• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နတ်ချောင်းရွာတွင် တိုက်ပွဲပြင်းထန်

by ဧရာဝတီ
27 December 2021
in သတင်း
A A
အာဏာသိမ်း စစ်တပ်ပစ်ခတ်ဖျက်ဆီးထားသည့် နတ်ချောင်းရွာ / CJ

အာဏာသိမ်း စစ်တပ်ပစ်ခတ်ဖျက်ဆီးထားသည့် နတ်ချောင်းရွာ / CJ

17.2k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ကောင်စီက စစ်လေယာဉ်သုံးကာ ပစ်ခတ်ချေမှုန်းခဲ့သည့် ကလေးမြို့နယ်၊ နတ်ချောင်းရွာတွင် တညလုံး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိကြောင်း ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များထံက သိရသည်။

ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် နတ်ချောင်းရွာ၊ အထက်တန်းကျောင်းနှင့် အောင်ဆုပန် ဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား ယမန်နေ့ညနေ ၆ နာရီခန့်မှစတင်ကာ ပိတ်ဆို့တိုက်ခဲ့ကြရာ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့မနက် ၆ နာရီခန့်အထိ တိုက်ပွဲကြားမြင့်ခဲ့ကြောင်း သိရသည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
186
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
257
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
406

တိုက်ပွဲဖြစ်ပွားနေစဉ် ကလေးနည်းပညာတက္ကသိုလ်ဘက်မှ စစ်ကောင်စီတပ်များက နတ်ချောင်းရွာဘက်သို့ လက်နက်ကြီး ပစ်ကူပေးနေသည့်အတွက် PDF ပူးပေါင်းတပ်ဖွဲ့များက စစ်ကြောင်းတကြောင်းဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရကြောင်း လည်း သိရသည်။

ယင်းတိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၂ ဦးလက်နက်ကြီးထိမှန် သေဆုံးခဲ့ကာ ၆ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေအား အတည်မပြုနိုင်သေးကြောင်းလည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ များက ဆိုထားသည်။

ညပိုင်းတိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ယနေ့မနက်အစောပိုင်း ၃ နာရီခွဲခန့်တွင်လည်း ကလေးမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းနှင့် တယ်စလီလမ်းထောင့်ရှိ စစ်ကောင်စီကင်းစခန်းနှင့် စမ်းမြို့မူးယစ်ရဲတပ်ဖွဲ့စခန်းတို့အား PDF ပူးပေါင်းတပ်ဖွဲ့က တပြိုင်နက် တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအား မသိရသေးကြောင်း ၎င်းတို့က ပြောထားသည်။

အာဏာသိမ်း စစ်တပ်ပစ်ခတ်ဖျက်ဆီးထားသည့် နတ်ချောင်းရွာ (ဓာတ်ပုံ – CJ)

ယင်းတိုက်ခိုက်မှုများတွင် စစ်ကောင်စီတပ်များအား ကလေး-PDF၊ ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့(CNDF/ကလေး တပ်မဟာ)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)တို့က ပူးပေါင်းတိုက်ခိုက်နေကြခြင်းဖြစ်သည်။

ကလေးမြို့နှင့် ၁၅ မိုင်ခန့်ကွားဝေးသည့် နတ်ချောင်းရွာသို့ ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ် ကောင်စီတပ်များမှ ဒေသခံအချို့အား ဖမ်းဆီးပြီးပြန်လည်ထွက်ခွာစဉ် နတ်မြောင်ရွာအထွက်၌ နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရသည်။

ယင်းနောက် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် နတ်ချောင်းရွာ၊ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များအား PDF ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီဘက်က ရဟတ်ယာဉ်နှစ်စင်းဖြင့် လာရောက်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း စစ်တပ်ပစ်ခတ်ဖျက်ဆီးထားသည့် နတ်ချောင်းရွာ (ဓာတ်ပုံ – CJ)

ယင်းသို့ လေယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်း ထိမှန်သေဆုံးခဲ့ပြီး နေအိမ်အချို့လည်း မီးရှို့ဖျက်စီးခံရကာ ဒေသခံပြည်သူများ နေအိမ်စွန့်ခွာထွက်ပြေးရလျှက်ရှိသည်။

အဆိုပါ ဒီဇင်ဘာ ၂၃ ရက်နေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးခဲ့ပြီး ကလေးမြို့ဘက်မှ မြေပြင်စစ်ကူအနေ ဖြင့် အမြောက်လက်နက်ကြီးတင်ဆောင်လာသည့်တွဲကားအပါအဝင် ယာဉ်တန်းမှာလည်း ဇင်းကလင်းရွာအနီးတွင် မိုင်းခွဲ တိုက်ခိုက်ခံရကာ ကား ၃ စီးထိမှန်ခဲ့ပြီး ၁၇ ဦးခန့်သေဆုံးခဲ့ကြောင်း ကလေး-PDF က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ကလေး-ဂန်ဂေါလမ်းပေါ်ရှိ နှမ်းခါးကျေးရွာအား စစ်ကောင်စီတပ်က ရဟတ် ယာဉ်များအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံများအပါအဝင် ၉ ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ် များလည်း မီးရှို့ဖျက်ဆီးခံရကာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ရလျှက်ရှိသည်။

ယင်းသို့ စစ်ကောင်စီဘက်က ဒေသကာကွယ်ရေးတပ်များအား လေယာဉ်အသုံးပြုတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျှက် ရှိသည့်အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း မြေပြင်တွင် မိုင်းခွဲတိုက်ခိုက်မှုများ လုပ်ဆောင်လျှက်ရှိသည့်အတွင် ကလေးမြို့တောင်ပိုင်းဒေသ၊ ကလေး-ဂန်ဂေါလမ်းပိုင်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နိုင်သည့်အတွက် ဒေသခံများအ နေဖြင့် ဖြတ်သန်းသွားလာခြင်းမပြုကြဘဲ လုံခြုံရေးသတိဖြင့် ကြိုတင်ပြင်ဆင်ထားကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

Your Thoughts …
Tags: PDFကလေးနတ်ချောင်းရွာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ထိုရေငုပ်သင်္ဘောကို မြန်မာက မင်းရဲကျော်ထင် ဟု အမည်ပေးခဲ့ပြီး တပ်တော်ဝင် အခမ်းအနားကို တပ်မတော်ရေ၏ ၇၄ နှစ်မြောက်နေ့ (ဒီဇင်ဘာ ၂၄ရက်) တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်

တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီကို ရေငုပ်သင်္ဘော တပ်ဆင်ပေး

အာဏာသိမ်း ခေါင်းဆောင် သမ္မတ လုပ်ဖို့ ကြံစည်နေသလား  (ရုပ်/သံ)

အာဏာသိမ်း ခေါင်းဆောင် သမ္မတ လုပ်ဖို့ ကြံစည်နေသလား (ရုပ်/သံ)

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
3.9k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

22 hours ago
3.6k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate