နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာဏာသိမ်းစစ်ကောင်စီရဲ့ အထူးသီးသန့်တရားရုံးက ယနေ့ မှာ ထောင်ဒဏ် ၄ နှစ် အမိန့်ချလိုက်ကြောင်း တရားရုံးနှင့် နီစပ်သူများထံက သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဆူပူစေရန်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရခြင်းလည်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နည်းတူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် ယနေ့ချမှတ်ခံခဲ့ရသည်။
ယင်းအပြင် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်သည်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။
ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ပြီးနောက် ၎င်းတို့အား မည်သည့်ထောင်သို့ ပို့ဆောင်မည်ကို မသိရသေးပေ။
၎င်းတို့သုံးဦးစလုံးသည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရသူများဖြစ်ပြီး ၁၀ လကျော်အကြာတွင် ပထမဆုံးအနေဖြင့် ပြစ်ဒဏ်ချမှတ်ခြင်းလည်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာ သိမ်းစစ်ကောင်စီက တရားစွဲဆိုထားသည့် အမှု ၁၀ မှုကိုလည်း ထပ်မံတရားရင်ဆိုင်ရဦးမည်ဖြစ်သည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင်ကို သက်သေတင်