• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၂၁ အတွင်း ထိုင်းတွင် တရားမဝင် ရွှေ့ပြောင်းလုပ်သား ၄၂,၀၀၀ ကျော် ဖမ်းမိ

by ဧရာဝတီ
22 December 2021
in သတင်း
A A
အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာရာမှ အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ

အလုပ်အကိုင်ရှားပါးမှုကြောင့် ထိုင်းနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာရာမှ အဖမ်းခံရသည့် မြန်မာနိုင်ငံသားများ

10.3k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား ၄၂,၄၀၀ ကျော် ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။

လုပ်ငန်းနေရာများ၊ အလုပ်သမား ခိုလှုံရာနေရာများကို စစ်ဆေးခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သားများနှင့် ၎င်းတို့၏ အလုပ်ရှင်များကို စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းအမျိုးသားရဲဌာန ဒုတိယ အကြီးအကဲ ရဲဗိုလ်ချုပ် ဒမ်ရွန်ဆက် ကစ်တီပရာပတ်စ်က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောထားသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
390
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
282

ယမန်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှ ပြီးခဲ့သည့် သီတင်းပတ် ဒီဇင်ဘာလ ၁၅ ရက်အတွင်း တရားမဝင် ရွှေ့ပြောင်းလုပ်သား ၄၂,၄၄၃ ဦး၊ လူကုန်ကူးသူ ၂၉၃ ဦးနှင့် တရားမဝင် လုပ်သားများကို လက်ခံထားသည်ဟု သံသယရှိသူ ၈၄၁ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လူကုန်ကူးသည့် ကွန်ရက် ၂၂၁ ခုကို ထိုင်းရဲက စီးနင်းရှာဖွေပြီး ၁၅၄ ဦးကို ဖမ်းဆီးခဲ့သည်။ လူကုန်ကူးမှုနှင့် ကွင်းဆက်ပတ်သက်နေသည့် ဦးဆောင်သူ ၄၀၂ ဦးနှင့် ယင်းနှင့် ဆက်စပ်ကာ တရားမဝင် ရွှေ့ပြောင်းလုပ်သား ၁,၇၆၉ ဦး ဖမ်းဆီးရမိပြီး ယာဉ် ၁၈၂ စီးနှင့် ဘဏ်စာအုပ် အများအပြားအပါအဝင် ပစ္စည်း ၃၁၂ ခုကိုလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားဝင်ရော တရားမဝင်ပါ အလုပ်လုပ်ရန် သွားရောက်သည့် မြန်မာနိုင်ငံသား အများအပြားရှိနေပြီး ဘန်ကောက်ပို့စ် သတင်းတွင် ရဲဗိုလ်ချုပ် ဒမ်ရွန်ဆက်က ဖမ်းမိသည့် တရားမဝင် ရွှေ့ပြောင်းလုပ်သားများမှာ မည်သည့်နိုင်ငံများမှ ဦးရေမည်မျှ ရှိသည်ကို ဖော်ပြထားခြင်း မရှိပေ။

သို့သော် ထိုင်းနိုင်ငံအတွင်း ယခုနှစ် အစပိုင်းမှ အောက်တိုဘာအထိ မြန်မာရွှေ့ပြောင်းလုပ်သား ၃ သောင်းကျော် ဖမ်းဆီးခဲ့ကြောင်း ထိုင်းအစိုးရက ဖော်ပြခဲ့ဖူးသည်။ သြဂုတ်လအတွင်း ထိုင်းအစိုးရက မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို အိမ်နီးချင်းနိုင်ငံမှ အလုပ်သမား ၄ သိန်းကျော်ကို MoU စနစ်ဖြင့် ခေါ်ယူရန် စီစဉ်ထားကာ အဆိုပါ လုပ်ငန်းစဉ် မတိုင်ခင် ထိုင်းနိုင်ငံ၏ လုပ်ငန်းလိုအပ်ချက်အရ ၂ နှစ်တာ သက်တမ်းရှိသည့် အလုပ်လုပ်ကိုင်ခွင့် ကတ်များပေးရန် စီစဉ်ခဲ့ခြင်းက ထိုင်းနိုင်ငံအတွင်းသို့ မြန်မာပြည်ဘက်မှ တရားမဝင် ဝင်ရောက်မှုကို ပိုတိုးစေခဲ့သည်။

ထိုင်းရဲများ အခြား လူကုန်ကူးမှုကွန်ရက် ၆၇ ခုကို စုံစမ်းရှာဖွေနေသည်ဟုလည်း ရဲဗိုလ်ချုပ် ဒမ်ရွန်ဆက်က ဘန်ကောက်ပို့စ်သို့ ပြောသည်။

တရားမဝင် လုပ်သားများကို လက်ခံထားသည့် အလုပ်ရှင်များသည် ပြစ်မှုထင်ရှားပါက အလုပ်သမား တဦးစီအတွက် ဒဏ်ငွေ ဘတ် ၁ သိန်း (ကျပ်ငွေ ၅၂ သိန်းကျော်ခန့်) ဒဏ်ရိုက်ခံရမည် ဖြစ်သည်။ အကယ်၍ ဥပဒေကို နှစ်ကြိမ် ချိုးဖောက်ခဲ့ပါက ဖမ်းဆီးခံရမည်ဖြစ်ပြီး သုံးနှစ်အတွင်း ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းမှု ပိတ်ပင်ခံရမည် ဖြစ်သည်။

တရားမဝင် ဝင်ရောက်လာသည့် ရွှေ့ပြောင်း လုပ်သားသည်လည်း ဒဏ်ငွေ ဘတ် ၅ သောင်း (ကျပ်ငွေ ၂၆ သိန်းကျော်) ဒဏ်ရိုက်ခံရမည် ဖြစ်သည်။ ထို့အပြင် ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ပြီး ထိုင်းသို့ အလုပ်လာရောက် လုပ်ကိုင်ခွင့် ပါမစ် နှစ်နှစ် အပိတ်ခံရမည် ဖြစ်သည်။

ထိုင်းနိုင်ငံတွင်း တရားမဝင် ရောက်ရှိနေသည့် ရွှေ့ပြောင်းလုပ်သားများ တရားဝင် မှတ်ပုံတင်ခွင့်ပေးသည့် မူဝါဒကို ထိုင်းဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ချန်အိုချာက ပြီးခဲ့သည့်လတွင် ခွင့်ပြုပေးခဲ့ကြောင်း၊ ကိုဗစ်နိုင်တင်း ကူးစက်ပြန့်ပွားမှု အန္တရာယ်ကို လျှော့ချရန် ကြိုးပမ်းမှုဖြစ်ကြောင်း ရဲဗိုလ်ချုပ် ဒမ်ရွန်ဆက်က ပြောသည်။

ထိုင်းအမျိုးသားရဲချုပ် ဆူဝပ် ဂျန်ယော့ဒ်ဆက်က တရားမဝင် ရွှေ့ပြောင်းလုပ်သားများ တိုးပွားလာနေသည့် ပင်မလမ်းကြောင်းကို စုံစမ်းရှင်းလင်းရန်နှင့် လူကုန်ကူးမှုကွန်ရက်ကို ဖြိုခွင်းကာ ဥပဒေချိုးဖောက်သူများ တရားဥပဒေရှေ့မှောက် ရောက်စေရေး သက်ဆိုင်ရာ ဌာနများကို ညွှန်ကြားထားကြောင်းလည်း သိရသည်။

နှစ်သစ်ကူးပွဲတော်အတွင်း ကိုဗစ်နိုင်တင်း ကာကွယ်ရေးအတွက် စားသောက်ဆိုင်များကို စစ်ဆေးမှု တိုးမြှင့်ရန်လည်း အမျိုးသားရဲချုပ် ဆူဝပ်က ညွှန်ကြားထားသည်ဟု ထိုင်းရဲအရာရှိများက ပြောသည်။

ကိုးကား ။ ။ ဘန်ကောက်ပို့စ်

You may also like these stories:

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား အလွန်များနေ

နေ့စဉ်ဖမ်းဆီးနေသည့် ကြားမှ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှု ပိုများလာ

နယ်စပ်ဖြတ်ကျော် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး ထိုင်းအစိုးရထံ တောင်းဆိုထား

တလအတွင်း ထိုင်းသို့ ခိုးဝင်သည့် မြန်မာလုပ်သား ၅၀၀ ခန့် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံရှိ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို ၂ နှစ်ခံအလုပ်သမားကတ် လုပ်ပေးမည်

Your Thoughts …
Tags: ထိုင်းနိုင်ငံထိုင်းရဲတပ်ဖွဲ့ရွှေ့ပြောင်းလုပ်သားအလုပ်အကိုင်ရှားပါးမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

by စွယ်တော်
4 December 2024
6.2k

ငါးဖမ်းလှေသည် အမှန်တကယ် နယ်မြေကျော်လွန်ပါက အဝေးမှ အသံချဲ့စက်ဖြင့် သတိပေးပြီး ထွက်ခွာသွားရန် ဆောင်ရွက်နိုင်သော်လည်း မလိုအပ်ဘဲ အင်အားသုံး၍ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
4.4k

"ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်"

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

မြန်မာ စစ်မှုထမ်းဥပဒေနှင့် ထိုင်းသို့ ဝင်လာမည့် လူသားလှိုင်းလုံး

by Surachanee Sriyai
22 February 2024
3.8k

စစ်ကောင်စီ ထုတ်ပြန်လိုက်သည့် အတင်းအကျပ် စစ်သားစုဆောင်းရေး ဥပဒေ၏ ဖြစ်နိုင်ခြေရှိသော အကျိုးဆက်များကို ထိုင်းအစိုးရအနေဖြင့် သတိထားသင့်သည်။

Next Post
၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများက တုတ်များ ခဲများဖြင့် ပစ်ပေါက်နေစဉ် / AFP

ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်

ကွမ်းလုံတံတားစီမံကိန်း စုစုပေါင်း ဆောက်လုပ်ရေးကာလမှာ လပေါင်း ၃၀ ဖြစ် ကြာမြင့်မည် ဖြစ်ကြောင်း တရုတ်သံရုံးက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်မှုသည်။

စစ်အာဏာသိမ်းမှုဖြင့် တရုတ်လက်မှ ကယ်တင်လိုက်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.3k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
4.8k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • တရုတ်ဆီ အချက်အလက် လွှဲပြောင်းမှုနဲ့ TikTok ကို EU က ဒေါ်လာ သန်း ၆၀၀ ဒဏ်ရိုက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate