ဘဏ်များမှ ငွေထုတ်ယူခွင့် ကန့်သတ်ချက်များကို ယခုထိ ဖြေလျော့ပေးမှု မရှိခြင်းကြောင့် ဆောက်လုပ်ရေး လုပ် ငန်းများ အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း လုပ်ငန်းရှင်များထံက သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန်၊ လုပ်အားခများ ရှင်းရန် နေ့စဉ်ငွေသားလိုနေပြီး ယင်းကို ဖြည့်ရန် ဘဏ်များမှ ငွေမထုတ်ပေးသဖြင့် လုပ်ငန်းကုန်ကျစရိတ်အတွက် ပြင်ပမှရာခိုင်နှုန်းဖြင့် ငွေထုတ်၍ ပေးနေရဆဲ ဖြစ်သည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။
“အရင်ကမှ မလွယ်တာ အခုကတော့ ပိုခက်တာပေါ့။ လုပ်ငန်းအတွက် လိုတဲ့ ပစ္စည်းတွေ အခုပေါက်တဲ့ ဒေါ်လာဈေးနဲ့ ဝယ် ရတယ်။ နောက်ပြီး ၆ ရာခိုင်နှုန်းက ဘဏ် Transfer အတွက် ပေးရတယ်။ အဲဒီတော့ အရင်ကမှ ဒေါ်လာဈေးက တက်ရတဲ့ ကြား အပိုက ထပ်ပေးရတယ်။ အခန်း ရောင်းတဲ့နှုန်းတွေလည်း တက်သင့်သလောက် တက်ပါတယ်။ ဒါပေမယ့် အခန်းတွေ က ရောင်းတဲ့သူရော ဝယ်တဲ့ သူရောက ငွေပေး၊ ငွေယူ လုပ်ရတာ အဆင်မပြေတော့ ဘယ်သူမှ ပြေတယ်လို့ မရှိဘူးဗျ” ဟု ဧရာဝတီသို့ ၎င်းက ပြောသည်။
ပစ္စည်းဖိုး အနေနှင့် နှစ်ပတ်တခါ၊ တလ တခါပေး၍ ရသော်လည်း လုပ်အားခ နှုန်းထားများမှာ နေ့စဉ် ပေးဆောင်နေရ သဖြင့် ငွေသားလိုအပ်ချက် ရှိနေကြောင်း ၎င်းက ဆိုသည်။
လတ်တလောတွင် ဘဏ်မှ ငွေထုတ်ရာတွင် ရာခိုင်နှုန်းပေးနေရသဖြင့် ပျမ်းမျှ ယခင်ထက် ဆောက်လုပ်ရေး လုပ်ငန်းများ၏ ကုန်ကျစရိတ်မှာ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ အပိုဆောင်း ကုန်ကျစရိတ်ရှိကာ လုပ်ငန်းများ လုပ်ကိုင်ရ ခက်ခဲနေ ဆဲဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
အာဏာသိမ်းပြီး နောက်ပိုင်း ဘဏ်စနစ်များ ခက်ခဲသွားခြင်း၊ ငွေထုတ်ရာတွင် ကြန့်ကြာခြင်း၊ ငွေသား စီးဆင်းမှု နည်းပါး ခြင်း တို့ကြောင့် ပြင်ပမှ ငွေသားရရှိရန်အတွက် ၄ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ပေး၍ ထုတ်ယူနေရခြင်း ဖြစ်သည်။
“အာဏာသိမ်းပြီးထဲက ငွေသားက အရမ်း ခက်ခဲတယ်။ ဘဏ်တွေက အရင်က သိန်း၂၀၀ ပေးတယ်။ အဲဒီကနေ ကျပ် သိန်း၂၀ ပဲ ထုတ်ရတယ်။ အခု ၅ သိန်းတောင် ထုတ်ဖို့ မလွယ်တော့ အလုပ်တွေမှာ ခက်ခဲကုန်တယ်။ ဘဏ်တွေက ငွေ ကို လွယ်လွယ်ကူကူ မပေးကြသေးဘူး။ ဆိုင်တွေ ကျတော့လည်း ငွေသားနဲ့ဆိုရင် တဈေး၊ ဘဏ်နဲ့ဆိုရင် တဈေး အဲဒီ တော့ ရတဲ့ အမြတ်ထဲက ရာခိုင်နှုန်းတွေက ပေးနေရတာ အဲဒီလိုမျိုးနဲ့ပဲ အဆင်ပြေအောင် အလုပ်သမားတွေနဲ့ အကျပ် အတည်း ကာလကို ရင်ဆိုင်နေရတာပေါ့။ တချို့ များတဲ့လူကျတော့ အရှုံးနဲ့ ရင်ဆိုင်နေရတာပေါ့” ဟု ပြည်တွင်း ဆောက် လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောပြသည်။
ထို့ပြင် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သော ပြည်ပမှ တင်သွင်းသည့် သံထည်ပစ္စည်းများ၊ အလူမီနီယံ၊ အဆောက်အအုံ အမိုးများ အစရှိသည့် ပစ္စည်းတို့မှာလည်း ယခင်ထက် ထက်ဝက်နီးပါး မြင့်တက်မှုများ ရှိနေကြောင်း သိရ သည်။
“ပစ္စည်းဈေးတွေက တက်ပြီးရင် တော်တော်များများက ပြန်မကျဘူး။ နည်းနည်းပဲ ကျတယ်။ ဒါကြောင့် အရင်နှုန်းထားနဲ့ တင်ဒါ ရထားတဲ့သူတွေက ကျတော့ ရှုံးတာပေါ့။ မပြီးပြီးအောင်တော့ ဒါနဲ့ပဲ လက်စသတ်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်များတွင် အစိုးရတင်ဒါယူပြီး လုပ်ကိုင်ကြသူများ ရှိသလို ပြင်ပ အဆောက်အအုံများကို လက်ခံတည်ဆောက်ပေးသည့်သူများရှိပြီး ယခုအချိန်တွင် ယခင်က တင်ဒါအောင်ပြီး လုပ်ကိုင်နေသည့်သူအများစုက လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခြေအနေ၊ ငွေကြေးစနစ်၊ မြင့်တက်လာသော ကုန်ပစ္စည်းဈေးများကြောင့် အရှုံးများ ရှိနေ သည်ဟု ၎င်းက ဆိုသည်။
“ဒါကြောင့် အပြင်ဟာတွေကို ပေါက်ဈေးနဲ့ လက်ခံပြီးတော့ ကာမိအောင်တော့ လုပ်တာပေါ့။ လောလောဆယ်တော့ ဒါ တွေကို ရင်ဆိုင်နေရတာပေါ့။ တချို့ ဆောက်လက်စဟာတွေကတော့ အရှုံးခံပြီးတော့ မှေးလုပ်နေရတာပေါ့။ ဒါပေမယ့် အခု ရောဂါပါးလာတော့ အလုပ်ကတော့ နည်းနည်းလေး သွက်လာတာပေါ့” ဟု ၎င်းက လတ်တလော အခြေအနေကို ရှင်းပြသည်။
လက်ရှိ ဆောက်လုပ်ရေး လုပ်ငန်းများ သာမက တခြားသော လုပ်သားအများစုနှင့် ငွေသားပေးချေ၍ လုပ်ဆောင်ရသည့် လုပ်ငန်းများတွင် ငွေသား လိုအပ်ချက် နေ့စဉ်နှင့်အမျှ ရှိသော်လည်း စစ်ကောင်စီအနေနှင့် ဘဏ်များ၏ ငွေကြေးလည် ပတ်မှုကို ယခုအချိန်ထိ ဖြေရှင်းပေးနိုင်ခြင်း မရှိပေ။
NLD အစိုးရ လက်ထက်က ဆောက်လုပ်ရေး အိမ်ရာနှင့် အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်တွင် တင်ဒါချေးငွေ ရယူ ခဲ့သော ကုမ္ပဏီများကိုလည်း ယခုအချိန်တွင် ဘဏ်ချေးငွေများ ပြန်ဆပ်ရန်အတွက် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ် ကောင်စီက ပြန်လည် တောင်းထားသေးသည်။
ယင်းနှင့် ပတ်သက်ပြီး ပြည်တွင်း လုပ်ငန်းရှင်တဦးက “အဲဒါတွေက အရင်က စိစစ်ပြီး နှစ်ပတ်အတွင်း ချပေးတာပေါ့။ တော်ရုံတန်ရုံ ငွေစိုက်ဖို့ ခက်နေတဲ့ လုပ်ငန်းရှင်တွေ အတွက်ကတော့ အဆင်ပြေတာပေါ့။ အတိုးနှုန်းကလည်း နည်းတယ်။ နောက်ပြီးတော့ ငွေထုတ်တာတွေ ဘာတွေက မြန်မြန်ဆန်ဆန်ရတော့ ဒီအတိုးနှုန်းက မတောင်းသာဘူးပေါ့။ အခု ထုတ် ချေးတာတော့ ရပ်နေတာပေါ့” ဟု လက်ရှိ အခြေအနေကို ရှင်းပြသည်။
ယခင် NLD အစိုးရ လက်ထက်က အစိုးရလုပ်ငန်းများ တင်ဒါ ဆောက်လုပ်ခွင့် ရရှိသူများကို ပုဂ္ဂလိကဘဏ်များက လုပ် ငန်း၏ ၃၀ ရာခိုင်နှုန်းကို ထုတ်ချေးပေးလေ့ ရှိသော်လည်း လက်ရှိတွင် ယင်းအခြေအနေလည်း မရှိတော့ကြောင်း သိရ သည်။
စစ်ကောင်စီ၏ ဆောက်လုပ်ရေး အိမ်ရာနှင့်အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်အနေနှင့် ပုံမှန် ငွေပြန်တောင်းခြင်း များကို ဆောင်ရွက်နေသော်လည်း လုပ်ငန်းရှင်များအနေနှင့် လက်ရှိ အခက်အခဲများကြောင့် တချို့ ကုမ္ပဏီများက တောင်း ဆို တင်ပြခြင်းများ ရှိနေသည်ဟု သိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းမှာ လက်ရှိတွင် အဓိက သုံးရသည့် ကုန်ပစ္စည်းများ ဈေးတက်လာခြင်းကြောင့် တည်ဆောက်ရေး လုပ်ငန်းများ တွက်ခြေ မကိုက်ဖြစ်နေချိန်မှာပင် ဘဏ်များတွင် ငွေထုတ်ရခဲ့သည့်အတွက် မရေရာမှုများကြား တချို့ လုပ် ငန်းများကလည်း ရပ်ဆိုင်းထားကြောင်း သိရသည်။
You may also like these stories:
ဆောက်လုပ်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်တန့်၍ လုပ်သား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်
ကိုဗစ်ချေးငွေ ပြန်ဆပ်ချိန် နီးလာသော်လည်း လုပ်ငန်းရှင်များ ဆပ်နိုင်စွမ်း မရှိသေး
အာဏာသိမ်းမှုက စစ်တပ်အသိုင်းအဝိုင်း စီးပွားရေးများကိုပါ ထိခိုက်ဆုံးရှုံးစေသည်
တရုတ်ကုန်သွယ်ရေးစနစ် အပြောင်းအလဲကြောင့် မြန်မာ့ဖရဲ ဆုံးရှုံးမှု ကြုံနေ
ကျောက်မျက်ရတနာ ရောင်းချပြီး ငွေရှာရန် စစ်ကောင်စီ တိတ်တဆိတ်စီစဉ်နေ
စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်
အာဏာသိမ်းစစ်ကောင်စီအောက်က လယ်သမားများ ဘဝပျက်လာ