ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး အကြံပေး ပါမောက္ခ ရှောင်တာနဲလ်တို့အား အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃-၁ (ဂ) ဖြင့် တရားစွဲမှုအား ယနေ့ ရုံးချိန်းတွင် တရားလိုပြ သက်သေမလာ၍ မစစ်ဆေး နိုင်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူ တဦးထံက သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင် ဖမ်းဆီးခံရသည့် ပါမောက္ခ ရှောင်တာနယ်၏ လက်တော့ပ်ကွန်ပျူတာ အတွင်းမှ စာရွက်စာတမ်းများ တွေ့ရှိသည် ဟုဆိုကာ ၎င်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ ဘဏ္ဍာ ဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့အား ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည့် လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် စစ်ကောင်စီက တရားစွဲထားခြင်း ဖြစ်သည်။
ယင်းပြင် ယနေ့ရုံးချိန်းတွင် ပါမောက္ခ ရှောင်တာနယ်အား လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် တဦးတည်း သီးခြား စွဲဆိုထား သည့် အမှုမှ တရားလိုပြ သက်သေတဦးအား စစ်ဆေးခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် ၄ နှစ်ချမှတ်ခံထားရသည့် ဒေါ်အောင်ဆန်းစု ကြည်အား ယနေ့ ရုံးချိန်းတွင် ပုံမှန်အတိုင်းသာ ရုံးထုတ်ခဲ့ကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား အထူးသီးသန့် တရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့သော်လည်း အာဏာသိမ်း စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂ နှစ်အား လျော့ပေါ့ လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့် ကျန် ၂ နှစ်အား လက်ရှိ ချုပ်နှောင်ထားသည့် နေရာတွင်ပင် ကျခံရမည်ဖြစ်ကြောင်း ယင်းနေ့တွင်ပင် ကြေညာခဲ့သည်။
ယနေ့ ရုံးချိန်းတွင် ၎င်းတို့ ၅ ဦးလုံး ကျန်းမာရေး ကောင်းမွန်သည့် အခြေအနေ ရှိကြောင်းနှင့် ရုံးချိန်းအား ဒီဇင်ဘာ ၁၆ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အား ထောင်ဒဏ် ၄ နှစ်စီ ချမှတ်