၂ စီးကို ကချင်လွတ် လပ်ရေးတပ် (KIA) နှင့် ကချင်ပြည်နယ်အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း KIA ထံက သိရသည်။
“တိုက်ခိုက်ခဲ့တယ်ဆိုတာ မှန်ပါတယ်။ အောက်ခြေသတင်းကတော့ အသေးစိတ် မသိရသေးဘူး” ဟု KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီသို့ ပြောသည်။
ဒေသခံအချို့၏ ပြောဆိုချက်ကို ကိုးကားရေးသားသည့် ကချင်ပြည်နယ်အခြေစိုက် မီဒီယာများအဆိုအရ မိုးညှင်း မှ မြစ်ကြီးနားသို့ လာသော စစ်ကောင်စီ၏ အိမ်စီးကား ၂ စီးကို နံနက် ၆ နာရီ ဝန်းကျင်ခန့်တွင် နမ္မားမြို့ မရောက်မီ ရှမ်းညောင်ကုန်းနှင့် လက်ပံတန်းကျေးရွာ ၂ ခုကြား၌ KIA နှင့် PDF များက မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
KIA နှင့် PDF ပူးပေါင်း တပ်ဖွဲ့များသည် မိုင်းခွဲပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား နာရီဝက်ခန့် ပစ်ခတ်ခဲ့ကာ ပြန် လည် ဆုတ်ခွာသွားကြောင်း ကချင်ပြည်နယ်အခြေစိုက် မီဒီယာများက ဖော်ပြသည်။
မိုင်းပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၇ ဦး သေဆုံးသွားကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာ ဝတီက သီးခြား အတည်မပြုနိုင်ပေ။
မိုင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘေးပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ပစ်ခတ်မှုများ ပြု လုပ်ခဲ့သဖြင့် လက်ပံတန်းရွာရှိ နေအိမ်အချို့ လည်း သေနတ်ကျည်ဆန် ထိမှန်မှုရှိခဲ့ပြီး နွား ၂ ကောင် သေဆုံးသွား ကြောင်း မိုးညှင်းမြို့ ဒေသခံ တဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်ည ၇ နာရီခန့်ကလည်း မိုးညှင်းမြို့ရှိ မော်ဟန် ရဲစခန်းရှေ့တွင် ဝက်တင်လာသော ကား တစီးအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်မောင်း သေနတ်ကျည်ထိမှန် သေဆုံးပြီး ကားပေါ် ပါလာသည့် အမျိုးသားတဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း မိုးညှင်း ဒေသခံများထံက သိရသည်။
အလားတူပင် နိုဝင်ဘာလ ၂၈ နေ့လယ်ကလည်း ကချင်ပြည်နယ် မိုးမောက်မြို့ ရှိ စစ်ကောင်စီ၏ အမှတ် (၄၃၇) ခြေမြန် တပ်ရင်း ဝန်းကျင်တွင် မိုင်းပေါက်ကွဲမှု တခု ဖြစ်ပွားပြီးနောက် အဆိုပါ တပ်ရင်းက မိုးမောက်မြို့ ကြေးနန်းရပ်ကွက်ရှိ ကချင် နှစ်ခြင်း ခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းထဲသို့ လက်နက်ကြီးဖြင့် ၁၃ ချက်ခန့် ချိန်ရွယ်ပစ်ခတ်ခဲ့သေးသည်။
ယင်း ပစ်ခတ်မှုကြောင့် ဘုရားကျောင်းဝင်းအတွင်း လူအများသို့ ထိခိုက်မှု မရှိသော်လည်း ရပ်ထားသော သင်းအုပ်ဆရာ တော်တပါး၏ ကားတစီး ပျက်စီးသွားသလို ကျောင်းဝင်းအတွင်းရှိ ဧဒင် စစ်ဘေးရှောင်စခန်း ရုံးခန်းသို့လည်း လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း မိုးမောက် ဒေသခံအချို့က ဧရာဝတီသို့ ပြောသည်။
လက်ရှိ အချိန်အထိလည်း မိုးမောက်မြို့ ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းအတွင်း မပေါက်ကွဲ သေးသည့် လက်နက်ကြီး ကျည်အချို့ ရှိနေသေးကြောင်း မိုးမောက်ဒေသခံမျာထံက သိရသည်။
You may also like these stories:
ဒီးမော့ဆိုတွင် စစ်ကောင်စီနှင့် KNDF စစ်ရေး တင်းမာနေ
မုံးကိုးတွင် MNDAA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေ
အာဏာသိမ်း စစ်တပ်နှင့် AA တို့ တိုက်ပွဲ ပြန်ဖြစ်