• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကယားစစ်ရှောင်စခန်းတချို့ စားနပ်ရိက္ခာ ပြတ်လပ်လာ

by ဧရာဝတီ
26 January 2022
in သတင်း
A A
၂၀၂၁ခု ဩဂုတ် ၁၂ ရက်ကလည်း ဖရူဆိုမြို့နယ်အတွင်း စစ်တပ်၏ စစ်ဆင်မှုကြောင့် ရာသီဥတု ဆိုးရွား သည့်ကြား အရပ်သား ထွက်ပြေးတိမ်းရှောင်ရခဲ့ရသေးသည်  / Free Burma Ranger-Karenni

၂၀၂၁ခု ဩဂုတ် ၁၂ ရက်ကလည်း ဖရူဆိုမြို့နယ်အတွင်း စစ်တပ်၏ စစ်ဆင်မှုကြောင့် ရာသီဥတု ဆိုးရွား သည့်ကြား အရပ်သား ထွက်ပြေးတိမ်းရှောင်ရခဲ့ရသေးသည် / Free Burma Ranger-Karenni

3.6k
VIEWS
Share on FacebookShare on Twitter

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲကျေးရွာ အုပ်စုအတွင်းရှိ ဒေသခံများ စားနပ်ရိက္ခာ ပြတ်လပ်လာသော‌ကြောင့် ဆန်နှင့် အရက်ချက်‌ ပြောင်းကောက် (ပြောင်းစပါး) တို့ကို ရော၍ ချက်စားနေရကြောင်း သိရသည်။

အဆိုပါ ဖရူဆိုမြို့နယ်၊ ဘောလခဲကျေးရွာ အုပ်စုရှိ ကျေးရွာ တရွာနှင့် နန့်ဖဲကျေးရွာအတွင်းရှိ စစ်ဘေးရှောင်စခန်း တချို့ တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများရှိလာသောကြောင့် ဆန်နှင့် ပြောင်းကောက်ကို ရော၍ ချက်စားရသည်မှာ တပတ်ကျော် အထိ ရှိလာပြီး ရက်အနည်းငယ်ကြာလျှင် အငတ်ဘေးသို့ ဆိုက်ရောက်ရမည့် အခြေအနေ ရှိနေကြောင်း ဒေသခံများက ပြောသည်။

RelatedPosts

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

12 May 2025
818
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
3k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
1k

ကရင်နီလူ့အခွင့်အရေးဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားက “အခု စားနပ်ရိက္ခာ ပြတ်နေတာကတော့ ဘော့လခဲ ကျေးရွာ အုပ်စုထဲမှာရှိတဲ့ ရွာပေါ့။ အဲဒီ နေရာက မယ့်စလောင်း ဆိုတဲ့ တောင်ရှိတယ်။ တောင်‌ခြေမှာ ရေခပ်တဲ့ စစ်ကောင်စီတွေ အသွားအလာ ရှိတယ်။ တိုက်ပွဲတွေလည်း ခဏခဏ ဖြစ်တယ်။ စစ်ကောင်စီတွေ ရှိတော့ သွားရတာ အန္တရာယ်များတယ်။ ဒါကြောင့် စားနပ်ရိက္ခာ သယ်ဖို့ အခက်အခဲ ရှိတယ်။ အဲဒီတော့ ဆန်နဲ့ ပြောင်းကောက်ကို ရောပြီး ချက်စားနေရတယ်။ ပြောင်းချည်းပဲ ချက်လို့ မရဘူး။ ပြောင်းကို မီးဖုတ် လိုက်တယ်။ ပြီးရင် အဖြူစေ့လေးတွေ ရလာတယ်။ အဲဒါကို ရိက္ခာ နည်းတော့ ဆန်နဲ့ ရောချက်စားရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသလို အဓိက စားသောက်ကုန် ဖြစ် သော ဆန်ဈေးနှုန်းများမှာလည်း ယခင် ဆန်တအိတ် ကျပ် ၃ သောင်းကျော်ရှိရာမှ ယခုအချိန်တွင် ကျပ် ၆ သောင်းကျော် ၇ သောင်းကျော်အထိ ပေးဝယ်နေရသည်များအထိ ရှိနေကြောင်း ၎င်းက ဆိုသည်။

ဖရူဆိုမြို့နယ် ဒေသခံတဦးက “ဒေသခံတွေက စားနပ်ရိက္ခာပြတ်နေတော့ အခက်အခဲတွေ ဖြစ်နေတယ်။ သူတို့ဒေသက စပါး မစိုက်ဘူး။ နှမ်းနဲ့ ပြောင်းကောက်ပဲ စိုက်တယ်။ ရလာတဲ့ သီးနှံကို ရောင်းပြီးတော့မှ စပါး၊ ဆန် ပြန်ဝယ်စားရတဲ့ ရွာတွေ ဖြစ်တယ်။ ဈေးတအား တက်တာကြောင့်လည်း ရိက္ခာပြတ်ရတယ်” ဟု ပြောသည်။

စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် လက်ရှိတွင် ဆန် ၃ ခွက်ဆိုပါက ပြောင်း ၁ ခွက်နှင့် ရော၍ ချက်စားနေရပြီး ပြောင်း ကောက်၏ အရသာမှာ ရှတတနှင့် မာကြောသည့် သဘောရှိသဖြင့် စားသောက်ရာတွင် အဆင်ပြေမှု မရှိကြောင်း သိရ သည်။

အထက်ပါ ဒေသများသည် စစ်ကောင်စီစစ်ကြောင်းလာလျှင် တောထဲသို့ သွားရောက် ရှောင်ပုန်းရသည့် ဒေသများဖြစ်ပြီး နှမ်းနှင့် ပြောင်းကောက်ကိုသာ အဓိက စိုက်ပျိုးသည့် ဒေသဖြစ်‌သောကြောင့်လည်း ဆန် ရှားပါးသဖြင့် အခက်ကြုံရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နှစ်အတွင်း ကယားပြည်နယ်တွင် စိုက်ပျိုးထားသည့် သီးနှံများမှာ စစ်ပွဲများကြောင့် ရောင်းချ၍ မရခြင်းများ၊ ပြောင်းဈေး၊ နှမ်းဈေးများ ကျဆင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် သယ်ယူပို့ဆောင်ခများ ကြီးမြင့်ခြင်းကာ ရှိသည့် ငွေနှင့် ဝယ်ယူ၍ မရသည့် အပြင် စစ်ကောင်စီ၏ ပိတ်ဆို့ ဖြတ်တောက်ခြင်းများကြောင့်လည်း ဒေသခံများ အငတ် ဘေးနှင့် ကြုံတွေ့ လာရခြင်းဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် စပါးစိုက်ပျိုးခြင်းမှာ ဧက ၁ သိန်းခန့်သာရှိပြီး ပြည်နယ်၏ ဆန်ထွက်ရှိမှုနှုန်းသည် ပြည်နယ်လူဦးရေ ထက်ဝက်ခန့်ကိုသာ ဖြည့်ဆည်းပေးနိုင်သဖြင့် ကျန်ထက်ဝက်ခန့်က ပြည်မကနေ ဝယ်ယူစားသောက်ရခြင်း ဖြစ်သည်။

“ကျ‌နော် ပြည်နယ်မှာ ၂၀၂၁ ခုနှစ်က စစ်ပွဲတွေ ဖြစ်တော့ စိုက်ပျိုး ထုတ်လုပ်မှုက တဝက်နီးပါးလောက်ပဲ ထွက်တယ်။ စားနပ်ရိက္ခာက လုံးဝ ကျသွားတယ်။ ပြီးတော့ စားနပ်ရိက္ခာ ဝယ်ဖို့ အတွက်က ဆန်စပါး မလုံလောက်ဘူး။ နိုင်ငံတကာက လူသားချင်း စာနာထောက်မှု အဖွဲ့တွေက စားနပ်ရိက္ခာတွေ ဝင်ဖို့ ရှိတယ်။ ဒါပေမယ့် စစ်ကောင်စီက အဝင်မခံဘူး။ အဲဒီ တော့ အခု စားနပ်ရိက္ခာ ပြတ်တဲ့ ပြဿာနားစဖြစ်ပြီဆိုတော့ ကျနော်တို့ မှန်းထားတာ နောက်ထပ် နှစ်လသုံးလ အထိ ကန့်သတ်မှုတွေ ထပ်လုပ်ထားမယ်ဆိုရင် စစ်ရှောင်တွေသာမက လူထုတွေပါ စားနပ်ရိက္ခာ ပြတ်လပ်မှု ဒဏ်ခံရဖို့ သေချာ ပေါက် ဖြစ်သွားပြီ” ဟု ကိုဗညားက ပြောသည်။

လက်ရှိတွင် စားနပ်ရိက္ခာ လိုအပ်ချက် ကြီးမားနေသလို ဒုတိယ အရေးကြီးဆုံးအချက်ဖြစ်သည့် ဆေးဝါးလိုအပ်ချက်မှာ လည်း ကြီးမားနေကြောင်း ၎င်းက ပြောသည်။

ရန်ကုန်၊ မန္တလေးအစရှိသည့် မြို့ကြီးများမှ ကယားပြည်နယ်သို့ ဆေးဝါးများ တင်သွင်းဖြစ်သော်လည်း လက်ရှိတွင် စစ်ကောင်စီက ယင်းလမ်းကြောင်းများကို ပိတ်ဆို့ထားခြင်းများ ရှိနေသဖြင့် အခက်အခဲများ ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်ကို စစ်ကောင်စီက ပိတ်ဆို့ဖြတ်တောက်မှုများ စတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး လက်ရှိတွင် စားသောက် ကုန်နှင့် ဆေးဝါးပြတ်လပ်မှု ဒဏ်ကို ပြည်သူများ စတင် ခံစားနေရကာ စစ်ကောင်စီ၏ မနားတမ်း ထိုးစစ်ဆင်မှုများကြောင့် လည်း ဒေသခံများ ပိတ်မိ၍ အခက်အခဲ ပေါင်းများစွာကို ရင်ဆိုင်နေရသည်။

အာဏာသိမ်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများပါ ပြုလုပ်ခဲ့သည့် ကယားပြည်နယ်တခုလုံးတွင် စစ်ဘေး ရှောင်သူ ၂ သိန်း နီးပါးရှိလာနေပြီး လွိုင်ကော်မြို့ပေါ်တွင်မူ မြို့လုံးကျွတ် တိမ်းရှောင်နေရခြင်း ဖြစ်သည်။

You may also like these stories:

ကယားတွင် အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးထပ်ကြဲ

ကယားတွင် တိုက်ပွဲများကြောင့် စစ်ရှောင် ၁ သိန်း ၇ သောင်းကျော် ရှိလာ

မောင်စစ်ဘေးရှောင်

Your Thoughts …
Tags: ကယားပြည်နယ်စစ်ရှောင်စခန်းစားနပ်ရိက္ခာဖရူဆို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.2k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်

by ဧရာဝတီ
10 November 2023
11k

စစ်ကောင်စီဆန့်ကျင်ရေး "၁၀၂၇ စစ်ဆင်ရေး" သည် စစ်ကိုင်းတိုင်းသို့ တိုးချဲ့ပြီး တနိုင်ငံလုံးသို့ ကျယ်ပြန့်လာနိုင်ကြောင်း ခုခံတော်လှန်ရေးတပ်များနှင့် သုတေသီများက ပြောသည်။

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

၁၀၂၇ စစ်ဆင်ရေးကို တနိုင်ငံလုံး တိုးချဲ့မည်ဟု ညီနောင်မဟာမိတ်များ ကြေညာ

by ဧရာဝတီ
10 November 2023
10.2k

နောက်ထပ်မြို့များကိုလည်း တော်လှန်ရေး အင်အားစုများက သိမ်းပိုက်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

ထိုင်းနယ်စပ် ကရင်နီပြည်နယ်တွင် စစ်ကောင်စီ နိဂုံးချုပ်တော့မည်

by Brian Wei
26 March 2024
6.3k

စစ်ကောင်စီသည် ထိုင်း-မြန်မာနယ်စပ်ကို ထိန်းချုပ်မှု ဆုံးရှုံးသွားပြီး ၁၁၁၁ စစ်ဆင်ရေး စတင်ပြီးနောက်တွင် KNDF ထိန်းချုပ်နယ်မြေ ပိုမိုကျယ်ပြန့်လာသည်။

KNDF တနှစ်ပြည့် စစ်ရေးပြပွဲ / KNDF Battalion 5

ပြောင်းလဲနေသော ကရင်နီစစ်မျက်နှာ

by ကိုဦး
11 July 2023
11.8k

နှစ်နှစ်တာကာလပြီးနောက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တယားသည် လွိုင်ကော်၌သာရှိပြီး ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲမြို့များတွင် လူသူကင်းမဲ့၍ စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုများသာ ကျန်နေသည်ဟု သိရ၏။

Next Post
NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၁ (ရုပ်/သံ)

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး အပိုင်း ၁ (ရုပ်/သံ)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် အာဏာသိမ်း ထိုင်းစစ်တပ်အကြီးအကဲသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်လာခဲ့စေသည့် အချိုးကျကိုယ်စားပြု PR စနစ်ကို ကြိုက်နှစ်သက်နေသည် / Thailand Government House 

ခရိုင်တွေ ချဲ့ပြီး စစ်ခေါင်းဆောင် သမ္မတလုပ်ဖို့ လမ်းခင်း

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate