• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိခင်ဖြစ်သူအား ထောက်ပံ့ငွေ ပြန်ပေးသည့် လူကယ်ပြန်ဝန်ကြီး ဝေဖန်ခံနေရ

by ဧရာဝတီ
21 January 2022
in သတင်း
A A
စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်  /  Thet Thet Khine/FB

စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင် / Thet Thet Khine/FB

8.7k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီခန့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ မိခင်ဖြစ်သူအား သက်ကြီးထောက်ပံ့ငွေ ပေးအပ်ခဲ့မှုနှင့် ပတ်သက်၍ ဝေဖန်ခံရမှုများ မြင့်တက်နေသည်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် နေထိုင်သည့် ဒေါ်သက်သက်ခိုင်၏ အသက် ၉၀ နှစ်အရွယ် မိခင်အား သက်ကြီးရွယ်အိုထောက်ပံ့မှု အစီအစဉ်အဖြစ် ရန်ကုန်တိုင်း လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများကိုယ်တိုင် ဇန်နဝါရီ ၂၀ ရက်တွင် သွားရောက် ပေးအပ်ခဲ့ကြခြင်း ဖြစ်သည်။

RelatedPosts

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

သွေးစွန်းခဲ့ရတဲ့ သားရှင်ပြုပွဲ မျှော်လင့်ချက် (ရုပ်/သံ)

14 May 2025
128
တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

တာလယ်ဗျူဟာစခန်းကို KNU သိမ်းပိုက် (ရုပ်/သံ)

14 May 2025
169
ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

ငလျင်နောက်ပိုင်း မန္တလေးအိမ်ငှားဈေး ၃၀ ရာခိုင်နှုန်းတက်

14 May 2025
557

ထိုသို့ ပေးအပ်ခဲ့ခြင်းအား အမှတ်တရပုံရိပ်များအဖြစ် ဒေါ်သက်သက်ခိုင်၏ ခင်ပွန်းက လူမှုကွန်ရက်စာမျက်နှာပေါ် ဓာတ်ပုံများနှင့်တကွ “ဖွားဖွားကြီးရဲ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ကျရောက်မယ့် ၉၀ ပြည့်နှစ် မွေးနေ့အကြိုအမှတ်တရ” ဟူ၍ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာထက် အချိန်ခဏအတွင်း ပြန့်သွားခဲ့ပြီးနောက် ဝေဖန်သံများ ကျယ်လောင် စွာ ထွက်ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင် ဒေါ်သက်သက်ခိုင်၏ မိခင်ဖြစ်သူနှင့် အသက်အရွယ်တူ သက်ကြီးရွယ်အိုများမှာ မည်သည့် ထောက် ပံ့မှုမျှ မရရှိသည့်အပြင် တချို့မှာ အသက်အရွယ်နှင့်ပင်မလိုက် ပြေးလွှားစစ်ဘေးရှောင်နေကြရပြီး တချို့က စစ်ကောင်စီ ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခံစားနေကြရကြောင်း လူမှုကွန်ရက်သုံးစွဲသူ ပြည်သူများက ထောက်ပြဝေဖန်နေကြခြင်းဖြစ်သည်။

ရန်ကုန်မြို့နေ ပြည်သူတဦးက “အမေမွေးနေ့ ပေးတယ်ဆိုရင်တောင် သူတို့ အနေအထားကြီးနဲ့ ဒီလို ပေးပြမှရမှာလား။ နည်းနည်းလေးတော့ စဉ်းစားဖို့ကောင်းတယ်။ အရင်က NLD အစိုးရလက်ထက် အသက် ၈၀ ကျော်တွေ ထောက်ပံ့ကြေး ရကြသေးတယ်။ အခုဆိုရင် ဘယ်သူမှ မရကြဘူး။ လိုချင်ကြတယ်။ ပေးမယ်ဆိုရင် တန်းကိုစီနေမှာပဲ။ စစ်ဘေးရှောင်နေကြတာတွေလည်း နည်းတာမှ မဟုတ်တာ။ သူတို့မို့ လုပ်ရက်တယ်” ဟု ပြောဆိုသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် ၎င်း၏ အသက် ၈၃ နှစ်အရွယ် အဘွားဖြစ်သူသည် NLD အစိုးရလက်ထက်တွင် သက်ကြီး ထောက်ပံ့ငွေရသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် မရရှိတော့ကြောင်း ဧရာဝတီသို့ ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်က အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ၃ လလျှင် တကြိမ် ငွေကျပ် ၃၀,၀၀၀ ထောက်ပံ့ပေးခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မရရှိတော့ သည့်အပေါ် ၎င်းက ထောက်ပြ ပြောဆိုခြင်း ဖြစ်သည်။

သို့သော် အဆိုပါ သက်ကြီးထောက်ပံ့ငွေအား ရန်ကုန်မြို့နှင့် တခြားသော မြို့ကြီးများတွင် မရရှိတော့သော်လည်း ပျဉ်းမနားမြို့တွင်မူ ရရှိနေဆဲဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့ရှိ အသက် ၉၃ နှစ်အရွယ် အဘွားတဦး၏ မိသားစုဝင်တဦးက “အရင် အစိုးရလက်ထက်မှာလည်း ရတယ်။ အခုအချိန်ထိလည်း ရတယ်။ ၃ လကို တကြိမ် ၁ လကို ၁၀,၀၀၀ နှုန်းနဲ့ရတာ။ အခု စစ်ကောင်စီ လက်ထက် လည်း သူတို့ ၃ လပြည့်ရင် လာကောက်တယ်။ သက်ကြီးထင်ရှား ရှိမရှိပေါ့။ ရှိတယ်ဆိုရင် ၃၀,၀၀၀ ပေးသွားတယ်။ ဖောင်တခုတော့ ဖြည့်ရတယ်” ဟု ပြောသည်။

ဒေါ်သက်သက်ခိုင်၏ မိခင်အား လူမှုဝန်ထမ်းဦးစီးဌာနက သွားရောက်ထောက်ပံ့မှု (ဓာတ်ပုံ – Aung Kyaw Win/Facebook)

NLD အစိုးရလက်ထက်တွင် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရ ဖွံ့ဖြိုးတိုးတက်စေရန်၊ သက်ကြီးရွယ် အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့ မိသားစုများ၏ ထိခိုက်လွယ်မှုကို လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ်ကို ပြုလုပ်ခဲ့သည်။

အဆိုပါ ငွေကြေးထောက်ပံ့မှု အစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အို အဘိုးအဘွားများအား တဦးကို ၁ လ လျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ၃ လလျှင် တကြိမ် ကျပ် ၃၀,၀၀၀ စီ နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးခဲ့ခြင်း ဖြစ် သည်။

ထိုသို့ ပေးရာတွင် အကျုံးဝင်သည့် အဘိုးအဘွားများအတွက် မိသားစုဝင်များက သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ မှတ် ပုံတင်၊ သန်းခေါင်စာရင်း အထောက်အထားများဖြင့် သွားရောက် ထုတ်ယူခြင်း သို့မဟုတ် ရပ်/ကျေး စာရေးများက လာပေးကြောင်း၊ ထောက်ပံ့ငွေ သီးသန့်သာဖြစ်ပြီး ဒေါ်သက်သက်ခိုင်၏ မိခင်အား တိုင်းဦးစီးမှူးက သွားရောက်ပေး သကဲ့သို့ လက်ဆောင်ပစ္စည်းထုတ်မျိုး မပါကြောင်း သိရသည်။

ထို့ပြင် ပင်စင်စား သက်ကြီးပိုင်းများ အနေဖြင့် ပင်စင်လစာများ ရရှိရန် ဘဏ်များသို့ ခက်ခက်ခဲခဲ သွားရောက်ပြီး တန်းစီစောင့်ဆိုင်းနေရသည့် အခြေအနေမျိုးတွင် အိမ်ကြီးအိမ်ကောင်း၌ ပြည့်စုံစွာ နေထိုင်နေသည့် ဒေါ်သက်သက်ခိုင် ၏ မိခင်ဖြစ်သူအား တိုင်းဦးစီးမှူးနှင့် ဝန်ထမ်းများက ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းထုတ် သွားရောက်ပေး အပ်ခြင်းက မေးခွန်းထုတ်စရာ ဖြစ်သည်ဟုလည်း ပြည်သူတဦးက ပြောသည်။

၎င်းက “သက်ကြီးပင်စင်စားတွေမှာတော့ မနက် ၃ နာရီလောက်ကတည်းက ဘဏ်မှာတန်းစီပြီး တုံကင်ကို ရအောင် ယူရသတဲ့။ ပေးတဲ့နေ့ ချက်ချင်းရဖို့ကိုလေ။ အကြောက်တရားတွေကို စွန့်ပြီး တန်းစီရတာပဲ။ ဒီလို အခြေအနေမျိုးမှာ အိမ်ကြီးအိမ်ကောင်းမှာ မပူမပင်နေရတဲ့ ကိုယ့်အမေကို ထောက်ပံ့တဲ့ အမျိုးသမီးကို ဘယ်လိုမှ လေးစားစရာ မရှိဘူး” ဟု ဆိုသည်။

ဒေါ်သက်သက်ခိုင်၏ မိခင်အား လူမှုဝန်ထမ်းဦးစီးဌာနက သွားရောက်ထောက်ပံ့မှု (ဓာတ်ပုံ – Aung Kyaw Win/Facebook)

သင်္ဃန်းကျွန်း မြို့နယ်တွင် နေထိုင်သည့် ၎င်း၏ အသက် ၈၆ နှစ်အရွယ် အဘွားဖြစ်သူမှာလည်း NLD အစိုးရလက်ထက်တွင် သက်ကြီး ထောက်ပံ့ငွေရသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် မရရှိတော့ဟု ဆိုသည်။

ယင်းနေ့၌ပင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူသားချင်းစာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကလည်း “NUG ပြည်သူ့အစိုးရ လူသားချင်းစာနာကူညီရေး နှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး အဖွဲ့သားတွေကတော့ အလိုအပ်ဆုံး စစ်ဘေးဒဏ်ခံ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူ များကို အခက်အခဲများကြားက ကြိုးစားထောက်ပံ့နေပါတယ်။ ပြည်သူမှ ပြည်သူသို့ ဖြစ်ပါတယ်။ ပြည်သူမှာ ပြည်သူပဲ ရှိတယ်လေ။ ဆက်လက် ကြိုးစားနေကြပါတယ်” ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို ဒေါ်သက်သက်ခိုင်က တာ ဝန်ယူ ဆောင်ရွက်နေသော်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအား ထိရောက်စွာ ဆောင် ရွက်နိုင်ခြင်း မရှိသည့်အတွက် ဝေဖန်မှုများ ရှိနေစဉ် ၎င်း၏မိခင်ဖြစ်သူအား ထောက်ပံ့ငွေ ပေးအပ်သည့်ကိစ္စ ထပ်မံ ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဒေါ်သက်သက်ခိုင်သည် ရုပ်ရှင်သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်၏ အစ်မဖြစ်ပြီး ရွှေနန်းတော်၊ စိန်နန်းတော် စသည့် ရတနာဆိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများ ပိုင်ဆိုင်သည့် အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီခန့် လူကယ်ပြန်ဝန်ကြီးတဦး ဖြစ်လာခဲ့သည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ၎င်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားပြု ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦးအဖြစ် အနိုင်ရရှိခဲ့သော်လည်း ၂၀၁၉ တွင် NLD ပါတီမှ နုတ်ထွက်ကာ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကို တည်ထောင်ခဲ့သည်။

၎င်း ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် အဆိုပါ ပြည်သူ့ရှေ့ဆောင်ပါတီသည် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း တနေရာမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။

Your Thoughts …
Tags: စစ်ကောင်စီဒေါ်သက်သက်ခိုင်လူကယ်ပြန်ဝန်ကြီးသက်ကြီးထောက်ပံ့ငွေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.3k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းဆန့်ကျင်ရေး LGBTIQ သပိတ်စစ်ကြောင်း / ဧရာဝတီ

နွေဦးတော်လှန်ရေးလှိုင်းလုံးထဲက LGBTIQ များ

ကယားတွင် စစ်တပ်က တိုက်ခိုက်မှု / FBR Karenni

ကယားတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.9k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

5 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate