• English
Wednesday, June 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဖမ်းထားသည့် ကသည်းသူပုန် ၅ ဦး မြန်မာက အိန္ဒိယသို့ လွှဲပေး

by ဧရာဝတီ
17 December 2021
in သတင်း
A A
ကသည်းသူပုန်အဖွဲ့ တဖွဲ့ဖြစ်သည့် Kanglei Yawol Kanna Lup – KYKL ကို ၂၀၁၈ခုနှစ်က တွေ့ရစဉ်  / e-pao

ကသည်းသူပုန်အဖွဲ့ တဖွဲ့ဖြစ်သည့် Kanglei Yawol Kanna Lup – KYKL ကို ၂၀၁၈ခုနှစ်က တွေ့ရစဉ် / e-pao

8.4k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသည့် အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသတွင် လှုပ်ရှားနေသော အိန္ဒိယသူပုန်အဖွဲ့မှ အဖွဲ့ဝင် ၅ ဦးကို မြန်မာက အိန္ဒိယအစိုးရသို့ လွှဲပြောင်းပေးခဲ့သည်။

မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်သို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အိန္ဒိယလေတပ် လေယာဉ်တစင်းဖြင့် သူပုန်များကို ခေါ်ယူသွားကြောင်း AP သတင်းဌာနက ဖော်ပြသည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
81
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
82
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
74

အဆိုပါ အိန္ဒိယသူပုန်များသည် ၁၉၇၈ ခုနှစ်ကတည်းက မဏိပူရပြည်နယ် ခွဲထွက်ရေးအတွက် အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသော ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အဖွဲ့မှ ဖြစ်သည်။

ယခုကဲ့ သူပုန်များကို လက်လွှဲယူခြင်းနှင့် ပတ်သက်၍ အိန္ဒိယစစ်တပ် တာဝန်ရှိသူများက မှတ်ချက်ပေးခြင်း မရှိပေ။

ယမန်နှစ် ဩဂုတ်လက ထိုသူပုန်များကို ဖမ်းမိပြီးနောက် စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်းထောင်ထဲသို့ ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

လွှဲပြောင်း ရရှိလာသည့် အဆိုပါ သူပုန်များကို အိန္ဒိယရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းနေသည်။ ပြီးခဲ့သည့်လက အိန္ဒိယ ဗိုလ်မှူးကြီးတဦး၊ ၎င်း၏ ဇနီးနှင့် သားငယ်၊ အခြား စစ်သား လေးဦးတို့ သေဆုံးသည့် ခြုံခိုတိုက်ခိုက်မှုအတွက် တာဝန်မရှိကြောင်း PLA အဖွဲ့က ကြေညာထားသည်။

မြန်မာဘက်မှ တာဝန်ရှိသူများက ယခုကဲ့သို့ အိန္ဒိယသူပုန်များကို လွှဲပြောင်းပေးသည်မှာ ယခုအကြိမ်သည် နှစ်နှစ်နီးပါးအတွင်း ဒုတိယအကြိမ် ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ကလည်း အာသံနှင့် မဏိပူရပြည်နယ်တို့တွင် လှုပ်ရှားနေသည့် သူပုန်အဖွဲ့ ခြောက်ဖွဲ့မှ အိန္ဒိယသူပုန် ၂၂ ဦးကို မြန်မာဘက်က လွှဲပြောင်းပေးခဲ့ဖူးကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယနှင့် မြန်မာသည် နယ်စပ်ဒေသများ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့သည်။ ထို့အပြင် တနိုင်ငံအပေါ် တိုက်ခိုက်ရေး လှုပ်ရှားမှုများကို ကျန်တနိုင်ငံက မိမိပိုင်နက်နယ်မြေတွင် လက်ခံမထားရေးလည်း အိန္ဒိယနှင့် မြန်မာတို့ အပြန်အလှန် ကတိပြုခဲ့ကြကြောင်း သိရသည်။

အိန္ဒိယအရှေ့မြောက်ဖျားတွင် ဒါဇင်နှင့်ချီသော တိုင်းရင်းသားလူမျိုးစု သူပုန်များနှင့် အိန္ဒိယစစ်တပ်တို့ တိုက်ခိုက်နေကြသည်။ သူပုန်အဖွဲ့များက ပြည်နယ်လွတ်လပ်ရေးမှသည် အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်အရေးအထိ တောင်းဆိုထားကြသည်။ သူပုန်များသည် အိန္ဒိယတပ်ဖွဲ့များကို တိုက်ခိုက်ပြီးနောက် နယ်စပ်ကို ဖြတ်ကာ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်ကျော်လာလေ့ရှိသည်။

ကိုးကား။ ။ AP

You may also like these stories:

အိန္ဒိယသူပုန်များနှင့် ပြန်ပေါင်းထုပ်နေရသော မြန်မာစစ်တပ်

စစ်အာဏာရှင်တော်လှန်ရေးမှာ ကသည်းလက်နက်ကိုင်တွေက ဆူးငြောင့်ခလုတ် ဖြစ်လာနေပြီလား

တရားမဝင် ဝင်လာသည့် ကသည်းသူပုန် ၆ ဦးကို တရားစွဲဆိုထား

တရုတ်ကြောင့် မြန်မာ့အာဏာသိမ်းမှု အိန္ဒိယ သတိထား တုံ့ပြန်

Your Thoughts …
Tags: PLAမဏိပူရအကျဉ်းသားလွှဲပြောင်းမှုအာသံအိန္ဒိယအိန္ဒိယ-မြန်မာနယ်စပ်အိန္ဒိယသူပုန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

အနောက်ဘက်စစ်မျက်နှာနှင့် ရက္ခိုင့်တပ်တော် ခြေလှမ်းများ

by မိုးစက်ငြိမ်းချမ်း
21 December 2023
19.2k

အနောက်ဘက်စစ်မျက်နှာသည် အရှေ့မြောက်ကဲ့သို့ နိုင်ငံတခုတည်းနှင့် နယ်နိမိတ်ဆက်စပ်နေ‌သည် မဟုတ်ပေ။ အနောက်ပိုင်းတွင် ရခိုင်သည် ဘင်္ဂလားဒေ့ရှ်နှင့်ရော အိန္ဒိယနှင့်ပါ နယ်နိမိတ်ချင်း ဆက်စပ်နေ၏။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.6k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

Next Post
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန် ထိုင်းနိုင်ငံသို့ သွားရောက်မည့်အစီအစဉ်ကို ကိုဗစ်ရောဂါကြောင့် ဖျက်သိမ်းခဲ့သည် /  AFP

ဘလင်ကန်၏ ထိုင်းခရီးစဉ် ဖျက်သိမ်းသော်လည်း မြန်မာကြောင့် ထိုင်း-အမေရိကန် ပိုမိုနီးစပ်နိုင်

၂၀၁၉ ဒီဇင်ဘာလက နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံးကို တက်ရောက်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု ဦးဖြိုးမင်းသိန်းနှင့် ဒေါ်နီလာကျော်တို့ သက်သေထွက်ဆို

No Result
View All Result

Recommended

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

7 days ago
9.2k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

5 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate