• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ထောက်လှမ်းရေးကို တိုးချဲ့ ဖွဲ့စည်းနေ

by ဧရာဝတီ
12 January 2022
in သတင်း
A A
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယခင် ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်တို့ ဒီဇင်ဘာ ၅ ရက်နေ့က တွေ့ရစဉ်  / CNDCS

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယခင် ထောက်လှမ်းရေးအကြီးအကဲ ခင်ညွန့်တို့ ဒီဇင်ဘာ ၅ ရက်နေ့က တွေ့ရစဉ် / CNDCS

36.6k
VIEWS
Share on FacebookShare on Twitter

စစ်ထောက်လှမ်းရေးအဖွဲ့ဖြစ်သော စစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး (စရခ) အား အာဏာသိမ်းစစ်ကောင်စီက အင်အားတိုးချဲ့နေပြီး အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် ဆိုပြီး ဟူ၍ ၂ ရုံးခွဲလိုက်ကြောင်း နေပြည်တော် စစ်ရုံးချုပ်ရှိ သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။

စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ရုံးအောက် တာဝန်ထမ်းဆောင်သော စစ်ထောက်လှမ်းရေးများကို စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဟု ခေါ်သည်။

RelatedPosts

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

ညောင်ဦးဒေသခံနှစ်သောင်းကျော် စစ်ကြောင်းမီးရှို့၍ ထွက်ပြေးရ

17 July 2025
88
MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

MNDAA အာဏာခိုင်မာလာစဉ် တရုတ်ရင်းနှီးမြှုပ်နှံမှုက ရှမ်းမြောက်ကို ပြန်လည်ပုံဖော်နေ

17 July 2025
603
ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

ပြည်သူ့ရင်ခွင် ခိုလှုံတဲ့ သုခစခန်းက ဗိုလ်ကြီး မျိုးဆွေဦးရဲ့ စကား

17 July 2025
297

အသစ်ဖွဲ့စည်းလိုက်သော အောက်မြန်မာပြည်စစ်ထောက်လှမ်းရေးတပ်မှူးအဖြစ် နေပြည်တော်စစ်ရုံးချုပ်ရှိ စရခ အကူ (၁) တပ်မှူးဖြစ်သူ ဗိုလ်မှူးချုပ်အောင်ကျော်ကျော်အား ဗိုလ်ချုပ်ရာထူးတိုးပေးကာ ခန့်အပ်လိုက်ပြီး အထက်မြန်မာပြည် စစ်ထောက်လှမ်းရေးတပ်မှူးအဖြစ် နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်မှူးချုပ် ကျော်ကျော်လွင်အား ဗိုလ်ချုပ်ရာထူးတိုးမြင့်ပေးပြီး ခန့်အပ်ခဲ့သည်။

စစ်ထောက်လှမ်းရေး စတင်ဖွဲ့စည်းသည့်အချိန်မှ စ၍ ယခုအချိန်ထိ အထက်မြန်မာပြည်နှင့်အောက်မြန်မာပြည် ခွဲအုပ်ချုပ်ခဲ့ခြင်းမရှိဘဲ ရဲသတင်းတပ်ဖွဲ (SB) တွင်သာ အထက်နှင့်အောက်မြန်မာပြည် ခွဲပြီး အုပ်ချုပ်ခဲ့သည်။

စစ်ထောက်လှမ်းရေးတပ်ဖွဲ့သည် ယခင် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းချိန် ဗိုလ်ချုပ်ကြီးခင်ညွန့်လက်ထက်၌ ဩဇာအာဏာကြီးခဲ့သည်။ ပြည်တွင်းပြည်ပတွင် ကွန်ရက်များ ဖြန့်ကျက်ခဲ့ပြီး အတိုက်အခံများ၏ လှုပ်ရှားမှု သတင်းအချက်အလက်များကို စုဆောင်းပြီး နိုင်ငံရေးလက်ဦးမှုများ ရယူစွမ်းဆောင်နိုင်ခဲ့ဖူးသည်။ ထို့အပြင် တပ်တွင်း၌လည်း သီးခြားကင်းလွတ်သော တန်ပြန်စောင့်ကြည့်ခွင့်ရထားသဖြင့် ထောက်လှမ်းရေးတပ်ကြပ်ကြီးများအား စစ်အရာရှိများက ကြောက်ရွံ့ရွံရှာမုန်းတီးခဲ့ကြရသည်။

၂၀၀၄ ခုနှစ် ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် စစ်ထောက်လှမ်းရေးအများအပြား ဖမ်းဆီးခံရပြီး စစ်ထောက်လှမ်းရေးကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ဟူသောအမည်ဖြင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးသည့်နောက် စစ်ထောက်လှမ်းရေးများ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ကာ စွမ်းဆောင်ရည်လည်း ကျဆင်းသွားသည်။

“ အထက်ပိုင်းက သူတပည့်တွေကို ရာထူးတီထွင်ဖန်တီးပေးတဲ့ သဘောပါပဲ။ စစ်ထဲဝင်တဲ့သူတောင် မရှိသလောက်ရှားနေတဲ့ခေတ်မှာ ဘာစွမ်းဆောင်ရည်မှလည်း တက်လာမှာ မဟုတ်ဘူး” လို့ တပ်မတော် ထောက်လှမ်းရေးအရာရှိဟောင်းတဦးက သုံးသပ်ပြောကြားသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း မြို့ကြီးများပါမကျန် အုံကြွဆန့်ကျင်လာနေမှုကို နှိမ်နင်းရန်အပြင် ပြည်ပရှိ သတင်းအချက်အလက်များပါ ရယူသိရှိရန် လိုနေသည့်အချိန်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ယခင်စစ်ထောက်လှမ်းရေးဟောင်းများကို ပြန်လည်ခေါ်ယူ အကြံပေးနေစေသည်။

ယခင်အဆင့်မြင့် ထောက်လှမ်းရေး အရာရှိများဖြစ်သော ဦးခင်မောင်သိန်း၊ ဦး ငွေထွန်းနှင့် ဦးသိန်းဆွေတို့သည် စစ်ကောင်စီကို ကူညီရန် နေပြည်တော်သို့ သွားကြကြောင်းလည်း သိရသည်။

ယခင် အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်ဟောင်း ဘေလ်ရစ်ချတ်ဆန်ကို မြန်မာပြည် ဖိတ်ကြားရေးက သူတို့၏ အကူအညီဖြင့် ဖြစ်သည်။ မစ္စတာ ရစ်ချတ်ဆန်သည် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ရောက်လာပြီး ဖမ်းဆီးခံ အမေရိကန် သတင်းသမား ဒန်နီဖန်းစတား လွတ်မြောက်ရေးအတွက် လုပ်ဆောင်ခဲ့သည်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်လည်း အိုမင်းမစွမ်းဖြစ်နေသော စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ထံ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သည်။

လက်ရှိ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးက တာဝန်ယူထားပြီး ဒုတိယစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ် ဗိုလ်ချုပ်တိုးရီက တာဝန်ယူထားသည်။

You may also like these stories:

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ဦးနှောက်ချို့ယွင်းသော ရောဂါ ခံစားနေရ

လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးမှ အနားပေးခံရ

စစ်ကိုင်းတိုင်းကို စစ်ကောင်စီ တကယ်ထိန်းချုပ်နိုင်ပြီလား

စစ်တပ်အင်အားဖြည့်ရန် စစ်ကိုင်း၊ မကွေးရှိ ရွာများမှ လူငယ်များကို မဲစနစ်ဖြင့် တောင်းနေ

Your Thoughts …
Tags: စစ်ထောက်လှမ်းရေးစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးစစ်အာဏာသိမ်းခေါင်းဆောင်စရခစရဖတိုးချဲ့ ဖွဲ့စည်းနေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
23.8k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.9k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ခရိုနီ သူဌေးကြီး နှင့်…

by ကြာဖက်နှင်း
24 August 2024
16.8k

မိမိကိုယ်ကို ခြောက်ပြစ်ကင်း သဲလဲစင်ဟု ကြွေးကြော်ခဲ့သူကြီး။ ဒီလိုနဲ့ လောဘကို မသတ်နိုင်တော့ မြွေပွေး ပိုးထိ၊ လူပါး ပုလင်းကွဲရှ ဖြစ်သွားခဲ့ရသည်။

စောချစ်သူကို လမ်းပြခဲ့သူ

စောချစ်သူကို လမ်းပြခဲ့သူ

by စောနေတိုး
30 January 2025
16.6k

စောချစ်သူအား ယခုလို ကျော်ကြားလာစေရန် လမ်းပြပေးခဲ့သူမှာ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် စစ်ထောက်လှမ်းရေး ဟောင်းများပင်။

မြန်မာပြည်က တစ်ခွဲများ

မြန်မာပြည်က တစ်ခွဲများ

by အုန်းညို
7 February 2025
15.7k

မြန်မာ့နိုင်ငံရေး အာဏာလက်ဆုပ်လက်ကိုင် ရှိသူများအကြောင်း ဆိုလိုက်ရင် တစ်ခွဲ (၁ ခွဲ) ဆိုတဲ့ ဝေါဟာရကလည်း မပါမဖြစ်ပါပဲ။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

Next Post
၂၀၂၂ နှစ်ဆန်းပိုင်းက အွန်လိုင်းပေါ်တွင် ပြန့်လာသည့် ARSA အဖွဲ့၏ စစ်ရေးပြ မြင်ကွင်း

မောင်တောမြို့နယ်အတွင်း ARSA ဝင်ရောက်လှုပ်ရှားမှု ဒေသခံများ ပိုမိုစိုးရိမ်လာ

အမေရိကန်ဒေါ်လာ အရောင်းကောင်တာတခု / ဧရာဝတီ

ရွှေ ဒေါ်လာနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • ထိုင်း-မြန်မာနယ်စပ်သည် ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှုသာ ဖြစ်စေလို

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate