စစ်ကောင်စီ ခေါင်းဆောင်များနှင့် ဆွေးနွေးရေး မြန်မာနိုင်ငံသို့ လာရောက်ရန် အစီအစဉ် ရှိကြောင်းနှင့် မြန်မာ စစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးများသို့ တရားဝင် ဖိတ်ကြားသင့်ကြောင်း ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြောဆိုလိုက်ကြောင်း သိရသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများက တောင်းဆိုသည့် သဘောတူညီချက်များကို ဖြည့်ဆည်းရန် မြန်မာစစ်ကောင်စီဘက်မှ ပျက်ကွက်ပြီးနောက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိပေ။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်က အာဏာသိမ်းကာ ဒေါ်ဆောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါဝင် NLD အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးထားပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများက တောင်းဆိုသည့် သဘောတူညီချက်များကို ဖြည့်ဆည်းရန် မြန်မာစစ်ကောင်စီဘက်မှ ပျက်ကွက်ပြီးနောက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခဲ့ခြင်း မရှိပေ။
လာမည့်နှစ်တွင် ကမ္ဘောဒီးယားက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ အစည်းအဝေးသို့ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံး တက်ရောက်သင့်ကြောင်း မစ္စတာ ဟွန်ဆန်က ပြောသည်ဟု Reuters သတင်းတရပ်တွင် ဖော်ပြသည်။
တရုတ်က ရန်ပုံငွေ ကမကထပြုသည့် ဆောက်လုပ်ရေး စီမံကိန်း ဖွင့်ပွဲအခမ်းအနားတွင် မစ္စတာ ဟွန်ဆန်က ထိုသို့ မှတ်ချက်ပြုခြင်း ဖြစ်သည်။
မြန်မာစစ်ကောင်စီက ခန့်အပ်သည့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားသို့ လာရောက်ရန် ရှိသည်ဟုလည်း ကမ္ဘောဒီးယား ဝန်ကြီးချုပ်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် နေပြည်သို့ သွားရောက်ရန် ရှိနေကြောင်း၊ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းနှင့် လုပ်ကိုင်ရန် ရှိသည်များကို မလုပ်လျှင် အခြား ဆက်ဆံလုပ်ကိုင်ရမည့်သူ မရှိကြောင်းလည်း မစ္စတာ ဟွန်ဆန်က ပြောသည်။
ထို့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က အာဆီယံ သဘောတူညီချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရန်မူအား ကိုးကားပြီး အာဆီယံသဘောတူညီချက်အရ အခြားအဖွဲ့ဝင်များက ဖယ်ကျဉ်ထားထားခွင့် မရှိကြောင်းလည်း ပြောသည်။
ထို့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာ ဟွန်ဆန်က အာဆီယံ သဘောတူညီချက်ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို မစွက်ဖက်ရန်မူအား ကိုးကားပြီး အာဆီယံသဘောတူညီချက်အရ အခြားအဖွဲ့ဝင်များက ဖယ်ကျဉ်ထားထားခွင့် မရှိကြောင်းလည်း ပြောသည်။
လက်ရှိအခြေအနေတွင် ယမန်နေ့က ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ရှိ လူငယ်များ ဆန္ဒပြပွဲကို ကားဖြင့်တိုက်၊ ပစ်ခတ် နှိမ်နင်းမှုများကြောင်း ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ထိုအကြမ်းဖက် ဖြိုခွင်းမှုအပေါ် စိုးရိမ်ကြောင်းနှင့် ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
ကိုးကား : Reuters
You may also like these stories:
ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ
ASEAN နှင့် မြန်မာ့အကျပ်အတည်း သို့မဟုတ် တရုတ်၏ နောက်ထပ်ခြေလှမ်း
စစ်ကောင်စီကို ဖိအားပေးရန် နည်းမျိုးစုံ သုံးမည်ဟု အမေရိကန် သံတမန် ပြော
အာဏာသိမ်းမှု မြန်မာ့ပြည်တွင်းရေးသာဖြစ်ဟု ထိုင်း ဒုဝန်ကြီးချုပ်ပြော