• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စက်ရုံအနီး စစ်ကောင်စီမိုင်းထောင်သဖြင့် ဒေသခံများစိုးရိမ်နေ

by ဧရာဝတီ
20 January 2022
in သတင်း
A A
တရုတ်နိုင်ငံကို သွယ်တန်းစဉ်ကမြင်တွေ့ရသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း  / Shwe Gas

တရုတ်နိုင်ငံကို သွယ်တန်းစဉ်ကမြင်တွေ့ရသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း / Shwe Gas

10.9k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့နယ် အစပ်ရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်များက မြေမြှုုပ်မိုင်းများထောင်ထားသဖြင့် ဒေသခံများ စိုးရိမ်ပူပန်နေကြောင်း သိရသည်။

သီပေါမြို့နယ်အခြေစိုက် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၂၀ ခန့်သည် လွန်ခဲ့သည့် ၂ လခန့်က စတင်ကာ သီပေါမြို့နယ်အနောက်ဘက် နောင်အန်းကျေးရွာအနီးရှိ တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးတွင် မိုင်းထောင်ကာ စက်ရုံကို ကာကွယ်ရန် လုံခြုံရေးယူခဲ့ခြင်းဖြစ်သည်။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
189
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
419
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
103

မိုင်းများကို ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံ၏ အနောက်ဘက်နှင့် တောင်ဘက်ရှိ တောအုပ်ငယ်များထဲတွင် ထောင်ထားပြီး ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးရှိ နောင်အန်း၊ တင်းလုံနှင့် ချောင်းခြောက်ရွာ ဒေသခံများကို မိုင်းထောင်ထားသည့် နေရာများသို့ မလာရန် စစ်ကောင်စီဘက်က အဆိုပါစက်ရုံသို့ ခေါ်ယူ သတိပေးခဲ့သည်။

ထိုကဲ့သို့ စစ်တပ်က ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီး မိုင်းများထောင်ထားသဖြင့် ဒေသခံများမှာ မိုင်းများထောင်ထားသော တောထဲသို့မသွားရဲဘဲ မိမိတို့၏ စိုက်ခင်းများသို့ သွားပါကလည်း မြေမြှုုပ်မိုင်း နင်းမိမည်ကို စိုးရိမ်နေကြရကြောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးရှိ ရွာတရွာမှဒေသခံ တဦးကပြောသည်။

၎င်းက “သူတို့မိုင်းထောင်တဲ့နေရာက စိုက်ခင်းတွေနဲ့ တဆက်တစပ်တည်းပဲ။ တောင်ကုန်းရဲ့အောက်မှာဆိုရင် လယ်မြေတွေလေ။ တောင်ကုန်းဘေးမှာ ဆိုရင်လည်း ပြောင်းခင်းတွေရှိတယ်။ လူသွားလူလာကတော့ အမြဲရှိနေတယ်။ အထူးသဖြင့်တော့ တောင်ကုန်းတွေကို ရွာသားတွေက မသွားရဲတော့ဘူးပေါ့။ ရွာသူရွာသားရဲ့ ဓလေ့အရ အဲဒီတောဆိုရင် ဖြတ်သွားလေ့ရှိတယ်၊ ကျွဲကျောင်းလေ့ရှိတယ်။ တောဝင်တောထွက် ရွာသူရွာသားတွေရဲ့ ပုံမှန်လှုပ်ရှားနေတဲ့ ဟာကလည်း ပျက်တာပေါ့” ဟု ဆိုသည်။

တရုတ်နိုင်ငံကို သွယ်တန်းစဉ်ကမြင်တွေ့ရသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း (ဓာတ်ပုံ – Shwe Gas)

စစ်ကောင်စီတပ်ဖွဲ့ဝင်များကမူ တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံကို ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက လာရောက်တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် ၎င်းတို့ဘက်က လာရောက်ကာကွယ်ပေးနေခြင်း ဖြစ်ကြောင်း ဒေသခံများကို ပြောဆိုထားသည်။

၎င်းတို့တာဝန်ပြီးဆုံးပြီးနောက် ပြန်လည်ထွက်ခွာသွားပါက မြေမြှုုပ်မိုင်းများအား ရှင်းလင်းပေးမည်ဟုလည်း ရွာသားများအား မှာကြားထားသည်။

စစ်ကောင်စီဘက်က လုံခြုံရေးယူခြင်း ဆောင်ရွက်နိုင်သော်လည်း မြေမြှုုပ်မိုင်းများ ထောင်ထားခြင်းသည် ဒေသခံများအတွက် အန္တရာယ်ရှိသဖြင့် မလုပ်ဆောင်ရန် ဒေသခံရွာသူရွာသားများက တောင်းပန်ခဲ့သည်။ သို့သော် စစ်ကောင်စီဘက်က သဘောမတူခဲ့ကြောင်း တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်စက်ရုံအနီးရှိ ရွာတရွာမှဒေသခံ တဦးကပြောသည်။

၎င်းက “တကယ်တမ်း စိတ်ဆန္ဒကတော့ အဲဒီမှာ သူတို့မရှိလေ ကောင်းလေပေါ့။ သူတို့စစ်သားတွေ မြင်ကတည်းက လူတွေက လန့်နေတာလေ။ ကျနော်တို့လည်း မိုင်းအကြောင်းတော့ အရမ်းနားမလည်ပါဘူး။ သူတို့မြှုပ်ထားတဲ့နေရာမှာ သူတို့ပြန်သွားတာပဲဖြစ်ဖြစ်၊ မိုင်းတွေကို မဖြုတ်ဘဲ ကျန်ခဲ့မယ်ဆိုရင် ရွာသူရွာသားတွေက မိုင်းအသိပညာလည်း မရှိဘူး။ ကြာလာရင် အကုန်မေ့သွားပြီးမှ မရှိလောက်တော့ဘူးဆိုပြီး သွားတဲ့အခါကျရင် နောက်ပိုင်း ပြဿနာတွေ ဖြစ်လာနိုင်တာပေါ့” ဟု ဧရာဝတီသို့ပြောသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆန်လွယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုယ့်နိုင်ငံသားများဖြစ်သည့် ဒေသခံပြည်သူများကို အကာအကွယ်ပေးရမည့်အစား တရုတ်ရေနံနှင့် ဓာတ်ငွေ့ ပိုက်လိုင်းစက်ရုံကိုသာ အကာအကွယ်ပေးနေကြောင်း ဆိုသည်။

၎င်းက “သူတို့က အဲဒီနေရာမှာ တရုတ်ရေနံပိုက်လိုင်းကို လုံခြုံရေးယူပေးတာပေါ့။ သူတို့ပြောတာက PDF တွေ ပိုက်လိုင်းကို လာခွဲမှာစိုးလို့ သူတို့က လုံခြုံရေး ယူပေးထားတာလို့ ပြောပါတယ်။ ရွာသူရွာသားတွေကတော့ အဲဒီမှာ မိုင်းတွေကို ဖြုတ်ပေးစေချင်တာပေါ့။ ပြီးရင် အဲဒီနေရာတဝိုက်မှာ စစ်တပ်တွေ မရှိစေချင်တာပေါ့။ သူတို့အခုထက်ထိ မိုင်းတွေ ဖြုတ်ပြီးပြီလား၊ မဖြုတ်ရသေးဘူးလားဆိုတာ ရွာသားတွေကို အသိမပေးသေးဘူး” ဟု ဆိုသည်။

တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းချုပ်စက်ရုံသည် သီပေါမြို့နယ်တွင် ၂ ရုံရှိပြီး သီပေါမြို့နယ် အနောက်ဘက်မှ မြောက်ဘက်သို့ တက်သွားသည့် ဓာတ်ငွေ့ပိုက်လိုင်းက ယင်းစက်ရုံများအားဖြတ်သန်း သွားခြင်းဖြစ်သည်။

အဆိုပါစက်ရုံ ၂ ရုံအနက် နောင်အန်းရွာအနီးရှိ စက်ရုံဝန်းကျင်တွင်သာ မိုင်းထောင်ထားကြောင်း စစ်ကောင်စီဘက်က ဒေသခံများကို ပြောခဲ့ပြီး သီပေါမြို့မြောက်ဘက်ရှိ အမှတ် ၂၃ ခြေလျင်တပ်အနီးတွင်ရှိ သော ထိန်းချုပ်စက်ရုံ၌ မိုင်းထောင်ထားခြင်း ရှိမရှိကိုမူ ထုတ်ပြောလာခြင်းမရှိသေးပေ။

တရုတ်နိုင်ငံကို သွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း မြေပုံ (ဓာတ်ပုံ – Shwe Gas)

ရခိုင်ကမ်းရိုးတန်းမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ၂၀၁၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး တရုတ်နိုင်ငံသို့ ရေနံနှင့် ဓာတ်ငွေ့ တင်ပို့သည့် လုပ်ငန်းကို ၂၀၁၃ ခုနှစ်ဇူလိုင်လတွင် စတင်လည်ပတ်သည်။

အဆိုပါ ပိုက်လိုင်း၏ မြန်မာနိုင်ငံအတွင်း အရှည်သည် ၇၉၃ ကီလိုမီတာရှည်ပြီး ပိုက်လိုင်း၏ ၃ ပုံ ၁ ပုံသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်သန်းသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်တပ်ဘက်က တရုတ်နိုင်ငံ ရပ်တည်သည် ဆိုသည့် အယူအဆများ မြန်မာနိုင်ငံတွင် အားကောင်းလာကာ အာဏာသိမ်းမှုဆန့်ကျင်သည့် အင်အားစုများ ကလည်း တရုတ်နိုင်ငံ၏ ရပ်တည်ချက် မပြောင်းလဲပါက တရုတ်-မြန်မာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို ဖောက်ခွဲပစ်မည်ဟု ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း လှုံ့ဆော်ခဲ့သေးသည်။

ထိုအခါ တရုတ်နိုင်ငံဘက်က စိုးရိမ်မှုများမြင့်တက်လာပြီး ၎င်း၏ ပိုက်လိုင်း စီမံကိန်းများအတွက် လုံခြုံရေး တိုးမြှင့်ပေးရန် စစ်ကောင်စီကိုယ်စားလှယ်များထံ တောင်းဆိုခဲ့ကြောင်း ၂၀၂၁ ခုနှစ် မတ်လက လူမှုကွန်ရက်တွင် ပေါက်ကြားလာသည့် စာရွက်စာတမ်းတချို့အရ သိရသည်။

ထို့အပြင် တရုတ်နိုင်ငံအပေါ် သံသယဖြစ်မှုများ လျှော့ချရေးကို ကူညီရန် မီဒီယာကို ဖိအားပေးနိုင်ရန်လည်း တရုတ်နိုင်ငံဘက်က စစ်ကောင်စီထံ တောင်းဆိုခဲ့သေးကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများတွင် ပါရှိသည်။

You may also like these stories:

မိုးလုံးပြည့် မုသာဝါဒ သို့မဟုတ် စစ်ကောင်စီ၏ မသေသပ်သော ဝါဒဖြန့်ချိရေး ဓာတ်ပြားဟောင်း

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပြီ

မြန်မာစစ်တပ်၏ လုပ်ဇာတ်များအား လျှော့ချခြင်း

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

Your Thoughts …
Tags: ကျောက်မဲစစ်ကောင်စီတရုတ်မြေမြှုပ်မိုင်းရှမ်းပြည်မြောက်ပိုင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်းသီပေါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.8k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.3k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုတွေရှိတယ်လို့ KNU ထုတ်ပြန်  (ရုပ်/သံ)

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုတွေရှိတယ်လို့ KNU ထုတ်ပြန် (ရုပ်/သံ)

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် / ဇော်ဇော် / / ဧရာဝတီ

ဒေါက်တာရဲလွင် ကျန်းမာရေး မကောင်းသဖြင့် ဆေးကုသနေရ

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate