• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည် အမှု ဒေါက်တာ ဇော်မြင့်မောင် သက်သေမထွက်ဖို့ ထပ်မံတားမြစ်

by ဧရာဝတီ
13 December 2021
in သတင်း
A A
၂၀၂၀ ခုနှစ် စက်တင်ဘာလက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အတူတွေ့ရသည့် မန္တလေးတိုင်းဝန်ကြီးချုပ်  / ဧရာဝတီ

၂၀၂၀ ခုနှစ် စက်တင်ဘာလက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် အတူတွေ့ရသည့် မန္တလေးတိုင်းဝန်ကြီးချုပ် / ဧရာဝတီ

8.9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားမှုအတွက် ဒေါက်တာဇော်မြင့်မောင်အား သက်သေထွက်ဆိုရန် ယနေ့ ဆင့်ခေါ်ထားသော်လည်း ထောင်အာဏာပိုင်များက ခရီးသွားခွင့် မပေးဘဲ တားမြစ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူတဦးထံက သိရသည်။

ယင်းအမှုသည် ဦးညီညီဆိုသူက ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားမှုဖြစ်ပြီး နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ အထူးသီးသန့်တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်သည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
284
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
406
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
139

စစ်တပ် အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံရကာ မန္တလေး အိုးဘိုထောင်တွင် ချုပ်နှောင်ခံထားရသည့် ဒေါက်တာ ဇော်မြင့်မောင်အား နေပြည်တော် အထူးသီးသန့်တရားရုံးသို့ သက်သေ လာရောက်ထွက်ဆိုရန် စစ်ကောင်စီ လက် အောက်ခံများက ဒုတိယအကြိမ်မြောက် တားမြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ပထမအကြိမ် သက်သေဆင့်ခေါ်ရာတွင်လည်း ကျန်းမာရေးအခြေအနေကြောင့် ခရီးမသွားသင့်ဟု အကြောင်းပြကာ စစ်ကောင်စီ၏ ကျန်းမာရေးဌာနက တားမြစ်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရကာ အမှု ၉ မှုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် ဒေါက်တာဇော်မြင့်မောင် အနေဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-ခ အရ ထောင်ဒဏ် ၂ နှစ်နှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀-က အရ ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ် ချမှတ်ခံ ခဲ့ရ သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရခြင်းသည် အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၁၃ ရက်တို့တွင် ထုတ်ပြန်ခဲ့သည့် ကြေ ညာချက်ကြောင့် တာဝန်ရှိသည်ဟုဆိုက ပြစ်ဒဏ်ချခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့လည်း ပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံထားရသည်။

လက်ရှိတွင် ဒေါက်တာ ဇော်မြင့်မောင် သက်သေထွက်ဆိုမည့်ကိစ္စနှင့် ပတ်သက်ပြီး ကော်မရှင်တရပ် ဖွဲ့စည်းကာ သက် သေ ထွက်ဆိုရန်ယူရန်(သို့မဟုတ်) အွန်လိုင်း ဗီဒီယိုစနစ်ဖြင့် သက်သေထွက်ချက်ယူရန် နည်းလမ်းများအား တရားသူ ကြီးက ပြောခဲ့ကြောင်းလည်း သိရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကမူ ဒေါက်တာ ဇော်မြင့်မောင်အား လူချင်းတွေ့ကာ စစ်ဆေးခြင်းနှင့် အွန် လိုင်း ဗီဒီယိုမှတဆင့် စစ်ဆေးခြင်းတို့၏ ကွာခြားမှုတို့အား ရှင်းပြရန်နှင့် ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ထံက လမ်း ညွှန်ချက် ရယူရန် ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး အမှုအား ဆက်လက်ဆောင်ရွက်ရန် ဒီဇင်ဘာ ၂၀ ရက်အား ရုံးချိန်း ပြန်လည်ချိန်းဆိုခဲ့သည်။

အဆိုပါ ဒီဇင်ဘာလ ၂၀ ရက်နေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်၊ သွင်းကုန်ဥပဒေ ပုဒ်မ ၈ နှင့် ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၇ တို့အရ စစ်ကောင်စီက တရားစွဲဆိုထားမှုအတွက် အမိန့်ချမှတ်ရန်လည်း ရှိနေသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် လျှို့ဝှက်ချက်အက်ဥပဒေ အမှု သက်သေ မလာ၍ မစစ်ဆေး

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်အား ထောင်ဒဏ် ၄ နှစ် ချမှတ်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဖမ်းထားသူများ ပြန်လွှတ်ရန် ကုလလုံခြုံရေးကောင်စီ တောင်းဆို

Your Thoughts …
Tags: ဒေါက်တာ ဇော်မြင့်မောင်ဒေါ်အောင်ဆန်းစုကြည်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.1k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.1k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.8k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ကျောက်တော်တွင် ပြုလုပ်မည့် ဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့်အဆိုတော်များကို ကြေညာထားစဉ်

ကျောက်တော် ဂီတဖျော်ဖြေပွဲ စစ်တပ်တားသော်လည်း ဆက်ကျင်းပ

ဆိုင်ကယ်စီးသူတွေကို စစ်ကောင်စီ ပစ်သတ်နေ (ရုပ်/သံ)

ဆိုင်ကယ်စီးသူတွေကို စစ်ကောင်စီ ပစ်သတ်နေ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate