• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကြည့်မြင်တိုင်သပိတ်ဖြိုခွဲမှု ဥပဒေကို ကျော်လွန်ဆောင်ရွက်သည့် လူသတ်မှုဟု ဟုဆို

by ဧရာဝတီ
6 December 2021
in သတင်း
A A
ကြည့်မြင်တိုင် လူထုသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပြီး တွေ့ရစဉ် / CJ

ကြည့်မြင်တိုင် လူထုသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပြီး တွေ့ရစဉ် / CJ

17.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေကြသည့် လူထုသပိတ်စစ်ကြောင်းကို အာဏာသိမ်း စစ်ကောင်စီတပ်က ကားဖြင့်တိုက် ဖြိုခွဲခဲ့ခြင်းမှာ တည်ဆဲ ဥပဒေနှင့် ဆန့်ကျင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ဆန္ဒပြ လူငယ် ၅ ဦး သေဆုံးနိုင်သည်ဟု ဆိုကြပြီး အနည်းဆုံး ၁၅ ဦးခန့် အဖမ်းခံရကြောင်း မြင်တွေ့သည့် ဒေသခံများထံက သိရသည်။

RelatedPosts

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

တမူး ပကဖ တွေ သတ်ခံရမှု NUG ဘယ်လိုကိုင်တွယ်နေလဲ (ရုပ်/သံ)

20 May 2025
3
ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

20 May 2025
261
စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

စစ်ကောင်စီ ရဟတ်ယာဉ် ၂ စီးကို KIA ပစ်ချ (ရုပ်/သံ)

20 May 2025
68

ဥပဒေပညာရှင် တဦးကလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သပိတ်စစ်ကြောင်းကို ဥပဒေနှင့်အညီ စနစ်တကျ လူစုခွဲ ခြင်း မဟုတ်ဘဲ တည်ဆဲ ဥပဒေများနှင့် ဆန့်ကျင် ဆောင်ရွက်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောသည်။

ဥပဒေ ပညာရှင် တဦး က “မြန်မာနိုင်ငံမှာ တည်ဆဲဖြစ်တဲ့ ရာဇဝတ်ကျင့်ထုံး ဥပဒေ၊ မြန်မာနိုင်ငံရဲလက်ဆွဲဥပဒေ ၊ မြန်မာနိုင်ငံ အဓိကရုဏ်း နှိမ်နင်း ရေး အက်ဥပဒေ အဲဒီမှာ ပါတဲ့ ပြဋ္ဌာန်းချက်တွေ ဒါတွေနဲ့ လုံးဝ ညီညွတ်မှု မရှိဘူးလို့ ပြောနိုင်ပါတယ်။ အလားတူပဲ တည်ဆဲ ဥပဒေတရပ် ဖြစ်တဲ့ ၁၉၅၉ ခု တပ်မတော်အက်ဥပဒေနဲ့ တပ်မတော် နည်းဥပဒေတွေမှာလည်း ဒီလို သပိတ်ဖြိုခွဲမှုနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်ခြင်းမရှိတဲ့ အတွက် ဒါတွေနဲ့လည်း ညီညွတ်မှု မရှိဘူးလို့ပြောလို့ရတယ်” ဟု ဆို သည်။

ကြည့်မြင်တိုင် လူထုသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပြီး တွေ့ရစဉ် (ဓာတ်ပုံ- CJ)

ကြည့်မြင်တိုင်မြို့နယ် သပိတ်ဖြိုခွင်းမှုဖြစ်ရပ်နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်တွင် လုံခြုံရေး တပ်ဖွဲ့များက လူစုခွဲထိန်းသိမ်းခြင်းများပြုလုပ်ခဲ့ရာတွင် ကျား ၈ ဦး၊ မ ၃ ဦး စုစုပေါင်း ၁၁ ဦးကိုဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ကျား ၂ ဦတွင် မစိုးရိမ်ရဒဏ်ရာများနှင့် မ တဦးတွင် စိုးရိမ်ရသည့် ဒဏ်ရာ အခြေအနေဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း အဆိုပါ သပိတ်ဖြိုခွင်းမှုတွင် လုံခြုံရေးတပ်ဖွဲ့များက ကားဖြင့် အကြမ်းဖက် ဝင်တိုက်၍ သတ်ဖြတ်ခြင်း၊ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊ အကြမ်းဖက် ဖမ်းဆီးရိုက်နှက်ခြင်းနှင့် ပြည်သူများအပေါ် ယုတ်ရင့်ကြမ်းတမ်းစွာ ဆဲဆိုခြင်းများကို ထိန်ချန်ထားသည်။

ဆန္ဒပြလူငယ်များသည် ခွင့်ပြုချက်ရယူခြင်း မရှိဘဲ လူစုဝေးပြီး ဆန္ဒပြသည်ဆိုပါက ငြိမ်းစုစီဥပဒေဖြင့် သာ အရေးယူနိုင် ကြောင်း ထိုသို့ အရေးယူပါကလည်း ထောင်ဒဏ် ၁ လသာ ကျခံနိုင်ပြီး နောက်ထပ်ကျူးလွန်မှသာ ထောင် ၁ နှစ်ချနိုင် ကြောင်း အထက်ပါ ဥပဒေပညာရှင်က ရှင်းပြသည်။

ကြည့်မြင်တိုင် လူထုသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပြီး တွေ့ရစဉ် (ဓာတ်ပုံ- CJ)

၎င်းက “ဖြစ်စဉ်မှာ နစကရဲ့ အာဏာသိမ်းမှုကို အလိုမရှိတဲ့ လူငယ်တွေဟာ လက်နက် မပါဘဲနဲ့ သူတို့လက်ထဲမှာ သပြေပန်းနဲ့ နှင်းဆီပန်းပဲ ပါတယ်။ အမြင့်ဆုံး ထောင်ဒဏ် ၁ နှစ် အထိ ကျနိုင်တဲ့ ပြုလုပ်မှုတခုကို ဒီလိုမျိုး အသက်သေဆုံးသည် အထိ ကားနဲ့ တိုက်တယ်။ သေနတ်နဲ့ ပစ်တယ်။ ဒါသည် ဥပဒေကို ကျော်လွန်ပြီး ဥပဒေကို ဆန့်ကျင်ပြီးတော့မှ အလွန် အကျွံ ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ပြောလို့ရတယ်။ ဆောင်ရွက်တဲ့သူတွေသည် တပ်မတော်သားဖြစ်စေ၊ ရဲတပ်ဖွဲ့ဝင်ပဲ ဖြစ်စေ၊ တရားဥပဒေ စိုးမိုးမှုကို ဘယ်လိုပဲ ဆောင်ရွက်သည်ဖြစ်စေ။ ဒါသည် တည်ဆဲဥပဒေနဲ့ ညီညွတ်ခြင်း မရှိတဲ့ အတွက် ဒါသည် လူသတ်မှုလို့ ပြောရမယ့် အနေအထား ဖြစ်ပါတယ်” ဟု ဆိုသည်။

သပိတ်စစ်ကြောင်း စတင်ပြီး မကြာမီ အချိန်တွင် အရှိန်ဖြင့် မောင်းနှင်လာသည့် စစ်ကောင်စီတပ်၏ကားဖြင့် တိုက်ခြင်းနှင့် သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် သေဆုံးရသူ အချို့မှာ သွေးထွက်လွန်သဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း သပိတ်စစ် ကြောင်းတွင် ပါဝင်သူတဦးက ဆိုသည်။

၎င်းက “ခြေလှမ်း အလှမ်း ၂၀ လောက်ပဲ လျှောက်ရသေးတယ်။ လျှောက်ပြီးတော့ Double Cup တစီးပေါ့။ စစ်သား ၇ ယောက်၊ ၈ ယောက်ပေါ့။ အနောက်ကနေ ဝင်တိုက်တာ။ ဝင်တိုက်တော့ လူတွေက ၁၅ ပေ၊ ပေ ၂၀ လောက် လွင့်သွားတာပေါ့။ တချို့ လူတွေကလည်း လမ်းပေါ်မှာ ပြန့်ကျဲ၊ မထနိုင်၊ တချို့ကလည်း ဦးခေါင်းနဲ့ လမ်းပေါ် ကျတာ။ အဲဒီလိုပေါ့။ သေတဲ့လူ တွေလည်း ရှိနိုင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကြည့်မြင်တိုင် လူထုသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပြီး တွေ့ရစဉ် (ဓာတ်ပုံ- CJ)

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ တဟုန်ထိုး ကားတိုက်မှုကြောင့် သပိတ်စစ်ကြောင်း တွင် ပါဝင်သူ တချို့မှာ ၁၅ ပေခန့် လွင့်စင်သွားပြီး အလဲလဲအပြိုပြို ဖြစ်သွားကြောင်း၊ ထို့နောက် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များသည် လဲကျ ဒဏ်ရာရနေသူများကို သေနတ်ဒင်များဖြင့် လိုက်ထုနေကြောင်း ပြောသည်။

