• English
Saturday, July 19, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တမူးရဲဘက်စခန်း PDF စီးနင်း၊ ထောင်ပိုင်ဇနီးမောင်နှံနှင့် ထောင်ဝန်ထမ်း ၁၁ ဦးသေဆုံး

by ဧရာဝတီ
11 January 2022
in သတင်း
A A
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အုတ်ဖိုကန်ဘောင် ရဲဘက်အကျဉ်းစခန်း  / Google Earth

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အုတ်ဖိုကန်ဘောင် ရဲဘက်အကျဉ်းစခန်း / Google Earth

19.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် အုတ်ဖိုကန်ဘောင် ရဲဘက်အကျဉ်းစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF-တမူး) တပ်ရင်း-၁ က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ ထောင်ပိုင်ဇနီးမောင်နှံနှင့် ရဲဘက်လုံခြုံရေး ၁၁ ဦးသေဆုံးခဲ့ကြောင်း PDF-တမူး တပ်ရင်း-၁က ဗိုလ်ဘမှန်က ပြောသည်။

ရဲဘက်စခန်းအား ဇန်နဝါရီ ၁၀ ရက်နေ့မနက်အစောပိုင်းက စီးနင်းခဲ့ခြင်းဖြစ်ပြီး လက်နက်ချရန်ပြောကြားသော်လည်း လက်ခံခြင်းမရှိ သည့်အတွက် ပစ်ခတ်မှုများဖြစ်ပွားကာ PDF ဘက်ကလည်း ၂ ဦးသေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရခဲ့ ကြောင်းလည်း ၎င်းကပြောသည်။

RelatedPosts

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

ဗိုလ်ချုပ်အောင်ဆန်းသမီး တက်ခွင့်မရတဲ့ အာဇာနည်နေ့ (ရုပ်/သံ)

19 July 2025
17
ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

19 July 2025
304
အာဇာနည်တွေ နေတဲ့တိုင်းပြည်

အာဇာနည်တွေ နေတဲ့တိုင်းပြည်

19 July 2025
197

ဗိုလ်ဘမှန်က “ ကျနော်တို့က ဝင်စီးပြီး အကုန်လုံးအသာစီရပြီးသား၊ သူတို့မှောက်တဲ့သူလဲမှောက်နေကြပြီ၊ ထောင်ပိုင်က “ သူကျရင် ကျ ပါစေ၊ မင်းတို့ လက်နက်ချလို့မရဘူး” ဆိုပြီး အမိန့်ပေးပြီး မီးကိုဖြတ်ချလိုက်တော့ ရှုပ်ထွေးကုန်တာ၊သူတို့က ကင်းပေါ်မှာရှိတဲ့ စက်သေနတ်နဲ့ အကုန်လုံးဆွဲပစ်လိုက်တာ၊ အဲဒီမှာ သူတို့လည်းထိ ကိုယ်လူလဲထိဖြစ်ကုန်တာ”ဟု ပြောသည်။

ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့သူ PDF ၄ ဦးအနက် တဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိ ကြောင်းနှင့် ကျဆုံးနှစ်ဦးထဲက တဦးကိုလည်း လက်နက်နှင့်အတူ မလွှဲမရှောင်သာဘဲ ချန်ထားခဲ့ရကြောင်းလည်း PDF ဘက်ကပြောထား သည်။

“ဒီလို ဆိုးဆိုးဝါးဝါး အခြေအနေထိလုပ်ဖို့ အစီအစဉ်မရှိဘူး၊ သူတို့ကိုထိန်းချုပ်မယ်၊ လက်နက်တွေသိမ်းမယ်ပေါ့၊ ဒီလောက်ပဲစဉ်းစားထားတာ၊ အခုကရှုပ်ထွေးမှုတွေဖြစ်ပြီး ထိခိုက်မှုတွေဖြစ်ခဲ့တာပေါ့” ဟုလည်း PDF ဘက်ကပြောသည်။

စီးနင်းတိုက်ခိုက်ခံရသည့် အုတ်ဖိုကန်ဘောင် ရဲဘက်အကျဉ်းစခန်းမှာ တမူးမြို့၊ ဝက်ရှုကျေးရွာအရှေ့ဘက် ၂ မိုင်ခန့်အကွာတွင် တည်ရှိပြီး ၁၉၉၁ ခုနှစ်ခန့်တွင် စတင်တည်ထောင်ခဲ့ကာ ကဘော်ချိုင့်ဝှမ်းဒေသအတွင်း ပထမဦးဆုံးတည်ထောင်ခဲ့သည့် ရဲဘက်စခန်းတခု ဖြစ် ကြောင်းလည်း သိရသည်။

အဆိုပါရဲဘက်စခန်းထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ နိုင်ငံရေး အကျဉ်းသား အချို့အား ချုပ်နှောင်ထားကြောင်းလည်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့လက်နက်ကိုင် ခုခံတိုက်ခိုက်မှုများ ဖြစ်ပွားလျှက်ရှိသော်လည်း ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများနှင့် ပြစ်ဒဏ်ချမှတ်ခံရသူများအား ချုပ်နှောင်ထားသည့် အကျဉ်းထောင်၊ ရဲဘက်စခန်းများအား တိုက်ခိုက်မှုမှာ ရှားရှားပါးပါး ဖြစ်စဉ် တခုဖြစ်သည်။

မြန်မာ-အန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးမြို့သည် စစ်အာဏာသိမ်းဆန့်ကျင့်ရေးဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့်အပြင် လက်နက်ကိုင် ခုခံတိုက်ခိုက်ရာတွင်လည်း အစောဆုံးပါဝင်ခဲ့သည့် မြို့တမြို့ဖြစ်ပြီး နောက်နောင်တွင်လည်း အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်း စစ်အာဏာရှင်ယန္တရားလှည်ပတ်ရေး ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများအား တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း PDF- တမူး တပ်ရင်း-၁ ဘက်ကပြောသည်။

“စစ်ကောင်စီရဲ့ လက်အောက်ခံလုပ်ပြီး ရုံးတက်လှည်ပတ်နေကြတဲ့ ဌာနဆိုင်ရာတွေ၊ ပျူစောထီးဒလန်တွေကိုရော ကျနော်တို့ ညှာတာနေမှာမဟုတ်တော့ပါဘူး၊ သူတို့ကို CDM လုပ်ဖို့ ဖိတ်ခေါ်ကြိုဆိုခဲ့တယ်၊ ဘယ်လိုပဲခေါ်ခေါ် မလာတဲ့အပြင် ပိုပိုပြီးဆိုလာတယ်၊ ဒါကိ ညှာတာနေရင်လည်း ကျနော်တို့ရဲ့ တော်လှန်ရေးကြီးက ဘယ်တော့မှပြီးတော့မှာမဟုတ်ဘူး” ဟုလည်း ၎င်းတို့က ပြောသည်။

You may also like these stories:

ကလေး ဟားခါးလေးရွာတွင် စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်း ၂ လောင်းတွေ့

စစ်တပ်အင်အားဖြည့်ရန် စစ်ကိုင်း၊ မကွေးရှိ ရွာများမှ လူငယ်များကို မဲစနစ်ဖြင့် တောင်းနေ

Your Thoughts …
Tags: PDFတမူးရဲဘက်စခန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.4k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.3k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
PDF Putao တပ်ဖွဲ့ဝင်များ  / PDF Putao

စစ်ကောင်စီတပ်နှင့် ပူတာအို ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

ကရင်နီ စစ်ဘေးရှောင် လေးသောင်းခန့်ကို ရှမ်း၊ ကယားနယ်စပ်မှာ စစ်ကောင်စီ တားဆီးခဲ့ (ရုပ်/သံ)

ကရင်နီ စစ်ဘေးရှောင် လေးသောင်းခန့်ကို ရှမ်း၊ ကယားနယ်စပ်မှာ စစ်ကောင်စီ တားဆီးခဲ့ (ရုပ်/သံ)

No Result
View All Result

Recommended

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

2 days ago
3.7k
၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

3 days ago
3.5k

Most Read

  • အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    အာဏာကို ဆက်ထိန်းရန် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြင်ဆင်

    shares
    Share 0 Tweet 0
  • နောင်ချိုကို ဘာကြောင့် လက်လွှတ်လိုက်ရလဲ

    shares
    Share 0 Tweet 0
  • လေကြောင်းပစ်ကူဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောများ စဉ့်ကူးရောက်

    shares
    Share 0 Tweet 0
  • တောင်ကိုရီးယားက မြန်မာသံရုံး ငွေကြေးအရှုပ်တော်ပုံ

    shares
    Share 0 Tweet 0
  • အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate