• English
Saturday, July 12, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအပေါ် လုံခြုံရေးကောင်စီအရေးယူရန် NUG တိုက်တွန်း

by ဧရာဝတီ
5 January 2022
in သတင်း
A A
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးကြ သူများ၏ အလောင်းများကို  မြေမြှုပ်သင်္ဂြိုဟ်ပေးနေစဉ် / CJ

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် စစ်ကောင်စီတပ်၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးကြ သူများ၏ အလောင်းများကို မြေမြှုပ်သင်္ဂြိုဟ်ပေးနေစဉ် / CJ

9.7k
VIEWS
Share on FacebookShare on Twitter

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ ဆက်တိုက် ကျူးလွန်နေသည့် စစ်ကောင်စီအား အရေးယူနိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မျက်နှာစုံညီ အစည်းအဝေး ချက်ချင်း ခေါ်ယူရမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

လုံခြုံရေးကောင်စီအနေဖြင့် စစ်ကောင်စီထံ လက်နက်နှင့် ငွေကြေး စီးဆင်းမှု ပိတ်ဆို့ရေးနှင့် စစ်အုပ်စု၏ ရက်စက်ကြမ်း ကြုတ်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သို့ လွှဲပြောင်းပေးရေး ဆုံးဖြတ်ချက်တရပ် ချ မှတ်ရမည်ဖြစ်ပြီး ကျူးလွန်မှုများနှင့် လျော်ညီစွာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် စာရင်းသွင်း ကြေညာရမည်ဟုလည်း ဆိုထားသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
424
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.4k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.9k

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး “မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မဟာဗျူဟာတရပ်အနေဖြင့် ကျယ်ပြန့်ပြီး စနစ်တကျ ကျူးလွန်နေသည့် လုပ်ရပ်များဖြစ်ကာ စစ်အုပ်စု၏ အမြင့်ဆုံး တာဝန်ရှိသည့် အဆင့်များက လမ်း ညွှန်လုပ်ဆောင်နေခြင်းဖြစ်ပြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ ထိပ်ပိုင်း ခေါင်းဆောင်များသည် ထိုရာဇဝတ်မှုများအတွက် တိုက်ရိုက် တာဝန်ရှိပြီး မဖြစ်မနေ တရားစီရင် အရေးယူခံရမည်” ဟု NUG က ပြောထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၄ ရက် ခရစ်စမတ် အကြိုကာလတွင် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီ၏ တပ်မ ၆၆ လက်အောက်ခံတပ်များက ကလေးငယ်များ အပါအဝင် ပြည်သူ ၃၀ ကျော်အား ယာဉ် ၇ စီးနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့ သည်။

စုံစမ်း စစ်ဆေးသူများ၏ အဆိုအရ မသန်စွမ်းသူ တဦး အပါအဝင် အမျိုးသား ၂၆ ဦးနှင့် အမျိုးသမီး ၅ ဦး၏ ရုပ်အလောင်း အား အတည်ပြုနိုင်သော်လည်း အချို့မှာ မီးလောင်ကျွမ်းမှုကြောင့် ဆိုးရွားစွာ ပျက်စီးနေပြီဖြစ်သည့်အတွက် လူဦးရေအတိ အကျအား အတည်ပြုနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မီးရှို့သတ်ဖြတ်ခံရသူများတွင် လူသားချင်း စာနာမှု အကူအညီပေးရေး ဆောင်ရွက်နေသည့် နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်း Save The Children မှ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်ခဲ့ပြီး ဒေသခံ အဖွဲ့အစည်းထံသို့ ပျောက်ဆုံးနေကြောင်း သတင်း ပေးပို့ထားသူများလည်း ရှိနေသည်။

မီးရှို့သတ်ခံရသူများ ဖမ်းဆီးခံထားရစဉ် ပြန်လွှတ်ပေးရန် သွားရောက် ညှိနှိုင်းခဲ့သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၄ ဦးကိုလည်း စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်ကာ သတ်ဖြတ်ထားသည်ကိုလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက် များတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အာဏာသိမ်း စစ်ကောင်စီက မော်တော်ယာဉ်များ မီးရှို့မှုမှာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သော်လည်း လူ ၃၀ ကျော်အား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်အား ထိန်ချန် ဖုံးကွယ်ခဲ့သည်။

ဖရူဆိုမြို့နယ်အတွင်း လူအစုလိုက် အပြုံလိုက် မီးရှို့ သတ်ဖြတ်မှုအပေါ် နိုင်ငံတကာ အဖွဲ့အစည်းများက ရှုတ်ချ ကန့်ကွက် ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပြီး ကုလလုံခြုံရေး ကောင်စီကလည်း ကျူးလွန်သူများအား အပြစ်ပေးအရေးယူ နိုင်ရေး တိုက်တွန်း နှိုးဆော်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များအပေါ် စစ်လေယာဉ်များ သုံးကာ တိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက် သေဆုံးမှုများရှိနေသည့်အပြင် ဖရူဆိုမြို့နယ်တွင် လူ ၃၀ ကျော်အား သတ်ဖြတ်မှု၊ ဆားလင်းကြီး မြို့နယ်တွင် အရွယ်မရောက်သေးသူ ၅ ဦး အပါအဝင် လူ ၁၁ ဦးအား မီးရှို့သတ်ဖြတ်မှု၊ ကနီမြို့နယ်တွင် လူ ၄၀ ကျော်အား နှိပ်စက်ကာ သတ်ဖြတ်မှုတို့ကဲ့သို့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများအား ဆက်တိုက် ကျူးလွန်လျက်ရှိသည်။

You may also like these stories:

အာဏာသိမ်းစစ်ကောင်စီ၏ အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ

ဖရူဆိုတွင် အစုလိုက်အပြုံလိုက် မီးရှို့အသတ်ခံရမှု ၄၉ ဦးခန့်ထိ ရှိလာနိုင်

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

Your Thoughts …
Tags: NUGစစ်တပ်လုံခြုံရေးကောင်စီလူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.4k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
၂၀၁၉ ဧပြီလ ဖနွမ်းပင်သို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်သောအခါ ဟွန်ဆန် လက်ခံကြိုဆိုစဉ် / AFP

ဒေါ်အောင်ဆန်းစုကြည်ကို ဟွန်ဆန်နှင့် တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီ ပြော

လူမှုကွန်ရက်စာမျက်နှာထက် ထွက်ပေါ်လာသည့် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ထားသော တန့်ဆည်မှ ကျောင်းသား ၂ ဦး၏ ဓာတ်ပုံ

ဖမ်းဆီးနှိပ်စက်ခံရသည့် တန့်ဆည်မှ ကျောင်းသား ၂ ဦး မိသားစုနှင့် အဆက်သွယ်ပြတ်နေ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

2 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

5 days ago
3.5k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate