• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ချက် RCSS ကြိုဆို

by ဧရာဝတီ
18 January 2022
in သတင်း
A A
၂၀၁၆နှစ်က လွယ်တိုင်းလျန်ဌာနချုပ်တွင် ကျင်းပသည့် ရှမ်းအမျိုးသားနေ့တွင် တွေ့ရသည့် RCSS တပ်ဖွဲ့များ / ဧရာဝတီ

၂၀၁၆နှစ်က လွယ်တိုင်းလျန်ဌာနချုပ်တွင် ကျင်းပသည့် ရှမ်းအမျိုးသားနေ့တွင် တွေ့ရသည့် RCSS တပ်ဖွဲ့များ / ဧရာဝတီ

11.7k
VIEWS
Share on FacebookShare on Twitter

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ နိုင်ငံရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်သည် လက်ရှိ အထွေထွေ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်ကြေညာသည်။

အာဏာသိမ်း ၆ လပြည့် မိန့်ခွန်းမှစကာ လက်ရှိတိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေး လိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က မကြာခဏ ပြောဆိုထားခြင်းဖြစ်ရာ RCSS ဘက်ကလည်း ကြိုဆိုကြောင်း လွယ်တိုင်းလျန်းဌာနချုပ်တွင် ကျင်းပသည့် တတိယအကြိမ်မြောက် ကွန်ဂရက်အပြီး ဇန်နဝါရီ ၁၈ ရက် ထုတ် ကြေညာ ချက်တွင် ထိုသို့ ဖော်ပြထားခြင်း ဖြစ်သည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
564
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
1.9k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
458

ထုတ်ပြန်ချက်နှင့် ပတ်သက်၍ RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံက “ကျနော်တို့ ထုတ်ပြန်ထားတဲ့အထဲမှာ ပါပါ တယ်။ ရည်မှန်းပါက ဆိုတာပါ။ ဆိုလိုတာက တဖက်က တကယ်ဆွေးနွေးချင်တဲ့ ဆန္ဒရှိမှလေ။ သူတို့ တကယ်ဆွေးနွေးချင် တဲ့ ဆန္ဒမရှိဘဲ၊ မထင်ရှားဘဲနဲ့ ဆွေးနွေးမယ်ဆိုတာက မဟုတ်ဘူးလေ။ အနှစ်ချုပ်ပြောရရင် ဆွေးနွေးညှိနှိုင်းခြင်းသာ အကောင်းဆုံး ဖြစ်တယ်။ တကယ်ဆွေးနွေးချင်တဲ့ ဆန္ဒရှိရမယ်။ နိုင်ငံရေး အမြတ်ထုတ်ပြီးမှ တဖက်နဲ့ဆွေးနွေးလိုက်၊ တဖက်ရပ်လိုက် အဲဒါမျိုးကို မဆိုလိုချင်ဘူး” ဟု ပြောဆိုသည်။

ထို့ပြင် ရှမ်းပြည်ညီညွတ်ရေးမှတဆင့် ပြည်ထောင်စုညီညွတ်ရေးကို ဦးတည်၍ အားလုံး လက်ခံသော သျှမ်းပြည်ဖက်ဒရယ် မူနှင့်အညီ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအား ရေးဆွဲနိုင်ရေး ရှမ်းပြည်အမျိုးသားညီလာခံ ပြင်ဆင်ခြင်း အစည်းအဝေး တရပ်လည်း မကြာမီ ကျင်းပသွားမည် ဖြစ်ကြောင်း RCSS ၏ ထုတ်ပြန်ချက်အရ သိရသည်။

RCSS က ကျင်းပရန် ပြင်ဆင်နေသည့် ရှမ်းပြည်အမျိုးသားညီလာခံ ပြင်ဆင်ခြင်း အစည်းအဝေးကို မည်ကဲ့သို့ ကျင်းပသွား ရန် ရှိသည်ကို ဗိုလ်မှူးခမ်းစံအား ဧရာဝတီက မေးမြန်းရာ ၎င်းက တိတိကျကျ ဖြေကြားခြင်း မရှိပေ။

“RCSS ရဲ့ ရပ်တည်ချက်က ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်လေ။ ဒါကြောင့် ကျနော်တို့ ပြင်ဆင်နေတယ်ပေါ့။ ပထမ အပိုင်းက အကောင်အထည်ဖော်တဲ့အဆင့်၊ ဒုတိယအပိုင်းက စုံညီတဲ့အဆင့်။ အခုက ကျနော်တို့ RCSS ရဲ့ ရပ်တည်ချက်နဲ့ အညီ ပြင်ဆင်နေတာ ဖြစ်တယ်။ ပြင်ဆင်ပြီးရင် ချပြဆွေးနွေးတဲ့အဆင့်က ရှမ်းပြည်အတွင်းမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်။ အားလုံး လက်ခံနိုင်တဲ့အထိ ဆွေးနွေးပြင်ဆင်သွားမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ရှမ်းပြည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာ ဖြေရှင်းနိုင်ရေးကိုလည်း ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အထွေထွေ နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းနိုင်ရေး အာဆီယံနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ၏ ဆောင်ရွက်ချက်များကို ကြိုဆိုကာ လိုအပ်သလို ပံ့ပိုးသွားမည် ဖြစ်ကြောင်း RCSS ဘက်က ပြောသည်။

အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူတဦးကမူ RCSS ၏ ထုတ်ပြန်ချက်သည် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ် (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့နှင့် လတ်တလော ဖြစ်ပွားနေသော တိုက်ပွဲများ အား ခေတ္တရပ်နားလိုသည့်သဘော ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“စစ်တပ်ရဲ့ ဖိတ်ခေါ်ချက်ကို ပြောတာကတော့ နှစ်ခွ သဘောပါပဲ။ ဒါပေမဲ့ စစ်တပ်နဲ့ မတိုက်မှာကတော့ သေချာပါတယ်” ဟု ၎င်းက ဆိုသည်။

RCSS နှင့် SSPP၊ TNLA တို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း နယ်မြေအငြင်းပွားမှုကို အခြေခံ၍ နှစ်ဖက်အကြား အကြိမ် ၂၀၀ ကျော် တိုက်ပွဲများ အပြင်းအထန်ဖြစ်ခဲ့ပြီး လက်ရှိ ကာလတိုင်အောင် တိုက်ပွဲများ ဖြစ်နေဆဲဖြစ်ကြောင်း မြေ ပြင်သတင်းများအရ သိရသည်။

လတ်တလောတွင် သီပေါမြို့နှင့် ကျောက်မဲမြို့ကို ဆက်သွယ်ထားသည့် သီပေါ-ကျောက်မဲ ကားလမ်းတလျှောက် အပါ အဝင် မိုင်းကိုင်မြို့နယ်၊ ပန်ကေတုကျေးရွာနှင့် ဟန်ငိုင်းရွာဘက်တွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

RCSS နှင့် SSPP၊ TNLA တို့ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသော စစ်ဘေးရှောင်များမှာ မိုင်းကိုင်မြို့နယ်ထဲတွင် ၂၅၀၀ ခန့်၊ လဲချားမြို့နယ်ထဲတွင် ၈၀၀ ခန့်နှင့် ကျောက်မဲမြို့နယ်ထဲတွင်လည်း ရာနှင့်ချီ ရှိကြောင်း RCSS ၏ စာရင်းများက ဖော်ပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်သည့် RCSS နှင့် အစိုးရအကြား ပြည်နယ်အဆင့် နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်တွင်လည်း RCSS က အသွင်သစ် နိုင်ငံရေးဆွေးနွေးပွဲများမှတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ၏ အနှစ်သာရကို ကိုင်စွဲပြီး အဖွဲ့အစည်း အားလုံးနှင့် ပူးပေါင်းကြိုးပမ်းသွားမည်ဟု ပါရှိသည်။

ထိုစဉ်က ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RCSS သည် အာဏာသိမ်း စစ်ကောင်စီ အုပ်ချုပ်မှုအောက်တွင် အသွင်သစ် နိုင်ငံရေး ဆွေးနွေးပွဲများ မျှော်လင့်နေသလားဟူ၍ လူအများ၏ ဝေဖန်မေးခွန်းထုတ်ခြင်းကို ခံခဲ့ရသည်။

You may also like these stories:

စစ်ကောင်စီအောက်က နိုင်ငံရေးဆွေးနွေးပွဲကို RCSS မျှော်လင့်နေသလား

SSPP နှင့် RCSS စစ်ရေး တင်းမာမှုကြား စစ်ဘေးရှောင်ဦးရေ ပိုတိုးလာ

Your Thoughts …
Tags: RCSSစစ်ကောင်စီနိုင်ငံရေးဆွေးနွေးခြင်းဖက်ဒရယ်ပြည်ထောင်စု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၆ ခုနှစ်က တွေ့ရသည့် ALP တပ်ဖွဲ့ဝင်များ

ရခိုင် ALP ပါတီ အကွဲအပြဲ ညှိနှိုင်း အဖြေရှာဖို့ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း

ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.2k

Most Read

  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • အငြင်းပွားဖွယ် စီးပွားရေးသမားကို NUG က အမေရိကန် အထူးသံတမန်ခန့်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate