• English
Monday, May 19, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာသို့ ဆက်သွယ်မည့် ရထားလမ်း တည်နေရာစစ်တမ်း အိန္ဒိယ အတည်ပြု

by ဧရာဝတီ
15 January 2022
in သတင်း
A A
ဂျီရီဘမ်-အင်ဖာ ရထားလမ်းပေါ်က မက်ကရူမြစ်ကူး တံတား ဖောက်လုပ်နေစဉ် / The Hindu

ဂျီရီဘမ်-အင်ဖာ ရထားလမ်းပေါ်က မက်ကရူမြစ်ကူး တံတား ဖောက်လုပ်နေစဉ် / The Hindu

15.3k
VIEWS
Share on FacebookShare on Twitter

တောင်အာရှတွင် နိုင်ငံတကာ ရထားအဆက်အသွယ် တိုးတက်ရေး အစီအစဉ် တစိတ်တပိုင်းအဖြစ် အိန္ဒိယမီးရထားဌာန (IR) က မဏိပူရပြည်နယ်မြို့တော် အင်ဖာမှ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးသို့ ဆက်သွယ်မည့် ၁၁၁ ကီလိုမီတာ (မိုင် ၇၀ နီးပါး) ရှည်သော သေနင်္ဂဗျူဟာကျသည့် ရထားလမ်းကျယ်အတွက် နောက်ဆုံး တည်နေရာစစ်တမ်း (FLS) ကို အတည်ပြုလိုက်သည်။

ထိုစီမံကိန်းသည် ဘဏ္ဍာရေးအရ အကျိုးအမြတ်မရှိဟု Rail India Technical And Economic Services (Rites) က အစောပိုင်းတွင်ပြုလုပ်သည့် စစ်တမ်းတွင် ကောက်ချက်ချခဲ့ပြီးနောက် ဆိုင်းငံ့ထားခဲ့သော စီမံကိန်း ဖြစ်သည်။ သို့သော် မီးရထားဆိုင်ရာဝန်ကြီး အက်ရှ်ဝါနီ ဗိုင်ဘောက အရှေ့မြောက်နယ်စပ် မီးရထားဌာန (NFR) အနေဖြင့် ထိုစီမံကိန်းကို ၃ နှစ်အတွင်း ပြီးစီးအောင် အကောင်အထည်ဖော်ရန် ညွှန်ကြားခဲ့သည်။

RelatedPosts

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

19 May 2025
284
တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

19 May 2025
406
ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

ငလျင်ကြား နှစ်ထပ်ကွမ်း ဒုက္ခရောက်ကြသည့် မြန်မာကျောင်းသားများ

19 May 2025
139

အဆိုပြုထားသည့် အာရှဖြတ်ကျော် ရထားလမ်းကွန်ရက်၏ အရေးပါသော အစိတ်အပိုင်းဖြစ်သော ထိုရထားလမ်းသည် အိန္ဒိယနှင့် မြန်မာ၊ ထိုင်းနှင့်နောက်ဆုံးတွင် တရုတ်နိုင်ငံအထိ ဆက်သွယ်ပေးမည့် ရထားလမ်းဖြစ်သည်။ မိုးရေးသည် တောင်အာရှတွင် ကုန်သွယ်ရေး အချက်အခြာ ဖြစ်လာနိုင်သည်ဟု အိန္ဒိယ အစိုးရက ယုံကြည်နေသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့၌ ပြောကြားသည့် မိန့်ခွန်းတွင် အိန္ဒိယဝန်ကြီးချုပ် မစ္စတာ နရန်ဒရာမိုဒီက ပြည်ထောင်စုအစိုးရသည် တောင်ထူထပ်သည့် နိုင်ငံအရှေ့မြောက် ပြည်နယ်များတွင် ကာလကြာမြင့်စွာ စောင့်ဆိုင်းနေသည့် အမြန်ရထားလမ်း တည်ဆောက်မည့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

စုစုပေါင်း ၂၀၀၈ ကီလိုမီတာ (မိုင် ၁၂၄၀ ကျော်) ရှည်ပြီး ရူပီးငွေ ၇၅၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂ ဘီလီယံ) ကုန်ကျမည်ဟု ခန့်မှန်းထားသည့် ရထားလမ်းသစ် ၁၃ ခုနှင့် ရထားလမ်း ထပ်မံတိုးချဲ့ခြင်း ၆ ခု အပါအဝင် ထိုဒေသမှ စီမံကိန်း ၁၉ ခုအနက် ၁၁ ခု၏ အဓိက အစိတ်အပိုင်းများကို ၂၀၂၃ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ရသည်။

၄၄ ကီလိုမီတာ (၂၇ မိုင်ကျော်) ရှိ ဆီဗော့-ရန်ဂပို ရထားလမ်း၊ ၁၁၀ ဒသမ ၆၂ ကီလိုမီတာ (၆၈ မိုင်ကျော်) ရှည်သည့် ဂျီရီဘမ်-အင်ဖာ ရထားလမ်းနှင့် ၅၁ ဒသမ ၃၈ ကီလိုမီတာ (၃၁ မိုင်ကျော်) ရှည်သည် ဘိုင်ရာဘီ-ဆိုင်ရန်း ရထားလမ်းများ အပါအဝင် ထိုစီမံကိန်းများအနက် အများအပြားကို စီစဉ်ထားသည်မှာ ၁၅ နှစ်ကျော် ကြာပြီဖြစ်သည်။ အချို့စီမံကိန်းများမှာ မြေနေရာရရှိရေး ပြဿနာများကြောင့် တုံ့ဆိုင်းနေပြီး အခြားစီမံကိန်းများအတွက် နည်းပညာဆိုင်ရာ ကန့်သတ်ချက်များကို မီးရထားဘုတ်အဖွဲ့က မဆုံးဖြတ်နိုင် ဖြစ်နေသည်။

“ဟိမဝန္တာမှာ အဆိုပြုထားတဲ့ အိန္ဒိယရထားလမ်းအ စီမံကိန်းများစုမှာ စီမံမှုမှားယွင်းတာကြောင့် လမ်းကြောင်းနဲ့ ဒီဇိုင်းက အကြိမ်ကြိမ်ပြောင်းနေတယ်” ဟု အိန္ဒိယ မီးရထားမှ အင်ဂျင်နီယာချုပ်ဟောင်း မစ္စတာ အလော့ ကူးမား ဗာမားက ပြောသည်။

အိန္ဒိယမီးရထားဌာနသည် နယ်စပ်ဖြတ်ကျော် ရထားလမ်းနှစ်ခုကို တည်ဆောက်နေဆဲ ဖြစ်သည်။ တခုမှာ ၁၂ ဒသမ ၃ ကီလိုမီတာ (၇ မိုင်ခွဲနီးပါး) ရှည်ပြီး အိန္ဒိယနိုင်ငံ အဂါတာလာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခါအူရာကို ဆက်သွယ်သည့် ရူပီး ၉ ဒသမ ၈ ဘီလီယံကုန်ကျသည့် ရထားလမ်းဖြစ်ပြီး အခြားတခုမှာ ဂျော့ဘန်နီနှင့် နီပေါနိုင်ငံ ဘီရက်နာဂါကို ဆက်သွယ်သည့် ၈ ဒသမ ၆ ကီလိုမီတာ (၅ မိုင်နီးပါး) ရှည်သော ရထားလမ်းဖြစ်သည်။ ထိုရထားလမ်းနှစ်ခုလုံးကို ဒီဇင်ဘာလတွင် ပြီးစီးရန် စီစဉ်ထားသည်။

ကိုးကား။ ။ International Rail Journal

You may also like these stories:

ဂျပန်၊ တောင်ကိုရီးယား ချေးငွေဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းတချို့ ပြန်လည်ပတ်

အာဏာသိမ်း မြန်မာတွင် ဂျပန်လုပ်ငန်း ၇၀ ရာခိုင်နှုန်း ဆက်လက်လုပ်ကိုင်နေ

တိုက်ပွဲများကြောင့် ချင်းပြည်နယ် ဝဥ စိုက်ပျိုးထုတ်လုပ်မှု ဒေါ်လာသန်းချီ ဆုံးရှုံးနိုင်

ကုန်သွယ်ရေးစနစ်ကြောင့် တရုတ်ပို့မည့် ဖရဲ၊ သခွားများ အစီးရေ ၅၀ နီးပါးခန့် နေ့စဉ် စွန့်ပစ်နေရ

Your Thoughts …
Tags: ကုန်သွယ်ရေးစီးပွားရေးမဏိပူရမိုးရေမီးရထားမြန်မာအခြေခံအဆောက်အအုံအိန္ဒိယ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
31.5k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.6k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
20.8k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
19.7k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

Next Post
မတူပီမှာ စားနပ်ရိက္ခာ ပြတ်တော့မယ့်အရေးကြုံနေရ (ရုပ်/သံ)

မတူပီမှာ စားနပ်ရိက္ခာ ပြတ်တော့မယ့်အရေးကြုံနေရ (ရုပ်/သံ)

Mytel တာဝါတိုင်နဲ့ ၆၀ မမ လက်နက် ထုတ်လိုက်တဲ့ ဒီပဲယင်း Gen-Z (ရုပ်သံ)

Mytel တာဝါတိုင်နဲ့ ၆၀ မမ လက်နက် ထုတ်လိုက်တဲ့ ဒီပဲယင်း Gen-Z (ရုပ်သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.3k
“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

“ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

6 days ago
2.8k

Most Read

  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • တရုတ် ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကျဆင်းပြီး စွမ်းအင် လိုအပ်ချက် မြင့်လာလို့ ဆို

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မဟာ အလက်ဇန္ဒား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate