• English
Wednesday, December 6, 2023
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

    အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

    စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

      တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      လမ်ပန်းက ပြန်ခဲ့တယ်

      လမ်ပန်းက ပြန်ခဲ့တယ်

      မိန်းမ နှင့် ငွေ

      မိန်းမ နှင့် ငွေ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

      ထရဂျဒီ၊ ကွန်မီဒီ

      ထရဂျဒီ၊ ကွန်မီဒီ

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      စုပေါင်း ဘုံဗိမာန်သို့ ခရီး

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

      အမျိုးသမီး သတင်းစာဆရာ

      အမျိုးသမီး သတင်းစာဆရာ

      လောင်စာ

      လောင်စာ

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate
      • Home
      • သတင်း
        • All
        • Crime
        • Development
        • Environment
        • Ethnic Issues
        • Human Rights
        • Military
        • Obituary
        • Politics
        • Religion
        • Women
        • သတင်းတို
        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍  ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်တွေမြို့ တဖက်ကမ်း ကျေးရွာများကို စစ်ကောင်စီ မီးရှို့၍ ဒေသခံ သောင်းချီထွက်ပြေးနေရ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        မြန်မာတွင် လူကုန်ကူးခံရသူများ ခန္ဓာကိုယ်အစိတ်အပိုင်း ထုတ်ရောင်းခံရ

        အာရှလမ်းပေါ် တိုက်ပွဲပြင်းနေ၍ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး ရပ်တန့်

        စစ်ကိုင်းနှင့်ကချင် ထိစပ်နေသည့် မြို့များ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာလာကြ

        Trending Tags

          • All
          • Crime
          • Development
          • Environment
          • Ethnic Issues
          • Human Rights
          • Military
          • Obituary
          • Politics
          • Religion
          • Women
          • သတင်းတို
        • ဆောင်းပါး
        • စီးပွားရေး
        • အာဘော်
          • All
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • အယ်ဒီတာ့အာဘော်
          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အမြစ်ဖြတ်မည်ဟု AA ပြော

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          တော်လှန်ရေးအင်အားစုတို့ ပြင်ဆင်ရမည့် တရားဥပဒေစိုးမိုးရေး စိန်ခေါ်မှု

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          စစ်ကောင်စီအတွက် ရွေးစရာကောင်း မကျန်တော့

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          ရခိုင်စစ်မျက်နှာက စစ်တပ်ရဲ့ ဖြတ်လေးဖြတ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးကို မှတ်တမ်းတင်ဖို့ အရေးကြီးတယ်

          တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          ယုံကြည်မှု လွန်ကဲသူများနှင့် ဒဿနိကဗေဒ

          • All
          • အယ်ဒီတာ့အာဘော်
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
        • Lifestyle
          • All
          • Automobile
          • Coronavirus Update
          • Culture
          • Education
          • Entertainment
          • Event
          • Food
          • Health
          • Travel
          • Trend
          • အားကစား
          လမ်ပန်းက ပြန်ခဲ့တယ်

          လမ်ပန်းက ပြန်ခဲ့တယ်

          မိန်းမ နှင့် ငွေ

          မိန်းမ နှင့် ငွေ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          နွေလယ် ညတည အိပ်မက် နောက်ဆက်တွဲ

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          စစ်ရှိန်မြင့်လာ၍ ပြည်တွင်းလည်ပတ်မှု ခရီးစဉ်တချို့ ဖျက်သိမ်း

          ထရဂျဒီ၊ ကွန်မီဒီ

          ထရဂျဒီ၊ ကွန်မီဒီ

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          စုပေါင်း ဘုံဗိမာန်သို့ ခရီး

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပွဲ ဖျက်သိမ်း

          အမျိုးသမီး သတင်းစာဆရာ

          အမျိုးသမီး သတင်းစာဆရာ

          လောင်စာ

          လောင်စာ

          Trending Tags

            • All
            • Entertainment
            • Event
            • Travel
            • Food
            • Trend
            • Culture
            • Health
            • Coronavirus Update
            • Automobile
            • အားကစား
          • Cartoon
          • Photo Essay
          • Women & Gender
          • Labor Rights
          • Election
          • Organized Crime Guide
          • Donate
          No Result
          View All Result
          
          No Result
          View All Result
          Home သတင်း

          အာဏာရှင်လက်အောက်က အာဃာတနှင့် တရားစီရင်ရေး

          by ဧရာဝတီ
          11 December 2021
          in သတင်း
          Reading Time: 1 min read
          A A
          မေလ ၂၄ ရက် နေပြည်တော်တရားခွင်တခုတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်

          မေလ ၂၄ ရက် နေပြည်တော်တရားခွင်တခုတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်

          16.8k
          VIEWS
          Share on FacebookShare on Twitter

          အာဏာသိမ်းချိန်က စလို့ ဆယ်လကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီ ထိန်းချုပ်တဲ့ အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်တာဟာ အတုအယောင် တရားစီရင်ရေးသာ ဖြစ်တယ်လို့ နိုင်ငံတကာက ဝေဖန် ရှုတ်ချလိုက်ပါတယ်။

          နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှာရှိတဲ့ အထူးတရားရုံးဟာ ပွင့်လင်းမြင်သာမှု ကင်းမဲ့ပြီး အများပြည်သူ ကြားနာသိရှိခွင့် မရှိ သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဟာလည်း အမှုအကြောင်း ပြင်ပမှာ မပြောဖို့ အမိန့်ထုတ်ပြန် ခြိမ်းခြောက်ခံထား ရပါတယ်။

          RelatedPosts

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

          5 December 2023
          1.8k
          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

          5 December 2023
          9k
          ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

          ကြာပိုင်ရွာ သတ်ဖြတ်မှုကြောင့် စစ်ရှောင်များ ရွာပြန်မဝင်ရဲ

          5 December 2023
          778

          ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲ ဘက်ချ်လက်က “နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်အုပ်စု ထိန်း ချုပ်တဲ့ တရားရုံး၏ အတုအယောင် တရားခွင်မှာ လျှို့ဝှက်သော လုပ်ထုံးလုပ်နည်းများဖြင့် စီရင်ချမှတ်ခြင်းသည် နိုင်ငံရေး ပယောဂ သက်သက်သာ ဖြစ်တယ်။ စစ်အုပ်စုဟာ တရားရုံးကို အသုံးချပြီး နိုင်ငံရေး အတိုက်အခံအားလုံးကို ရှင်းလင်းပစ်ဖို့ ကြိုးစားနေတယ်” လို့ ဝေဖန်ခဲ့ပါတယ်။

          အမိန့်ချမှတ်မှုနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ နေ့ချင်းပင် ပြစ်ဒဏ်တဝက် လွတ်ငြိမ်းခွင့်ပေးကြောင်း ကြေညာပြီး ကျန်ရှိတဲ့ ပြစ်ဒဏ် တဝက်ကို လက်ရှိ ချုပ်နှောင်ထားတဲ့ နေရာမှာပဲ ကျခံရမယ်လို့ ဆိုပါတယ်။

          ဒါ့ပြင် “တရားဥပဒေ စိုးမိုးရေးအတွက် တည်ဆဲဥပဒေနဲ့ အညီ မှန်ကန်မျှတစွာ တရားစီရင်မှုကို နိုင်ငံသားအားလုံးက လေး စားလိုက်နာ ခံယူကြရမည် ဖြစ်ပါသည်” လို့လည်း အာဏာသိမ်း ခေါင်းဆောင်က ဆိုပါတယ်။

          ဒီလိုပြောဆို လုပ်ဆောင်မှုကပင် စစ်ခေါင်းဆောင်အနေနဲ့ အာဏာ ပိုင်စိုးသူဖြစ်ကြောင်း ပြသလိုခြင်းနဲ့ သက်ညှာသယောင် စာနာမှုပြကာ စစ်အုပ်ချုပ်ရေး တရားဝင်မှုအတွက် ဥပဒေအရ လိမ်ညာဖုံးကွယ်မှုများသာ ဖြစ်တယ်လို့ လေ့လာသူများက သုံးသပ်ကြပါတယ်။

          အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ယာယီ သမ္မတ ဒူဝါလရှီးလက စစ်ခေါင်းတွေအနေနဲ့ ထောင်ဒဏ် ၄ နှစ်ချမှတ်ပြီး ၂ နှစ် လျှော့ပေါ့ပေးကြောင်း ကရုဏာထား ဆောင်ရွက်သယောင် ကြေညာသွားခြင်းဟာ ဥပဒေမဲ့ ပရမ်းပတာ လုပ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံကို အလုံးစုံ ပျက်သုဉ်းရေးသို့ တွန်းပို့နေသူတွေ ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

          တရားဥပဒေ စိုးမိုးရေးလို့ ကြွေးကြော်နေတဲ့ စစ်ခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး ၎င်းတို့ထိန်းချုပ်မှု အောက်က ပြင်ပနဲ့ အဆက်အသွယ် ဖြတ်တောက်ထားချိန်မှာ ကာယကံရှင်တွေ ကိုယ်တိုင်မသိတဲ့ ကြေညာချက် နှစ် စောင်နဲ့ ပတ်သက်ပြီး ဆူပူအောင် လှုံ့ဆော်တယ်လို့ ဆိုကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ နဲ့ ထောင်ဒဏ် ၂ နှစ် ချ မှတ်စေခဲ့တာပဲ ဖြစ်ပါတယ်။

          ဒီစွပ်စွဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်တို့ သုံးဦးစလုံးက ဖမ်းဆီးချုပ်နှောင်ခံထားရချိန် ကိုယ်တိုင်မသိတဲ့ ကြေညာ ချက်နဲ့ တရားစွဲဆိုတာဟာ အခြေအမြစ် မရှိကြောင်းနဲ့ စွပ်စွဲချက်ကို ကျူးလွန်းတာ မရှိတဲ့အတွက် အပြစ်မရှိဘူးလို့ ချေပခဲ့ ကြပေမယ့် စစ်အုပ်စုထိန်းချုပ်တဲ့ တရားခွင်မှာ အရာမထင်ခဲ့ပါဘူး။

          ဥပဒေရေးရာ ကျွမ်းကျင်သူတဦးက “ စိတ်အားဖြင့် ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ တစုံတရာ ညွှန်ကြားစေခိုင်းနိုင်တဲ့ အခြေ အနေမရှိတဲ့ အနေအထားမျိုး ပေါ်ပေါက်နေပါလျက် NLD ထုတ်ပြန်တဲ့ ကြေညာချက်တွေကို အခြေခံပြီးတော့ အပြစ်ရှိ တယ်လို့ သုံးသပ် ပြစ်ဒဏ်ချမှတ်တာဟာ တကယ်မြေပြင်မှာ ပေါ်ပေါက်နေတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲမှု ရှိတယ်၊ ဥပဒေအရလည်း သင့်လျော်မျှတမှု မရှိသလို သဘာဝ တရားမျှတမှု အရလည်း သင့်လျော်မျှတမှု မရှိဘူး” လို့ ပြောပါ တယ်။

          ယနေ့အထိလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတတို့ကို ဘယ်နေရာမှာ ချုပ်နှောင်ထားတယ် ဆိုတာကို စစ်အုပ်စုက ဖုံး ကွယ် ထိန်ချန်ထားဆဲ ဖြစ်ပါတယ်။

          ဥပဒေ လေးစား လိုက်နာရေးဆိုတဲ့ စစ်ခေါင်းဆောင်ဟာ အာဏာသိမ်းပြီးပြီးချင်း စလုပ်ခဲ့တာက အရပ်သား အစိုးရ ခေါင်း ဆောင်တွေကို ဖမ်းဆီးတာနဲ့ သူ့ရဲ့ တပ်ချုပ် ရာထူး သက်တမ်း အကန့်အသတ်မဲ့ ဖြစ်စေဖို့ စစ်ဘက် ညွှန်ကြားချက်တွေ ပြင်ဆင်တာ၊ ဥပဒေပါ နိုင်ငံသားတွေကို ကာကွယ်ပေးထားတဲ့ အချက်တွေ ပယ်ဖျက်ပြီး ဖိနှိပ်ရေးသက်သက် ပြစ်ဒဏ်တိုး တာ၊ ဥပဒေ ပြင်ဆင်တာတွေသာ လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

          ဥပမာအားဖြင့် NLD အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံ မှုကို အကာအကွယ်ပေးရေး ဥပဒေ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေတို့မှာ ပါရှိတဲ့ နိုင်ငံသားတွေကို အကာ အကွယ်ပေးထားတဲ့ အချက်တွေကို ပယ်ဖျက်ပြီး စစ်အစိုးရ အဆက်ဆက် ဖိနှိပ်ကျင့်သုံးခဲ့တဲ့ အရေးပေါ် စီမံမှု အက်ဥပဒေ ပါ ပြဋ္ဌာန်းချက်တွေကို ပြန်လည် အသက်သွင်းခဲ့တာပဲ ဖြစ်ပါတယ်။

          အာဏာသိမ်းပြီး ဖေဖော်ဝါရီ ၁၃ ရက်က စတင်ခဲ့တဲ့ ဥပဒေ ပြင်ဆင်မှုတွေဟာ ၂၈ ခုခန့် ရှိနေပြီဖြစ်ပြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေနဲ့ ဆန့်ကျင်ပြီး ပြဋ္ဌာန်းထားချက်တွေကို တွေ့ရတယ်လို့ ဥပဒေရေးရာ ကျွမ်းကျင်သူ တဦးက သုံးသပ်ပါတယ်။

          ၎င်းက “ပြင်ဆင်လိုက်တဲ့ ဥပဒေတွေကို အသုံးပြုပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရဲတပ်ဖွဲ့က နိုင်ငံသားတွေကို ဖမ်းဆီးတာ၊ စစ်ကြောတာ၊ တရားစွဲဆိုတဲ့ နေရာတွေမှာ၊ အထူး တရားရုံးတွေနဲ့ တရားစီရင်တဲ့နေရာတွေမှာ နိုင်ငံသားတွေဟာ ဥပဒေ အရ အခွင့်အရေးတွေ ဆုံးရှုံးသွားတာ တွေ့ရပါတယ်။ နိုင်ငံဟာ တရားဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသား တွေဟာ အကာအကွယ် မဲ့သလောက် နီးနီးဖြစ်သွားတဲ့ အခြေအနေကို ရောက်နေပါတယ်” လို့ သုံးသပ်ပါတယ်။

          လက်တွေ့မှာလည်း စစ်အုပ်စုဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ် သတ်ဖြတ်တာ၊ ရိုက်နှက်ဖမ်းဆီးတာ၊ စစ်ကြော ရေးမှာ ညှဉ်းပန်း သတ်ဖြတ်တာတွေအပြင် မိသားစုဝင်တွေ၊ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးဘဲ လနဲ့ချီ ဖမ်းဆီးချုပ်နှောင်တာ၊ စစ်ခုံရုံးတွေနဲ့ မျက်ကွယ် သေဒဏ်တွေ ချမှတ်တာကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

          နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ ဒီဇင်ဘာ ၇ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာ ဏာသိမ်းထားတဲ့ ကာလအတွင်း ပြည်သူ ၁၃၀၅ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၇၈၂၃ ဦး ရှိကာ ၃၅၇ ဦးမှာ ပြစ်ဒဏ် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

          ပြစ်ဒဏ်ချခံရသူတွေအထဲမှာ အသက် ၁၈ နှစ်အောက် ကလေး နှစ်ဦး အပါအဝင် ၃၆ ဦးမှာ သေဒဏ်ချမှတ်ခံရပြီး ထွက် ပြေးတိမ်းရှောင်နေတဲ့အတွက် မျက်ကွယ် သေဒဏ်ချမှတ်ခံရသူ ၃၉ ဦး ရှိကာ စုစုပေါင်း သေဒဏ်ချမှတ်ခံရသူ ၇၅ ဦး ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

          ဒီလို ပြစ်ဒဏ်ချမှတ်မှုတွေနဲ့ ပတ်သက်လို့ အာဏာသိမ်း စစ်တပ်အပေါ် လုံလောက်တဲ့ ဖိအားပေးမှုတွေ မရှိရင် သမ္မတ၊ အတိုင်ပင်ခံနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးဟာ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခံရနိုင်ပြီး သူတို့ထဲက အများစုဟာ ထောင်ထဲမှာပဲ သေဆုံးသွားနိုင်တယ်လို့ AAPP က ပြောဆိုထားပါတယ်။

          အသက်အရွယ် ကြီးရင့်ပြီး နဂိုရောဂါအခံ ခံစားနေရတဲ့ NLD ခေါင်းဆောင် အများစုဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခြင်းခံရပြီး အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံနဲ့ တရားရင်ဆိုင်နေရတဲ့အတွက် ပါတီ ဗဟို အလုပ်အမှုဆောင် ဦးဉာဏ်ဝင်း အပါ အဝင် ၅ ဦးဟာ ထောင်ထဲ ချုပ်နှောင်ခံနေရစဉ် သေဆုံးခဲ့ပါတယ်။

          ဒါ့ပြင် ပါတီဝင် ၈ ဦးမှာလည်း စစ်အုပ်စုရဲ့ ဖမ်းဆီးခံရကာ စစ်ကြောရေးမှာ နှိပ်စက်ညှဉ်းပန်းခံရတာတွေကြောင့် သေဆုံး ခဲ့တယ်လို့ NLD က ဆိုထားပါတယ်။

          NLD ရဲ့ ဒီဇင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီဝင် ၄၃၂ ဦး ဆက်လက် ဖမ်းဆီး ချုပ် နှောင်ခံနေရပြီး အချို့မှာ ထောင်ဒဏ်များ ချမှတ်ခံထားရသလို ပါတီရုံးတွေလည်း ဖောက်ခွဲ တိုက်ခိုက်ခံနေရတယ်လို့ ဆိုပါ တယ်။

          ထောင်ဒဏ်နှစ်ရှည် ချမှတ်ခံရသူတွေထဲ NLD ပါတီ နာယကတဦးဖြစ်သူ ဦးဝင်းထိန်ဟာ ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံ ခဲ့ရသလို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ထောင်ဒဏ် ၇၇ နှစ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးသန်းနိုင်က ထောင်ဒဏ် ၉၂ နှစ် ချမှတ်ခဲ့တဲ့ စစ်အုပ်စုရဲ့ အဂတိ စွပ်စွဲချက် ပြစ်ဒဏ်ချမှတ်မှုတွေဟာ နိုင်ငံရေး အငြိုးအတေးနဲ့ လုပ်ဆောင်မှုတွေသာ ဖြစ်တယ်လို့လည်း လေ့လာသူ အချို့က ပြောပါတယ်။

          “ယခုကဲ့သို့ မတရား ဖမ်းဆီးထိန်းသိမ်းပြီး၊ အမှုရှာ တရားစွဲဆိုခြင်းသည် နိုင်ငံရေးအရ လုပ်ကြံမှုများသာဖြစ်သည့်အပြင် လူ့ ကျင့်ဝတ်သိက္ခာနှင့် မလျော်ညီသော၊ နိုင်ငံရေးအရ စစ်ကောင်စီအတွက် ထွက်ပေါက်မဲ့စေသော ဆောင်ရွက်ချက်များသာ ဖြစ်ပါတယ်” လို့ ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးဟောင်းတဦးဖြစ်သူ ဆလိုင်းအိုက်ဇက်ခင်က ပြောထားပါတယ်။

          ဒါ့ပြင် လွတ်လပ်စွာ ခုခံကာကွယ်ပိုင်ခွင့် မရှိသော လက်နက်မိုး၍ တရားစီရင်ရေး စနစ်ကို ထိန်းချုပ် ဖိနှိပ်ထားတဲ့ အချိန် ကာလမှာ ချမှတ်တဲ့ မည်သည့် စီရင်ချက်မဆို တရားမျှတမှုကို အာမခံနိုင်တဲ့ ပေးထားချက် မရှိတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချတယ်လို့လည်း ၎င်းက ဆိုထားပါတယ်။

          စစ်အုပ်စုရဲ့ ထိန်းချုပ်မှုအောက်က တရားစီရင်ရေးနဲ့ NLD ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်နေပေမယ့် ဒေါ်နန်းခင်ထွေးမြင့်ကို စစ်ဆေးခဲ့တဲ့ တရားခွင်မှာတော့ အမျိုးသမီး တရားသူကြီးတဦးဟာ အမိန့်မချခင်မှာ ဒေါ်နန်းခင်ထွေး မြင့် ကို ရှစ်ခိုး ကန်တော့ခဲ့တဲ့အတွက် လူပြောများခဲ့ပါသေးတယ်။

          “တရားသူကြီး အငယ်မကတော့ ထိုင်ကန်တော့တယ်။ အပြီးသတ် လျှောက်လဲချက် မပေးခင် ရုံးချိန်းမှာ အဲဒီလို ကန်တော့ ခဲ့တာပေါ့။ တရာသူကြီး အကြီးမကတော့ အမိန့်ချတဲ့အချိန်မှာ အသံ တုန်တုန်ရီရီနဲ့ အမိန့်ချခဲ့တာ တွေ့ရပါတယ်” လို့ ရှေ့ နေတဦးက ပြောပါတယ်။

          လက်ရှိ ဖမ်းဆီးထားသူတွေအပေါ် ပြစ်ဒဏ်ချမှတ်တာ၊ လျှော့ပေးတာတွေဟာလည်း သူ့ (အာဏာသိမ်းခေါင်းဆောင်) အနေနဲ့ အမြင့်ဆုံး အာဏာပိုင်တဦးလို မှတ်ယူကာ တရားစီရင်ရေးရဲ့ အနေအထားသည် အုပ်ချုပ်သူ လူတန်းစားအပေါ် အခြေတည် နေတာကို မျက်မြင် လက်တွေ့ ပြသနေခြင်းပဲ ဖြစ်တယ်လို့လည်း ၎င်းက သုံးသပ်ပါတယ်။

          ကာယကံရှင်ဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ကတော့ “ကျမက နှစ်နည်းနည်းပဲ ချမှာတောင် စိုးရိမ်နေသေးတယ်၊ လူငယ်တွေ ကို နှစ်အများကြီး ချပြီးတော့ ကျမကို နှစ်နည်းနည်းပဲ ချမယ်ဆိုရင် မျှတမှု မဖြစ်ဘူး။ အခုလို ခပ်များများ ချလိုက်တဲ့ အတွက်လည်း ကျမအနေနဲ့ ဘာမှပြောစရာ မလိုတော့ဘူးပေါ့၊ ကြည့်ကောင်းသေးတယ်” လို့ ပြောဆိုခဲ့ကာ ပြစ်ဒဏ် အတွက် အယူခံတက်မှာ မဟုတ်ဘူးလို့လည်း ဆိုခဲ့ပါတယ်။

          ၎င်းကဲ့သို့ပဲ ဖမ်းဆီးခံရပြီး စစ်အုပ်စုရဲ့ စွပ်စွဲ ပြစ်ဒဏ်ချမှတ်တာကို ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်း ဆောင်တွေဟာ အရင် န.အ.ဖ၊ န.ဝ.တ စစ်အစိုးရတွေ လက်ထက်ကတည်းက ဖိနှိပ်ထောင်ချမှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ ကြရတဲ့ ဒေါင်ဒေါင်မြည် နိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။

          ယခင် စစ်အစိုးရလက်ထက် ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ၂၁ နှစ်တာ ကာလအတွင်း ငြိမ်းချမ်းရေး နိုဘယ်ဆု ရှင်တဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အာဏာရှင်တွေရဲ့ အမျိုးမျိုးသော စွပ်စွဲချက်တွေနဲ့ ပြစ်ဒဏ်ချခံခဲ့ရတာ ကြောင့် ၁၅ နှစ်ခန့် နေအိမ် အကျယ်ချုပ်နဲ့ နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

          လက်ရှိ စစ်အုပ်စုအနေနဲ့လည်း NLD ပါတီရဲ့ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ငြင်းပယ်ကာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယအကြိမ် အစိုးရ ဖွဲ့စည်း ဦးဆောင်ခွင့်ကို အာဏာသိမ်းမှုနဲ့ တားဆီးပြီး စွပ်စွဲပြစ်ဒဏ်ချနေတာတွေဟာ အရင်စစ် အာ ဏာရှင်တွေရဲ့ လုပ်ရပ်လမ်းစဉ်ကို လိုက်နေတာဖြစ်တယ်လို့လည်း လေ့လာသူအချို့က ဝေဖန်ပါတယ်။

          “အာဏာ လက်ဝယ်ရှိချိန်မှာ အတိုက်အခံ အဖွဲ့အစည်းတွေဘက်က အရေးပါတဲ့ ပုဂ္ဂိုလ်တွေကို ရနိုင်သမျှ ပုဒ်မတွေနဲ့ တရား စွဲမယ်၊ ပြစ်ဒဏ်ကြီးကြီးတွေ ချမယ်ဟေ့ ဆိုရင် အဲဒီ နိုင်ငံရေး အာဃာတတွေဟာ ပျောက်ပျက်မသွားဘဲ တချိန်ချိန် မှာ တုံ့ပြန်လက်စားချေမှုတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒါတွေက သမိုင်းမှာ ဆက်တိုက်ဆက်တိုက် ပေါ်ပေါက်လာခဲ့ရင် နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားရော ထိခိုက်ပါတယ်” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။

          လက်ရှိမှာတော့ ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်း စစ်အုပ်စု အမှုဖွင့်၊ တရားစွဲဆို ထားတဲ့ အဂတိမှုတွေ အပါအဝင် အမှု ၁၀ မှုနဲ့ ဦးညီညီဆိုသူက သီးခြားစွဲဆိုတဲ့ အမှု တမှုတို့ကို ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

          ဒီအမှုတွေထဲကမှ ထောင်ဒဏ် ၄ နှစ်အထိ ကျခံရနိုင်တဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇၊ ပို့ကုန် သွင်းကုန် ဥပဒေပုဒ်မ ၈ တို့နဲ့ စွဲဆိုထားမှုကို ဒီဇင်ဘာ ၂၀ ရက်မှာ အမိန့်ချမှတ်မှာဖြစ်ပြီး စစ်အုပ်စု စွဲဆိုထားတဲ့ အမှုအားလုံးရဲ့ ပြစ်ဒဏ်ဟာ နှစ် တရာကျော်အထိ ကျခံရနိုင်တယ်လို့လည်း ရှေ့နေတွေက ပြောပါတယ်။

          လတ်တလော ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချလျက်ရှိကြသလို ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး Lizz Truss က “ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ် တာဟာ အတိုက်အခံ ပါတီတွေကို ဖိနှိပ်ဟန့်တားပြီး၊ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက် ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတခုပဲ ဖြစ်ပါတယ်” လို့ ဆိုခဲ့ပါတယ်။

          You may also like these stories:

          စစ်ခေါင်းဆောင်သားနှင့် ဗိုလ်ချုပ်ဟောင်းများက ဒလန်လုပ်မှုဖြင့် သတ်ခံရသူများအတွက်ငွေလှူ

          ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ

          ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် အမှု ၁၁ မှုထပ်ရင်ဆိုင်ရဦးမည်

          မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်

          Your Thoughts …
          Tags: NLDစစ်ကောင်စီတရားစီရင်ရေးဒေါ်အောင်ဆန်းစုကြည်
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          51.8k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

          by ဧရာဝတီ
          6 November 2023
          47.7k

          ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          39.9k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          37.1k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

          by မိုးစက်ငြိမ်းချမ်း
          31 October 2023
          36.7k

          စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          by အုန်းညို
          25 September 2023
          35.3k

          စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

          Next Post
          မြန်မာစစ်တပ်က လူစိတ်ပျောက်တဲ့ စစ်တပ်ဖြစ်သွားပြီ (ရုပ်/သံ)

          မြန်မာစစ်တပ်က လူစိတ်ပျောက်တဲ့ စစ်တပ်ဖြစ်သွားပြီ (ရုပ်/သံ)

          ဖေဖော်ဝါရီလအတွင်း မန္တလေးတွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်း ဖမ်းဆီးမှု  / ဧရာဝတီ

          စစ်ကောင်စီခန့် ဝန်ကြီးချုပ် ၄ ဦးနှင့် စစ်တပ်အဖွဲ့အစည်း ၃ ခု ဒဏ်ခတ်အရေးယူခံရ

          No Result
          View All Result

          Recommended

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ

          3 days ago
          12.5k
          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          စစ်ကောင်စီကို ဘယ်လို လက်တွဲ ဖြုတ်ချမလဲ

          6 days ago
          10.8k

          Most Read

          • စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            စစ်ကောင်စီ လေကြောင်းပစ်ကူက မြို့သိမ်းတိုက်ပွဲများအား မရပ်တံ့စေနိုင်

            shares
            Share 0 Tweet 0
          • စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

            shares
            Share 0 Tweet 0
          • မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

            shares
            Share 0 Tweet 0
          • အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

            shares
            Share 0 Tweet 0
          • စက်မှုဇုန်များအတွက် စက်သုံးဆီ မပေးတော့သဖြင့် ကုန်ထုတ်လုပ်မှု ပိုခက်လာနိုင်

            shares
            Share 0 Tweet 0

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved