လတ်တလော အရှေ့တောင်အာရှ ဒေသအတွင်း ရောက်နေသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်က အာရှတွင် တရုတ်၏ မောက်မာသော အပြုအမူများ၊ မြန်မာစစ်ကောင်စီ၏ အာဏာသိမ်းမှုတို့ကို ဝေဖန်လိုက်ပြီး တချိန်တည်းတွင် အာရှရှိ အမေရိကန် မဟာမိတ်များ၊ လုံခြုံရေး မိတ်ဖက်များနှင့် ပိုမိုနီးကပ်စွာ ဆောင်ရွက်မည့် အစီအစဉ်များ လုပ်ဆောင်နေသည်။
ဒီဇင်ဘာလ ၁၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာသို့ ရောက်ရှိနေသည့် မစ္စတာ ဘလင်ကင်က မူဝါဒဆိုင်ရာ မိန့်ခွန်း ပြောကြားရာတွင် အရည်အသွေးမြင့် အခြေခံအဆောက်အဦများ လုပ်ဆောင်ပေးရေး၊ အာရှဒေသတွင်း ကာကွယ်ဆေးများ ထောက်ပံ့ပေးရေးနှင့် လုံခြုံရေး ကိစ္စများကို ပြောကြားခဲ့သည်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် အနေဖြင့် အာရှတွင် ပဋိပက္ခ မဖြစ်လိုကြောင်း၊ တရုတ်နှင့် ကြီးကျယ်သည့် ပဋိပက္ခ ဖြစ်မှုသို့ ဦးတည်မသွားစေရန် ပြိုင်ဆိုင်မှုကို သေချာအောင် လုပ်ဆောင်မည် ဖြစ်ကြောင်း မစ္စတာ ဘလင်ကင်က ပြောသည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
မြန်မာ စစ်အာဏာသိမ်းမှုနှင့် ပတ်သက်၍ ဝန်ကြီး မစ္စတာ ဘလင်ကင်က ပြစ်တင်ရှုတ်ချလိုက်ပြီး မြန်မာပြည်သူလူထု ဆန္ဒကို ကိုယ်စားပြုသည့် ငြိမ်းချမ်းသော ရလဒ်ထွက်ပေါ်ရေး ရည်မှန်းချက်ကို အမေရိကန်က စွန့်လွှတ်မည် မဟုတ်ကြောင်းလည်း ပြောသည်။
လာမည့်နှစ် သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင်တက်မည့် အမေရိကန်နှင့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို စီစဉ်နေပြီး မြန်မာ့အရေး ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်းလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဒီဇင်ဘာ ၁၅ ရက်၌ ဘလင်ကင်က ပြောဆိုသည်။
လာမည့်နှစ် သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင်တက်မည့် အမေရိကန်နှင့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို စီစဉ်နေပြီး မြန်မာ့အရေး ပူးပေါင်းလုပ်ဆောင်ရန် ပြင်ဆင်နေကြောင်းလည်း မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဒီဇင်ဘာ ၁၅ ရက်၌ ဘလင်ကင်က ပြောဆိုသည်။
“ကျနော်တို့ဟာ အပြောသက်သက် မဟုတ်ပါဘူး။ လုပ်ဆောင်ချက် အများအပြား လုပ်ခဲ့ပါတယ်။ စစ်အုပ်စု သဘောထား ပြောင်းဖို့ ဖိအားတွေ ထိန်းထားတယ်။ ဒါပေမယ့် အခြေအနေက မတိုးတက်လာဘူး” ဟု ဘလင်ကင်က ပြောသည်။
ဘလင်ကင်သည် မလေးရှားပြီးလျှင် ထိုင်းနိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။
ကွာလာလမ်ပူမြို့၌ ကျင်းပသော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင့်ဖုဒင် အဗ္ဗဒူလ္လာကလည်း အာဆီယံအနေဖြင့် မြန်မာ့အရေး ဖြေရှင်းရန် ရေရှည်တည်တံ့မည့် အဖြေ အမြန်ရှာဖွေရေး အရေးပေါ်လိုအပ်ကြောင်း ပြောသည်။
သို့သော် ၂၀၂၂ ခုနှစ် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်က ဂျကာတာ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်နေရာတွင် အာဆီယံထိပ်သီးအစည်းအဝေးမှ ဖယ်ထုတ်ထားခြင်းအား ကန့်ကွက်နေပြီး ဇန်နဝါရီ ၇ ရက်တွင် နေပြည်တော် သွားရန်လည်း စီစဉ်နေသည်။
သို့သော် ၂၀၂၂ ခုနှစ် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယား နိုင်ငံ၏ ဝန်ကြီးချုပ် ဟွန်ဆန်က ဂျကာတာ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်နေသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်နေရာတွင် အာဆီယံထိပ်သီးအစည်းအဝေးမှ ဖယ်ထုတ်ထားခြင်းအား ကန့်ကွက်နေပြီး ဇန်နဝါရီ ၇ ရက်တွင် နေပြည်တော် သွားရန်လည်း စီစဉ်နေသည်။
မြန်မာ့အရေးနှင့် ပတ်သက်၍ အာဆီယံတွင် မြန်မာစစ်ကောင်စီကို ခွင့်ပြုပါဝင်ပေးခြင်း မလုပ်ရန် လာမည့်နှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် ကမ္ဘောဒီယားကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အတိုင်ပင်ခံ မစ္စတာ ဒါရက် ချိုလတ်က တိုက်တွန်းထားသည်။
ဘလင်ကင်၏ အရှေ့တောင် အာရှ ခရီးစဉ်မတိုင်မီ မြို့တော် ဖနွမ်ပင်သို့ မစ္စတာ ဒါရက် ချိုလတ် လာရောက်စဉ် ယင်းကဲ့သို့ မှတ်ချက် ပေးလိုက်ခြင်း ဖြစ်သည်။
ညှိနှိုင်းဆောင်ရွက်မှုကို အမေရိကန်က ဆန့်ကျင်ခြင်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမေရိကန်သံရုံး ထားရှိဆဲဖြစ်ကြောင်း၊ သို့သော် ညှိနှိုင်းမှုသည် ရည်ရွယ်ချက်ရှိရန် လိုအပ်သည်ကို ရှင်းလင်းစွာ ပြောလိုကြောင်း၊ လက်တွေ့မြေပြင် အခြေအနေတွင် စစ်မှန်သော တိုးတက်မှုကို မိမိတို့ မြင်လိုကြောင်းလည်း မစ္စတာ ချိုလတ်က ပြောသည်။
လာမည့် အမေရိကန်နှင့် အာဆီယံထိပ်သီး အစည်းအဝေး တက်ရောက်သူများအား ဖိတ်ကြားမှုအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ဇန်နဝါရီ ၁၉ ရက်တွင် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း သိရသည်။
ဘလင်ကင်၏ ခရီးစဉ်သည် ယခင် သမ္မတ ဒေါ်နယ် ထရမ့်လက်ထက် ဒေသတွင်းအစိုးရများနှင့် ယိုယွင်းခဲ့သော ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။
ဘလင်ကင်၏ ခရီးစဉ်သည် ယခင် သမ္မတ ဒေါ်နယ် ထရမ့်လက်ထက် ဒေသတွင်းအစိုးရများနှင့် ယိုယွင်းခဲ့သော ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်သည်။ သို့သော် ၂၀၁၇ ခုနှစ်က သမ္မတ ထရမ့် နုတ်ထွက်ခဲ့သော ၁၁ နိုင်ငံ သဘောတူခဲ့သည့် ကုန်သွယ်ရေးကဲ့သို့သော ကိစ္စနှင့် ပတ်သက်၍ ခိုင်မာမှု ပြန်လည် တည်ဆောက်ရန်အတွက်မူ ဘလင်ကင်အတွက် ပြောစရာ အနည်းငယ်သာ ရှိနေသည်။
ကုန်သွယ်ရေး၊ ဒစ်ဂျစ်တယ် စီးပွားရေး၊ နည်းပညာ၊ ထောက်ပံ့ဖြည့်ဆည်းမှု ကွင်းဆက် (supply chains)၊ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေသည့် သန့်စင်သော စွမ်းအင်နှင့် အခြား နယ်ပယ်များကို အလေးထားသည့် အင်ဒို-ပစိဖိတ် ဗျူဟာနှင့် ပတ်သက်၍ တိုးတက်အောင် လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း အင်ဒိုနီးရှားတွင် ဘလင်ကင်က ပြောသည်။
အမေရိကန်နှင့် မိတ်ဖက်လုပ်ထားသည့် ဩစတြေးလျ၊ အိန္ဒိယနှင့် ဂျပန်တို့ပါဝင်သော Quad အဖွဲ့ဝင် နိုင်ငံများသို့ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော် ထောက်ပံ့ရန်ရှိကြောင်း ပြောခဲ့ပြီး ယင်းသည် တရုတ်၏ ရပ်ဝန်းနှင့် လမ်းမ စီမံကိန်း (BRI) ကို တန်ပြန်ရန် အားထုတ်မှုများထဲမှ တစိတ်တပိုင်းဖြစ်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ ဝန်ဝင်ဘင်က ဘေဂျင်းတွင် ပြုလုပ်သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ဝါရှင်တန်အနေဖြင့် အထူးသဖြင့် အာဆီယံမှတဆင့် ဒေသတွင်း ထိန်းသိမ်းထားသည့် ငြိမ်းချမ်းရေး လမ်းစဉ်များကို လေးစားသင့်ကြောင်း တုံ့ပြန်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက အမေရိကန်သည် နှစ်နိုင်ငံ ခေါင်းဆောင်အကြား ထိပ်သီးအစည်းအဝေးတွင် သဘောတူထားသည့်အတိုင်း မှန်ကန်စွာ လိုက်နာမည်ဟု မျှော်လင့်ကြောင်း၊ အပြောတမျိုး အလုပ်တမျိုးထက် နှစ်ဘက်စလုံး မနစ်နာသည့် လမ်းကြောင်းနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကို ရရှိအောင် လုပ်သင့်ကြောင်း ပြောသည်။ ၎င်းက ပြီးခဲ့သည့်လတွင် အမေရိကန်နှင့် တရုတ်ခေါင်းဆောင်တို့ ဗီဒီယိုမှတဆင့် ဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်ကို ရည်ညွှန်းခြင်း ဖြစ်သည်။
ဘလင်ကင်၏ အရှေ့တောင်အာရှ ခရီးစဉ်တွင်လည်း စိတ်မသက်မသာစရာများ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ ဂျိုး ဘိုင်ဒင်၏ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်၏ အယုံကြည်ရဆုံး မိတ်ဖက်ဖြစ်သည့် စင်ကာပူကို မဖိတ်ခဲ့ခြင်းကလည်း အငြင်းပွားဖွယ်ရာ ဖြစ်သည်။
ဘလင်ကင်၏ အရှေ့တောင်အာရှ ခရီးစဉ်တွင်လည်း စိတ်မသက်မသာစရာများ ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ ဂျိုး ဘိုင်ဒင်၏ ဒီမိုကရေစီ ထိပ်သီးအစည်းအဝေးသို့ အမေရိကန်၏ အယုံကြည်ရဆုံး မိတ်ဖက်ဖြစ်သည့် စင်ကာပူကို မဖိတ်ခဲ့ခြင်းကလည်း အငြင်းပွားဖွယ်ရာ ဖြစ်သည်။ စင်ကာပူတွင် အမေရိကန်က သံအမတ်ကြီးအသစ် ခန့်အပ်လိုက်သော်လည်း အရေးပါသည့် သံတမန်ရာထူးများ လစ်လပ်လျက် ရှိနေသေးသည်။
တရုတ်နှင့် စစ်ရေးအရ ဆက်ဆံရေး တိုးမြင့်လာနေခြင်းကြောင်း အမေရိကန်က လက်နက် တင်ပို့ရောင်းချမှု ပိတ်ပင်လိုက်သည့်အပေါ် ကမ္ဘောဒီးယား ခေါင်းဆောင်များကလည်း စိတ်ပျက်လျက်ရှိသည်။
လူ့အခွင့်အရေးမှသည် တောင်တရုတ်ပင်လယ် အရေးအထိ အားလုံးအတွက် ဘေဂျင်းအပေါ် ဖိအားပေးရေး အရှေ့တောင်အာရှတွင် မဟာမိတ် ဖွဲ့ထားရန် သမ္မတ ဘိုင်ဒင် အစိုးရအတွက် အရေးပါနေသည်။
ပြီးခဲ့သည့် နှစ်များက မလေးရှား ရေနံနှင့် သဘာဝဓာတ်ငွေ့ သင်္ဘောများကို တရုတ်သင်္ဘောများ အကြိမ်ကြိမ် နှောက်ယှက်မှုများ ပေးနေခဲ့ပြီး ပြီးခဲ့သည့် လများကလည်း အထူးစီးပွားရေးဇုန်အပေါ် ကျူးကျော် ဝင်ရောက်မှုများအတွက် အင်ဒိုနီးရှားနှင့် ဘေဂျင်းတို့ ထိပ်တိုက်တွေ့နေသည်။
ဘလင်ကင်က ဂျကာတာတွင် မိန့်ခွန်းပြောမှုသည် ကမ္ဘာ့ တတိယ အကြီးဆုံး ဒီမိုကရေစီနိုင်ငံနှင့် မွတ်ဆလင် လူဦးရေ အများဆုံးဖြစ်သော အင်ဒိုနီးရှားနှင့် အမေရိကန်တို့၏ ဆက်ဆံရေး အရေးပါမှုကို လေးနက်ကြောင်း ပြသရာရောက်သည်။ အင်ဒိုနီးရှားသည် လာမည့်နှစ်တွင် G-20 နိုင်ငံများ၏ အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် ဆက်ခံမည် ဖြစ်သည်။
အမေရိကန် အစိုးရက ကိုဗက်စ် အစီအစဉ် (Covax program) အရ အင်ဒိုနီးရှားကို ကိုဗစ်ကာကွယ်ဆေး ၂၅ သန်းကျော် ထောက်ပံ့သွားရန် ရှိနေပြီး ဒေသတွင်းတွင်လည်း ကာကွယ်ဆေး သန်း ဆယ်ဂဏန်းချီ ကူညီသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကား – Bangkok Post, CNA, South China Morning Post
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ
အာဏာသိမ်း စစ်တပ် လူ့အခွင့်အရေး လေးစားလိုက်နာရန် နိုင်ငံတကာ သတိပေးထုတ်ပြန်
စစ်ကောင်စီ ငွေရှာတဲ့ ကျောက်မျက်လုပ်ငန်းကို အမေရိကန်ပိတ်ဆို့အရေးယူ
နိုင်ငံခြားသံရုံးများ မြန်မာ့အရေး ဝင်မစွက်ဖက်ရန် စစ်ကောင်စီ သတိပေး