သတင်း

အသိအမှတ်ပြုရန် ဂျပန်ကို NUG တောင်းဆို၊ စစ်ကောင်စီကလည်း အကူအညီများ ပြန်ရရန် သွေးဆောင်

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ပြီးခဲ့သည့်လတွင် ဂျပန်သို့ တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြုရန် တောင်းဆိုလိုက်ကြောင်း ဂျပန်အစိုးရနှင့် နီးစပ်သူများက ပြောသည်။

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါနှင့် နိုင်ငံခြားရေး ဝန်ကြီး ယိုရှီမာဆာ ဟာယာရှီထံ လိပ်မူထားသော ပေးပို့စာတွင် တိုကျိုရှိ မြန်မာစစ်ကောင်စီ ဩဇာခံ မြန်မာသံရုံးကို စင်ပြိုင်သည့်အနေဖြင့် NUG က ဂျပန်နိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး ဖွင့်ရန် အစီအစဉ်ရှိကြောင်း ဖော်ပြထားသည်ဟု ကျိုဒိုသတင်းဌာနက ဖော်ပြသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြီးတန်း အရာရှိတဦးကမူ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်ဖွယ် မရှိကြောင်း ပြောသည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက NUG ၏ ပေးပို့စာ လက်ခံရရှိခြင်း ရှိ၊ မရှိကို မှတ်ချက် မပေးချေ။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က ကိုယ်စားလှယ်ရုံးများကို အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ တောင်ကိုရီးယား အပါအဝင် နိုင်ငံအများအပြားတွင် ဖွင့်လှစ်ပြီး ဖြစ်သည်။

ဂျပန်က မြန်မာစစ်ကောင်စီကို အသိအမှတ်ပြုခြင်း မရှိသော်လည်း အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို သတိထားနေနေပြီး စစ်ကောင်စီနှင့် ဂျပန်သံအမတ် အိချိရော မာယူယာမ အပါအဝင် သက်ဆိုင်သူများအကြား လွတ်လပ်သည့် ဆက်သွယ်ရေး လမ်းကြောင်း၏ အရေးကြီးမှုကိုသာ အလေးပေး ပြောဆိုနေသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြီးတန်း အရာရှိတဦးကမူ NUG ကို တရားဝင် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်ဖွယ် မရှိကြောင်း ပြောသည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက NUG ၏ ပေးပို့စာ လက်ခံရရှိခြင်း ရှိ၊ မရှိကို မှတ်ချက် မပေးချေ။

ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဆူပူအုံကြွဆန့်ကျင်မှုများ ရှိနေသော်လည်း ဝန်ကြီး ဦးအောင်နိုင်ဦးကမူ မြန်မာ့အခြေအနေမှာ ပုံမှန်ဖြစ်နေပါပြီဟုလည်း ပြောသည်။

တချိန်တည်းတွင်ပင် မြန်မာစစ်ကောင်စီက ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံဖြိုးရေးအကူအညီအဖြစ် ပေးထားသည့် စီမံကိန်းသစ်များကို ဆိုင်းငံ့ မထားပါရန် မေတ္တာရပ်ခံနေသည်။

စစ်ကောင်စီက ခန့်အပ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ဂျပန်စီးပွားရေးလုပ်ငန်းများ မြန်မာပြည် ပြန်လာရန်၊ လုပ်ငန်းများတိုးချဲ့ရန်နှင့် ယခင်ကထက် ပိုကောင်းသော စီးပွားရေးဝန်းကျင် ဖန်တီးပေးရန် အာမခံကြောင်း ကျိုဒိုသတင်းဌာနအပါအဝင် ဂျပန်သတင်းမီဒီယာများသို့ ဖြေကြားသည်။

စစ်ကောင်စီကို ဆန့်ကျင်အုံကြွမှုများကြောင့် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း မကြုံစဖူး မြင့်တက်နေပြီး စားနပ်ရိက္ခာလည်း အခက်အခဲရှိလာနေသည်။

ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ဆူပူအုံကြွဆန့်ကျင်မှုများ ရှိနေသော်လည်း ဝန်ကြီး ဦးအောင်နိုင်ဦးကမူ မြန်မာ့အခြေအနေမှာ ပုံမှန်ဖြစ်နေပါပြီဟုလည်း ပြောသည်။

စစ်ကောင်စီကို ဆန့်ကျင်အုံကြွမှုများကြောင့် မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း မကြုံစဖူး မြင့်တက်နေပြီး စားနပ်ရိက္ခာလည်း အခက်အခဲရှိလာနေသည်။

ယခုနှစ် အစောပိုင်းတွင် ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွားရေးသည် စက်တင်ဘာလ ဘဏ္ဍာရေးနှစ် အကုန်တွင် ၁၈ ရာခိုင်နှုန်း ကြုံ့ဝင်သွားလိမ့်မည်ဖြစ်ပြီး မိသားစုများ၊ အသက်မွေးဝမ်းကြောင်းများ၊ ဆင်းရဲနွမ်းပါးမှုနှင့် အနာဂတ် တိုးတက်မှုကို ထိခိုက်စေလိမ့်မည်ဟု သတိပေးထားပြီး ဖြစ်သည်။

ကိုးကား။ ။ Kyodo News

You may also like these stories:

ကီရင်က ဦးပိုင်နှင့် လမ်းခွဲရန် စင်ကာပူ တရားရုံးမှာ အမှုပြန်ဖွင့်

မရေရာမှုများဖြင့် မြန်မာ့အထူးစီးပွားရေးဇုန်များ

စီးပွားရေး လုပ်ငန်းကြီးများ မြန်မာကို ကျောခိုင်းမှု တိုးလာနေ

ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်ဓားကို ပြုပြင်ထိန်းသိမ်းထား

Loading