သပိတ်စစ်ကြောင်း ဖြိုခွဲခံရပြီးနောက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သပိတ်စစ်ကြောင်းတွင် ပါသူများ၊ ဘေးနားတွင် ကြည့်ရှုနေသူများသာမက ၎င်းတို့၏ အကြမ်းဖက်ဖြိုခွဲသည့် လုပ်ရပ်ကို ရုပ်သံမှတ်တမ်းရိုက်သူများကိုပါ သိမ်းကျုံးပြီး ဖမ်း ဆီးသွားကြောင်း ၎င်းက ဆိုသည်။

ဆန္ဒပြသပိတ်များသည် နိုင်ငံရေးနည်းနှင့် အာဏာသိမ်းမှုကို အကြမ်းမဖက်ဘဲ ဆန့်ကျင်နေခြင်း ဖြစ်ကြောင်း၊ ဆန္ဒပြ သပိတ် ဖြိုခွင်းခံရသော်လည်း သပိတ်မှောက်မှုကို ရပ်တန့်မည် မဟုတ်ဘဲ အခွင့်သာသည်နှင့် ဆက်လက် သပိတ်မှောက် ဆန္ဒပြမည်ဖြစ်ကြောင်း ရန်ကုန်လူထုသပိတ်တွင် ပါဝင်သူတဦးက ပြောသည်။

ရန်ကုန်လူထုကလည်း အဆိုပါဖြစ်စဉ်ကို လက်မခံကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီကို အလိုမရှိကြောင်း ပြသည့် အနေဖြင့် စမ်းချောင်း၊ မြေနီကုန်း၊ လှည်းတန်း၊ ကြည့်မြင်တိုင်၊ တာမွေ၊ ရန်ကင်း အပါအဝင် မြို့နယ်အချို့တွင် သပိတ်ဖြိုခွင်းခံရသည့် ညနေပိုင်းမှာပင် သံပုံးတီး သပိတ် ဆင်နွှဲခဲ့ကြသည်။

ကြည့်မြင်တိုင် လူထုသပိတ်ကို အကြမ်းဖက်ဖြိုခွဲမှုအပြီး တွေ့ရစဉ် (ဓာတ်ပုံ- CJ)

ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်လူထုသပိတ်ဖြိုခွဲခံရမှုသည် ရန်ကုန်တွင် ထိခိုက် ဒဏ် ရာရမှု အများဆုံး ပြောက်ကျားသပိတ် ဖြိုခွဲခံရမှုဖြစ်ပြီး အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်သို့ ရောက်ရှိနေစဉ်တွင် ဖြစ်ပွားခြင်း ဖြစ်သည်။

အာဏာသိမ်း စစ်ခေါင်းဆောင်သည် တပ်မတော် ခေါင်းဆောင်ဟောင်းများဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ သူရ ဦးတင်ဦးနှင့် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်တို့အား ရန်ကုန်မြို့ရှိ ၎င်းတို့ နေအိမ်များ တွင် လိုက်လံ တွေ့ဆုံနေခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အများစုနှင့် ဖွဲ့ထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကလည်း ရန်ကုန်လူထု သပိတ်ဖြိုခွဲခံရမှုအတွက် ပြည်သူလူထု တရပ်လုံးနှင့် ထပ်တူ ဝမ်းနည်းကြောင်း ဒီဇင်ဘာလ ၅ ရက် ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီနှင့် စစ်ကောင်စီ လက်ပါးစေများ၏ နေ့စဉ် ကျူးလွန်နေသော ရာဇဝတ်မှုများကို ပြင်းပြင်းထန် ထန် ရှုတ်ချပြီး ၎င်းတို့အား သံတမန် နည်းလမ်း အပါအဝင် လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်နိုင်ရေး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်သွယ် ဆောင်ရွက်နေကြောင်း CRPH ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

You may also like these stories:

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်းကို အာဏာသိမ်းခေါင်းဆောင် သွားတွေ့

သေနတ်ပျောက်သည့် စွပ်စွဲချက်ဖြင့် ကော့မှူးမှ ပြည်သူအချို့ ဓားစာခံအဖြစ် ဖမ်းဆီးခံရ

စစ်ကောင်စီကို ဖိအားပေးရန် နည်းမျိုးစုံ သုံးမည်ဟု အမေရိကန် သံတမန် ပြော

Your Thoughts …
Tags: ကြည့်မြင်တိုင်လူထုသပိတ်အကြမ်းဖက် ဖြိုခွဲမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

by ဧရာဝတီ
1 February 2024
2.4k

အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက် အသက်ရှုကျပ်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ၃ နှစ်တာအခြေအနေကို ပြန်ပြောင်း ပုံဖော်တဲ့ အခါ မြန်မာနိုင်ငံဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း စလို့ အမှောင်ကျခဲ့တာလို့ ဆိုရမှာပါ။

ကြည့်မြင်တိုင်က အုပ်ချုပ်ရေးမှူးရုံးတွေ ဖောက်ခွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

ကြည့်မြင်တိုင်က အုပ်ချုပ်ရေးမှူးရုံးတွေ ဖောက်ခွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

by မိုးသောက်
1 October 2024
204

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က အလတ်ချောင်းနဲ့ စက်ဆန်း ရပ်ကွက်နှစ်ခုက အုပ်ချုပ်ရေးမှူးရုံးတွေ စက်တင်ဘာလ ၃၀ ရက်နေ့က ဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရပြီး သေဆုံး၊ ဒဏ်ရာရမှုတွေရှိခဲ့ပါတယ်။

အာဏာသိမ်းမှုနှင့် အကြမ်းဖက် သတ်ဖြတ်မှုများအတွက် တာဝန်အရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း

ကြည့်မြင်တိုင် အကြမ်းဖက်မှု တရားခံ

by ဧရာဝတီ
14 December 2021
44.4k

“ပြေး … ပြေး” ဟူသော ရင်ခေါင်းသံကြီးဖြင့် အော်ဟစ်သတိပေးသံများ၊ လမ်းမထက်မှ လူ များ၏ ဝရုန်းသုန်းကား ပြေးလွှားနေမှုများသည် ရန်ကုန် ဆောင်းနံနက်ခင်းကို အလန့်တကြား လှုပ်နိုးလိုက်သည်။

ဧပြီလ ၃ ရက် ညပိုင်း ၇နာရီဝန်းကျင်ခန့်က  ကြည့်မြင်တိုင် ဟုမ်းလမ်း (ပန်းလှိုင်လမ်း) အား စစ်ကား ၊ ရဲကား ၊ အိမ်စီးကားများဖြင့် ပိတ်ထားသည့် မြင်ကွင်း / CJ

ပစ်ခတ်ဖမ်းဆီးခံရသည့် ရန်ကုန်ပြောက်ကျားအဖွဲ့ဝင် ၆ ဦး စစ်ကြောရေး ရောက်နေ

by ဧရာဝတီ
5 April 2022
26.9k

ကြည့်မြင်တိုင်မြို့နယ် ဟုမ်းလမ်းနှင့် ထီးတန်းလမ်းရှိ တိုက်ခန်းများသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား အများပြားဖြင့် ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၄ ဦးနှင့် အမျိုးသမီး၂ ဦးတို့ ဖမ်းဆီးခံရကာ၊ အမျိုးသား ၁ ဦး မှာ...

အသံတိတ်သပိတ် ဆင်နွှဲခဲ့တဲ့ ရန်ကုန်မြို့ပေါ်က ဒီဇင်ဘာ ၁၀ ရက်နေ့ မြင်ကွင်း  / CJ

စစ်ကောင်စီ ဖိနှိပ်မှုကြောင့် လူထုဆန့်ကျင်မှုများ ပိုမိုအားကောင်းလာ

by ဧရာဝတီ
16 December 2021
8.5k

အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သည့် လူထုလှုပ်ရှားမှုများ မပေါ်ပေါက်ရန် နည်းလမ်းမျိုးစုံသုံး၍ ဖိနှိပ်နေစဉ်မှာပင် မြန်မာပြည်သူသန်းနှင့်ချီက အသံတိတ်သပိတ် (Silent Strike) ဆင်နွှဲပြီး မြန်မာစစ်အုပ်စုကို အာခံခဲ့ကြသည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်

ဆန္ဒပြလူငယ်များကို ကားဖြင့်တိုက် လူစုခွဲမှု အပြီးတွင် တွေ့ရစဉ်  / CJ

ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို ကားဖြင့်တိုက်သတ် ဖြိုခွင်းမှု နိုင်ငံတကာ ရှုတ်ချ

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate