ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေး အပြီးသတ် အဆိုပြု လွှာမူချောကို လာမည့် ၂၀၂၂ ခု ဇန်နဝါရီတွင် တင်သွင်းမည်ဟု သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ကုလသမဂ္ဂပညာရေး သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNES CO)သို့ အဆိုပြုလွှာမူကြမ်း တင်ခဲ့ပြီးဖြစ်ရာ ယခု မူချောကို စံနှုန်းသတ်မှတ်ချက်နှင့်အညီ သတ်မှတ်ကာလအတွင်း ဆက်တင်ရခြင်းဖြစ်သည်ဟု ကမ္ဘာ့အမွေအနှစ်ဒေသများ ဌာနခွဲ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီး ဌာနမှ ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။
“မြောက်ဦးယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ ကမ္ဘာ့အမွေအနှစ်တင်မယ့် အထဲမှာ စံနူန်းသတ်မှတ်ချက်တွေဖြစ်တဲ့ ယဉ် ကျေးမှုဆိုင်ရာ အမွေအနှစ်အထောက်အထားတွေ အားလုံးတည်ရှိတယ်။ ဗိသုကာ အနုပညာလက်ရာတွေ၊ မြို့ပြ ဖွဲ့ တည်မှု စတဲ့အချက် အလက်တွေနဲ့ မြောက်ဦးကို ယူနက်စကိုဝင်ဖို့ တင်သွင်းသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဧရာဝတီ သို့ ပြောသည်။
အဆိုပြုလွှာ အပြီးသတ်မူချော တင်သွင်းရာတွင် ကာကွယ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကို အခြေခံပြီး မြို့ပြတည် ဆောက်မှု၊ ယဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ ၊ ကျောက်သားများဖြင့်ပြုလုပ်ထားသည့် ဗိသုကာ အနုပညာ လက်ရာများစသည့် အချက်အလက်များ ပါဝင်ကြောင်း ရှေးဟောင်းသုတေသန ဦးစီးဌာနမှ သိရသည်။
၂၀၁၉ ခု စက်တင်ဘာက မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး အဆိုပြုလွှာ မူကြမ်း (Nomination Dosser Draft )ကို တင်သွင်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီတွင် အဆိုပြုလွှာမူချော ( Nomination Dossier- Complete )တို့ကိုတင်သွင်းခဲ့ပြီး ဖြစ်သော်လည်း နယ်မြေမငြိမ်မှု ၊ ကိုဗစ်ဖြစ်ပွားမှုတို့ကြောင်း နောက်ဆက်တွဲလုပ်ငန်းစဉ်များကို ဆောင်ရွက် လုပ်ကိုင်နိုင်ခြင်းမရှိသဖြင့် လုပ်ငန်းစဉ်များကို ဆိုင်းငံ့ထားခဲ့ရာမှနေ ယခုတဖန် ပြန်တင်ရခြင်း ဖြစ်ကြောင်း ကမ္ဘာ့အမွေ အနှစ် ဒေသများဌာနခွဲ ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြ တိုက်ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။
မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်းအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး ၂၀၁၇ ခုနှစ်မှ စတင်ကာ မြောက်ဦးဒေသ အမျိုးသား အဆင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့ပြီး UNESCO စာရင်းဝင်ရန် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။
၂၀၁၈ ခုနှစ်ဆန်းပိုင်းကတည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်များတွင် စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ တိုက်ပွဲ တွင် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ရှေးဟောင်း အမွေအနှစ်တချို့ ထိခိုက်ပျက်စီမှုများ ရှိသလို စစ်တပ်က စေတီပုထိုးနေရာများတွင် ပစ်ကျင်းများ ၊ ဘန်ကာများ တူးပြီးတပ်စွဲနေထိုင်ခဲ့သည့်အတွက် ရှေးဟောင်း အမွေ အနှစ် တချို့ ပျက်စီခဲ့မှု ရှိကြောင်းလည်း မြောက်ဦးမြို့ခံများက ပြောသည်။
လက်ရှိ နှစ်ဘက်တိုက်ပွဲများ ရပ်တန့်ထားချိန်တွင် ရှေးဟောင်းဇုန်နယ်နိမိတ်များတွင် ကျူးကျော်အိမ်များ ဝင်ရောက် နေထိုင်ခြင်း ၊ ဇုန်နယ်မြေအတွင်းက တောင်များကို ဖြိုချကာ ကျုံးများကို မြေဖို့ခြင်းများ ရှိနေကြောင်းလည်း မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရှောင်ရေးအဖွဲ့မှ ဥက္ကဌဒေါ်ခင်သန်းက ပြောသည်။
“မြောက်ဦး ယူနက်စကိုဝင်ဖို့အတွက် ကျမတို့ ရှေး/သု ရုံးမှာ နေ့မအား ညမအား လုပ်နေပါတယ်။ ဒီလကုန်မှာတော့ အပြီးသတ်မူချောကို တင်သွင်းဖို့အတွက် လုပ်နေတယ်။ ဒါပေမယ့်လည်း မြေပြင်အခြေအနေကတော့ ဇုန်နယ် မြေမှာ အိမ်တွေ ကျူးကျော်မှုတွေ ၊ တိုးချဲ့ ဆောက်လုပ်မှုတွေ အထူးသဖြင့်တော့ တောင်တွေကို ဖြိုပြီးတော့ ကျုံးတွေ ကို မြေဖို့ နေတာတွေက တော်တော်ကြီး ဆိုးဝါးနေတယ်” ဟု ၎င်းကဧရာဝတီသို့ပြောသည်။
မြောက်ဦးဒေသ ယူနက်စကို ဝင်မည့်ကိစ္စ အားလုံးက လိုလားသော်လည်း အမှိုက်ပစ်ခြင်း၊ လုပ်ငန်းရှင်များက တောင် ကုန်းများကို မြေတူးခြင်း၊ စစ်တပ်မှ ရှေးဟောင်းစေတီပုထိုးများတွင် တပ်စွဲခြင်းများမှာ လက်ရှိ ရှိနေသည့်အတွက် ပြည်နယ်အုပ် ချုပ်ရေး ကောင်စီဝင်များက ထိထိရောက်ရောက်က်ိုင်တွယ်ရန် လိုအပ်ကြောင်း မြောက်ဦးမြို့ခံတဦးက ပြောသည်။
၎င်းက “ မြောက်ဦး ယူနက်စကိုဝင်မယ့် အရေး အားလုံးလိုလားတယ်။ တခုက ရှေးဟောင်းနယ်မြေမှာ ကျူးတွေကိစ္စ တခုတည်းဖြစ်နေတာမဟုတ်ဘူး။ တောင်တွေကို မြေတူးရင် ဒါကို ဘယ်သူခွင့်ပြုပေးထားလဲ၊ ဘုန်းကြီးကျောင်းတွေ ဘုရားတွေကို ဘယ်သူတည်ခွင့်ပြု ထားသလဲ ၊ စစ်တပ်က တိုက်ပွဲဖြစ်ကတည်းက ရှေးဟောင်းစေတီပုထိုးတွေမှာ တပ်စွဲတာ အခုထိ ရှိသေးတယ်။ ဒါတွေကို ဘယ်သူက တားမြစ်မလဲ၊ ရှေး/သုဌာနနဲ့ ပြည်နယ်ကောင်စီက ကျောသား၊ ရင်သားမခွဲခြားပဲ ဒါတွေကို ကိုင်တွယ်ဖြေရှင်းပေးသင့်တယ်။ ” ဟု ဧရာဝတီသို့ ပြော သည်။
၂၀၂၃ ခုနှစ် ဇွန် ၊ ဇူလိုင်လအတွင်း ပြင်သစ်နိုင်ငံ ၊ ပါရီမြို့တွင် ပုံမှန်ကျင်းပမည့် ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ် ကျေးမှု အဖွဲ့ ( UNESCO )က ပြုလုပ်သည့်အစည်းအဝေးတွင် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနစ်စာရင်း ဝင်မည့် ကိစ္စအပေါ် ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
UNESCO သို့ တင်သွင်းသည့် အဆိုပြုလွှာများတွင် မြောက်ဦးမြို့နယ်အတွင်းရှိ ရှေးဟောင်း ကျုံး မြောင်း၊ ခံတပ်၊ နန်း တော်ရာကုန်း၊ နန်းဓလေ့၊ ညီလာခံ ကျင်းပခဲ့သော နေရာ၊ ရခိုင်ဘုရင်များ ကိုးကွယ်ခဲ့သောဘုရား၊ ပုထိုးစေတီများ၊ မြောက်ဦးခေတ်က ပေါ်တူဂီ၊ ဒတ်ချ်နိုင်ငံများနှင့် ကူးသန်းရောင်းဝယ်မှုပြုလုပ်ခဲ့သည့် ကုန်တိုက်များ ၊ ဒင်္ဂါးများ သဘောင်္ကျင်းများ ၊ စပါးကျီ ၊ စပါးစေ့ ၊ စသည့် ရှေး ဟောင်းသမိုင်းဆိုင်ရာ အထောက်အထားများ ပါဝင်ကြောင်း လည်း သိရသည်။