• English
Thursday, May 22, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများ ဦးခင်ရီ စီစဉ်

by ဧရာဝတီ
22 December 2021
in သတင်း
A A
၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများက တုတ်များ ခဲများဖြင့် ပစ်ပေါက်နေစဉ် / AFP

၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများက တုတ်များ ခဲများဖြင့် ပစ်ပေါက်နေစဉ် / AFP

16.5k
VIEWS
Share on FacebookShare on Twitter

စစ်တပ် အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးတဲ့နောက် ရန်ကုန်မှာ ကားမှန်တွေ ရိုက်ခွဲ၊ သူတို့ကို ရှုတ်ချသူတွေကို ထိုးကြိတ်၊ ဓားနဲ့ ထိုးတဲ့အထိ ရမ်းကားမှုတွေ ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲတွေကို ဦးဆောင် စီစဉ်သူဟာ အခု စစ်ကောင်စီ မှာ လဝက ဝန်ကြီး ဖြစ်နေတဲ့ ဦးခင်ရီ ဖြစ်တယ်ဆိုတာ ယခင် ဦးသိန်းစိန် အစိုးရရဲ့ ဝန်ကြီးဟောင်း ဦးစိုးသိန်းရေးတဲ့ ဒီမိုကရေစီ ဒုတိယအစိုးရသစ်နှင့် မြန်မာနိုင်ငံ(ဒုတိယတွဲ)စာအုပ်အရ သိရပါတယ်။

ဦးခင်ရီဟာ အာဏာမသိမ်းခင်ကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးတဲ့ ကြံခိုင်ရေးပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌတစ်ယောက်ဖြစ်ပြီး နောက် ၆ လအကြာ စစ်ကောင်စီက အိမ်စောင့်အစိုးရဖွဲ့တဲ့အခါ လဝကဝန်ကြီးဖြစ်လာသူပါ။ ဦးစိုးသိန်း ကတော့ ၂၀၂၀ မှာ ကြံခိုင်ရေးက အမတ်ဖြစ်ပါတယ်။

RelatedPosts

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

မန္တလေး၊ စစ်ကိုင်းမှ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများ ပြန်ဆောက်ခွင့် မရသေး

21 May 2025
167
တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

21 May 2025
1.4k
တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

တမူး ပကဖ ရုပ်အလောင်းတွေ အိန္ဒိယ လက်က ဘယ်လိုပြန်ရခဲ့သလဲ (ရုပ်/သံ)

21 May 2025
42

ဦးခင်ရီ ရန်ကုန်မှာ စီမံခဲ့တဲ့ တပ်မတော်ထောက်ခံပွဲတွေဟာ အာဏာမသိမ်းခင် ၁၁ ပွဲ၊ အာဏာသိမ်းပြီးနောက်မှာ ၁၁ ပွဲ စုစုပေါင်း ၂၂ ပွဲ ရှိခဲ့ပြီး ဇန်နဝါရီလ၂၁ ကနေ ဖေဖော်ဝါရီ ၂၅ ရက်အတွင်းဖြစ်တယ်၊ ပါဝင်တဲ့လူအင်အား ဘယ်လောက်ရှိတယ်ဆိုတာက အစ ဦးစိုးသိန်းက ဦးခင်ရီ၏ အားထုတ်ကြိုးပမ်းချက် ဆိုပြီး အသေးစိတ် ဖော်ပြထားပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများက ဒီမိုကရေစီထောက်ခံသူများအား ရန်ရှာစဉ်/ဧရာဝတီ

လူဦးရေ ရာချီပါဝင်တဲ့ အဲဒီပွဲတွေဟာ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်ပြိုကမ်းပြိုအနိုင်ရရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က ထုတ်ပြန်အပြီး UEC ကို ကန့်ကွက်တဲ့ အနေနဲ့ ဆက်တိုက်ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲတွေမှာကတည်း က တပ်မတော်ကို ထောက်ခံတဲ့ စာသား ကြွေးကြော်သံတွေ ကြွေးကြော်ကြတယ်ဆိုတာ ကြုံဖူးသူတိုင်း သိကြပါတယ်။

“ရွေးကောက်ပွဲကော်မရှင်ကို အထိရောက်ဆုံး ကန့်ကွက်ပွဲများကို အောက်မြန်မာပြည်မြို့ကြီးတွေမှာ ရက်ဆက်တွေ့မြင်ရသည်။ အဓိက စီမံစေ့ဆော်သူမှာ ဦးခင်ရီဖြစ်သည်” ဟု ဦးစိုးသိန်း က ဖော်ပြထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူတဦး ဓားကိုင်ဆောင်လာစဉ်/AFP

မြန်မာနိုင်ငံအလံနဲ့ တပ်မတော်အလံတွေ လွှင့်ပြီး UEC ကို ကန့်ကွက်ကြောင်း၊ တပ်မတော်ကိုထောက်ခံကြောင်း ကြွေးကြော်နေတဲ့လူအချို့ဟာ တုတ်တွေ ကိုင်ဆောင်ထားကြပြီး ကားမှန်တွေကို ရိုက်ခွဲတာမျိုးပြုလုပ်ခဲ့ကြပါတယ်။ ဇန်နဝါရီ ၃၀ ရက်နေ့ ရွှေတိဂုံကြေးသွန်းဘုရားနဲ့ ဗဟန်းဈေးအနီး သွားလာသူတွေကို ထိုးကြိတ်ရိုက်နှက်တာ၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ရွှေဂုံတိုင်ခုံးကျော်တံတားအောက်၊ တံဆိပ်ရိုက်ဆိုင်မှာ ချိတ်ဆွဲထားတဲ့ NLD အလံကို ဓာတ်ဆီလောင်းမီးရှို့ဖျက်ဆီးတာမျိုး လုပ်ခဲ့ကြပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ က စပြီး ဒီပွဲတွေဟာ တပ်မတော်ထောက်ခံပွဲ (ဝါ) အာဏာသိမ်းမှု ထောက်ခံပွဲ အဖြစ် လုံးလုံး အသွင်ပြောင်းသွားတာကို ဦးစိုးသိန်းရဲ့ ဖော်ပြချက်များအရ သိရပါတယ်။ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ရန်ကုန်မြို့လည် တပ်မတော်ထောက်ခံပွဲက လူတွေကို ပြည်သူတွေက အော်ဟစ်ရှုတ်ချမှုတွေရှိခဲ့ပြီး တပ်မတော်ထောက်ခံသူတွေက ပြန်ပြီးရိုက်နှက်၊ ဓားနဲ့ထိုးတဲ့အထိ ရမ်းကားခဲ့ကြလို့ လူ ၁၀ ဦးလောက် ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီ၏ အိမ်စောင့်အစိုးရတွင် လဝကဝန်ကြီးဖြစ်လာသော ဦးခင်ရီ

အဲဒီပွဲ နဲ့ ပတ်သက်လို့ ဦးစိုးသိန်း က “၂၅.၂.၂၀၂၁ တွင် ဒဂုံမြို့နယ်၊ သမ္မတ ရုပ်ရှင်ရုံ၊ အောင်ဆန်း အားကစားပြိုင်ကွင်း နှင့် ဘူတာကြီးရှေ့ စုရပ်တို့တွင် အရှေ့ပိုင်းခရိုင်၊တောင်ပိုင်း ခရိုင် နှင့် မြောက်ပိုင်းခရိုင်တို့မှာ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ ပါတီကို ဝန်းရံသူများ၊ တပ်မတော်ကို မြတ်နိုးသူများ ၊ အမျိုးသားရေး သမားများ စုဝေး၍ ဆူးလေဘုရား လမ်းမကြီး၊ ဆူးလေဘုရားကို ပတ်၍ မူလ စုရပ်ကို ပြန်ချီတက်ကာ တပ်မတော်ကို လှိုက်လှိုက်လှဲလှဲ ထောက်ခံပွဲ ကျင်းပခဲ့ပါသည်” ဟု ဖော်ပြထားတယ်။ သူတို့ကို မထောက်ခံတဲ့ ပြည်သူတွေ ကို ထိုးကြိတ်၊ဓား နဲ့ ထိုးတာတော့ မဖော်ပြထားပါဘူး။

အဲဒီထောက်ခံပွဲက လူ ၈ ဦးကို ပရဟိတအသင်းတခုက ဝိုင်းဖမ်းခဲ့ပြီး စစ်မေးရာမှာ ဦးခင်ရီ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားပြုဝင်ပြိုင်ပြီး မဲရှုံးခဲ့တဲ့ ရန်ကုန်တိုင်း၊ တောင်ပိုင်းခရိုင် ဆိတ်ကြီးခနောင်တိုမြို့က လူတွေဖြစ်နေခဲ့တာ အဲဒီတုန်းက ရိုက်ထားတဲ့ video တွေအရ သိရပါတယ်။ သူတို့ကို ကြံ့ခိုင်ရေးပါတီဝင် ၂ ဦးက ပွဲမှာပါဖို့ ခေါ်လာတာလို့ ကိုယ်တိုင်ထွက်ဆိုခဲ့ကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများ ဆန္ဒပြကြစဉ်/ဧရာဝတီ

တပ်ထောက်ခံပွဲတွေမှာ ပါဝင်တဲ့ လူအများစုဟာ တနေ့ကို ကျပ်ငွေ ၃၀၀၀၊ ၅၀၀၀ ၇၀၀၀ စသည်ဖြင့် နေ့တွက်စရိတ်ရကြတယ်ဆိုတာ သူတို့လူအုပ်ကြား ကျကျန်ခဲ့တဲ့ စာရင်းစာအုပ်တွေအရ သိရသလို၊ လိုက်ထရက်ကားတစီး လူအပြည့်ပါရင် ၂၀၀၀ ပေးမယ်လို့ ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူတဦးက စည်းရုံးနေတဲ့ video ဖိုင်မျိုးလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ သွေးထွက်သံယို ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့ ထောက်ခံပွဲအပြီးမှာ နောက်ထပ်ပွဲတွေ မရှိတော့ဘဲ လ အတန်ကြာငြိမ်ချက်သားကောင်းခဲ့ပါတယ်။

ဦးခင်ရီဟာ အောက်မြန်မာနိုင်ငံ တပ်ထောက်ခံပွဲတွေအတွက် အဓိက စီမံသူဖြစ်ပြီး နေပြည်တော်ကောင်စီနယ်မြေ တပ်မတော်ထောက်ခံပွဲတွေကိုတော့ ၂၀၁၅ နဲ့ ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲနှစ်ခုစလုံးမှာ နေပြည်တော်၊ ပုပ္ဗသီရိမဲဆန္ဒနယ်ကနေ မဲရှုံးခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ကာကွယ်ရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင် အဓိကလှုပ်ရှားဆောင်ရွက် ခဲ့တာဖြစ်တယ် လို့ ဦးစိုးသိန်းက ရေးပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၂၅ ရန်ကုန်မြို့လည်တွင် စစ်တပ်ထောက်ခံသူများက လူတဦးကို ရန်ရှာစဉ်/AFP

ဦးခင်ရီဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ ဗိုလ်မှူးကြီးဘဝကနေ ရဲချုပ်ဖြစ်လာပြီး၂၀၀၇ ခုနှစ်ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်ဖြိုခွဲရာမှာ ကွပ်ကဲခဲ့သူလည်းဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာ လဝကဝန်ကြီးဖြစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာ သူ့ဇာတိဖြစ်တဲ့ ဧရာဝတီတိုင်း၊ မြောင်းမြမြို့ကနေ ဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ဆိတ်ကြီးခနောင်တိုက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ထပ်မံရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

You may also like these stories:

စစ်ကိုင်းတိုင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ BBC ထုတ်ဖော်

ထောင်တွင်း အသံတိတ်သပိတ် ပါဝင်၍ ရိုက်နှက်၊ တိုက်ပိတ်ခံရသူများ၏ အခြေအနေ စိုးရိမ်ရ

ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ကားဖြင့်တိုက်သတ်သည့် မှတ်တမ်းများ

ဆားလင်းကြီးက ဒေသခံ ၁၀ ဦး နှိပ်စက်ပြီးမှ မီးရှို့သတ်ခံရခြင်းဖြစ်

Your Thoughts …
Tags: USDPစစ်ကောင်စီ လဝက ဝန်ကြီးရမ်းကားရိုင်းစိုင်းသော တပ်ထောက်ခံပွဲများဝန်ကြီးဟောင်း ဦးစိုးသိန်းစာအုပ်ကို သီးခြားတုံ့ပြန်ရန်မလိုဟု ဦးရွှေမန်းပြောဦးခင်ရီ စီစဉ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.3k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.5k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

မြန်မာ့ငြိမ်းချမ်းရေးအတွက် မင်းအောင်လှိုင်သာ ခေါင်းခံရမည်

by ကျော်ထင်
20 July 2024
14.2k

အငြင်းပွာမှုများကို ဖြေရှင်းရန်အတွက် သက်ဆိုင်သူအားလုံးသည် မင်းအောင်လှိုင်ကို မြန်မာပြည်သူတရပ်လုံး၏ တဦးတည်းသော ရန်သူအဖြစ် အပြစ်တင်ပါက လက်တွေ့ကျနိုင်သည်။

Next Post
ကွမ်းလုံတံတားစီမံကိန်း စုစုပေါင်း ဆောက်လုပ်ရေးကာလမှာ လပေါင်း ၃၀ ဖြစ် ကြာမြင့်မည် ဖြစ်ကြောင်း တရုတ်သံရုံးက ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်မှုသည်။

စစ်အာဏာသိမ်းမှုဖြင့် တရုတ်လက်မှ ကယ်တင်လိုက်ဟု စစ်ဗိုလ်ချုပ်များ ယုံကြည်နေ

လူထုသပိတ်မှောက်ထားသော စစ်တပ်ထုတ်ကုန်များ

လူထုသပိတ်မှောက်ထားသည့် စစ်တပ်စီးပွားရေးလုပ်ငန်းများအတွက် နောက်ထပ်ထိုးနှက်ချက်

No Result
View All Result

Recommended

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.5k
ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

6 days ago
2.4k

Most Read

  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate