• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို တာဝန်မှ အပြီး ရပ်စဲ

by ဧရာဝတီ
19 January 2022
in သတင်း
A A
၂၀၁၅ခုနှစ်က ကျင်းပသည့် ၆၈နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့တွင် တွေ့ရသည့် KNDO စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ / ကရင်အမျိုးသားမီဒီယာ

၂၀၁၅ခုနှစ်က ကျင်းပသည့် ၆၈နှစ်မြောက် ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့နေ့တွင် တွေ့ရသည့် KNDO စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် စောနယ်ဒါးမြ / ကရင်အမျိုးသားမီဒီယာ

15.5k
VIEWS
Share on FacebookShare on Twitter

ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြကို ၎င်း၏ မိခင်အဖွဲ့အစည်း ဖြစ် သည့် ကရင် အမျိုးသား အစည်းအရုံး (KNU) က တာဝန်မှ အပြီး ရပ်စဲလိုက်သည်။

ဝေါလေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ အဓိက တာဝန်ရှိသူ ၂ ဦး ဖြစ်သည့် KNDO ခေါင်းဆောင် ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ဗိုလ်အဆင့်ရှိသူ စောဘာဝါး တို့ကို တာဝန်မှ ယာယီ ရပ် ဆိုင်းထားရာမှ ဇန်နဝါရီလ ၁၇ ရက်တွင် တာဝန်မှ အပြီး ရပ်ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း KNU ကာကွယ်ရေးဌာန၏ ကြေ ညာချက်အရ သိရသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
660
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
738

ထို့ပြင် KNDO ယာယီ စစ်ဦးစီးချုပ်အဖြစ် ဒု- စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ် စောရှီးလေ့ကို ခန့်အပ်ထားကြောင်း ကရင် ဘာ သာဖြင့် ရေးထားသည့် KNU ကာကွယ်ရေးဌာန၏ ကြေညာချက်တွင် ပါရှိသည်။

ဗိုလ်မှူးချုပ် စောနယ်ဒါးမြအား တာဝန်မှ ရပ်ဆိုင်းလိုက်သည့် ကိစ္စ မှန်ကန်မှု ရှိမရှိ သိရှိနိုင်ရန် KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းအား ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက ဟုတ်မှန်ကြောင်း အတည်ပြုသည်။

“Investigation Commission ရဲ့ စုံစမ်းတွေ့ရှိမှုက ပြီးသွားပြီ။ ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်နိုင်ဖို့ လုပ်ဆောင်ချက် ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဗိုလ်မှူးချုပ် နယ်ဒါးမြကို ဝေါလေတွင် အစုလိုက် အပြုံလိုက် လူသတ်မှု ကျူးလွန်သောကြောင့် ရာထူးမှ ရပ်ဆိုင်းလိုက်ခြင်း ဟုတ်မဟုတ်နှင့် ပတ်သက်၍ ပဒိုစောကွယ်ထူးဝင်းအား ဧရာဝတီက မေးမြန်းခဲ့ရာ ၎င်းက ယခုကဲ့သို့ ဆိုသည်။

“Social media ကို အင်တာဗျူးတုန်းက သူတို့ လုပ်ခဲ့တယ်လို့ ပြောခဲ့တယ်။ Investigation Commission ရဲ့ စုံစမ်းတွေ့ရှိ ချက်ကို အဆုံးအဖြတ် ပေးရမှာက တရားရေးဌာနကသာ လုပ်ဆောင်ရမှာ ဖြစ်တဲ့အတွက် အဖွဲ့အစည်းရဲ့ လုပ်ထုံးလုပ်နည်း အရ လုပ်ဆောင်ခြင်း ဖြစ်တယ်” ဟု ဆိုသည်။

KNU က တာဝန်မှ ရပ်စဲလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ သဘောထား သိရှိနိုင်ရန် ဗိုလ်မှူးချုပ် နယ်ဒါးမြ ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် အဆက်အသွယ် မရပေ။

ဗိုလ်မှူးချုပ် နယ်ဒါးမြသည် KNDO ၏ စစ်ဦးစီးချုပ်ဖြစ်ပြီး ကွယ်လွန်သွားပြီ ဖြစ်သော KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဒုတိယမြောက် သားလည်း ဖြစ်သည်။

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြို့၊ ကနဲလေးကျေးရွာနှင့် မော်ခီးကျေးရွာကို ဆက်သွယ်မည့် အူးဟူချောင်းတံတား တည်ဆောက်ရေး လုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို KNDO က သတ်ဖြတ်ခဲ့ကြောင်း အာဏာသိမ်းစစ်ကောင်စီ က ၂၀၂၁ ခုနှစ် ဇွန်လ ၁၃ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

KNDO ဦးဆောင်သည့် ပူးပေါင်း တပ်များက မေလ ၃၁ ရက်မှ စတင်ကာ ဝေါလေမြို့နယ်တွင် အာဏာသိမ်း စစ်တပ်နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပြီးနောက် အူးဟူချောင်းတံတား လုပ်ငန်းခွင်က အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦး စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် ဖမ်းဆီးထားသည့် အထဲမှ အမျိုးသမီးနှင့် ကလေးများ အပါအဝင်၂၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အမျိုး သား ၂၅ ဦးမှာ၎င်းတို့ လက်ထဲတွင် သေဆုံးခဲ့ရသည်။ ထိုရုပ်အလောင်းများ မြှုပ်နှံခဲ့သည့်နေရာကို စစ်ကောင်စီက တူး ဖော်ပြီး ၎င်းတို့ မီဒီယာများမှတဆင့် သတင်းဖော်ပြခဲ့သည်။

KNDO ကမူ အဆိုပါ၂၅ ဦးသည် လမ်းလုပ်သားယောင် ဆောင်ထားသည့် စစ်သားနှင့် စစ်သတင်းပေးများ ဖြစ်ပြီး စစ်ယူနီ ဖောင်းနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင် အထောက်အထားများလည်း ရရှိထားသည်ဟု ဗိုလ်မှူးချုပ် နယ်ဒါးမြ၏ ပြော ရေးဆိုခွင့်ရှိသူ စောဝါးနေနူးက ဧရာဝတီသို့ ဖြေကြားထားသည်။

ထိုအထဲတွင် သေဆုံးသူများထဲမှ အချို့မှာ စစ်ကောင်စီတပ်ဘက်မှ ထိုးစစ်ဆင်ချိန်တွင် လက်နက်ကြီး ထိမှန် သေဆုံး ခြင်းဖြစ်ပြီး အချို့မှာ ထွက်ပြေးသဖြင့် ၎င်းတို့ ကိုယ်တိုင် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း တုံ့ပြန် ဖြေရှင်းထားသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး KNU က စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန်၂၀၂၁ ခုနှစ် ဇူလိုင်လ ၅ ရက်က ဗဟိုကော်မတီ အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး ၈ ရက်တွင် ကာကွယ်ရေး ဝန်ကြီးဌာနက ဗိုလ်မှူးချုပ် စောနယ်ဒါးမြနှင့် ဗိုလ်စောဘာဝါး တို့ကို တာဝန်မှ ယာယီ ရပ်ဆိုင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း မိခင်အဖွဲ့အစည်း KNU ၏ ၎င်းတို့ ၂ ဦးအပေါ် ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်အပေါ် လက်မခံနိုင်ကြောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ က ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၁ ရ က်တွင် သဘောထားကြေညာချက် တစောင် တန်ပြန် ထုတ် ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် “ဒီစာကို ကျနော်တို့ လက်ခံလိုက်ပြီဆိုရင် ကျနော်တို့ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး။ ရန် သူရဲ့ အလုပ်ကို ကိုယ်က လုပ်ပေးသလိုမျိုး ဖြစ်နေတယ်။ ဒါကြောင့် ကာကွယ်ရေးဌာနက ထုတ်တဲ့စာကို ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ဖော်ပြပါရှိသည်။

You may also like these stories:

ဝေါလေဒေသမှ ဖမ်းဆီးထားသူများထဲက တချို့ကို ပစ်သတ်ခဲ့ကြောင်း KNDO ပြော

တာဝန်ရပ်ဆိုင်းမှု လက်မခံတဲ့ ဗိုလ်မှူးချုပ် နယ်ဒါးမြကို KNU ဘယ်လိုကိုင်တွယ်မလဲ

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

Your Thoughts …
Tags: KNDO စစ်ဦးစီးချုပ်KNUဗိုလ်မှူးချုပ် ‌စောနယ်ဒါးမြဝေါလေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.5k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

Next Post
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ  နိုင်ငံဝန်ထမ်းအိမ်ရာစီမံကိန်းမြေနေရာအား စစ်ကောင်စီ၏ စီမံကိန်းတခု လုပ်ဆောင်ရန် ပြင်ဆင်နေကြစဉ်  / ဧရာဝတီ

စစ်ကောင်စီ ရောင်းသည့် မြေကွက်များ ဝယ်ယူပါက ပြည်သူပိုင် သိမ်းမည်ဟု NUG သတိပေး

၂၀၁၈ ခုနှစ် မတ်လ ၂၇ ရက် စစ်ရေးပြအခမ်းအနား / ဧရာဝတီ

ဦးပိုင် စီဒီအမ် လုပ်သွားပြီလား

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate