• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တမူးတွင် ကိုဗစ်ပိုးတွေ့သူ များလာ

by ဧရာဝတီ
27 January 2022
in သတင်း
A A
ဇန်နဝါရီ ၂၆ရက်က ပိုးတွေ့လူနာများလာသဖြင့် တမူးမြို့အနှံပိုးသတ်ဆေးဖြန်းနေစဉ် / ဦးကျော်သိန်း Facebook

ဇန်နဝါရီ ၂၆ရက်က ပိုးတွေ့လူနာများလာသဖြင့် တမူးမြို့အနှံပိုးသတ်ဆေးဖြန်းနေစဉ် / ဦးကျော်သိန်း Facebook

5.7k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ တမူးမြို့တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသူဦးရေမှာ တပတ်အတွင်း ၁၅၀ ကျော်ထိ ရှိလာကြောင်း
တမူး ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာသူရ က ပြောသည်။

လက်ရှိတွင် တမူး မြို့ဝင်/ မြို့ထွက်ကို အသွားအလာ ကန့်သတ် (Lockdown) ပြုလုပ်ထားသလို လက်ရှိ ကူးစက်မှု ဖြစ်နေသည့် ပိုးမျိုးရိုးဗီဇ သိရှိနိုင်ရန်အတွက်လည်း ဆေးစစ်ချက် နမူနာများကို ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း သတင်း ရရှိသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
179
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
835
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.1k

တမူးမြို့ပေါ်တွင် ပိုးကူးစက်သူ ၁၅၀ ကျော်ရှိသည့်အနက် ပိုးတွေ့လူနာ ၄၈ ဦး၏ ဆေးစစ်ဆေးချက် နမူနာများကို ဓာတ်ခွဲ စမ်းသပ်ရန် ယမန်နေ့ ဇန်နဝါရီလ၂၆ ရက်က ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း ဒေါက်တာ သူရ က ဆိုသည်။

ဆေးရုံအုပ်ကြီး ဒေါက်တာသူရက “ပိုးတွေ့ လူနာတွေထဲမှာ အများဆုံးက ဆရာ/မတွေနဲ့ ကျောင်းသူ/သားတွေ ပါတယ်။ ပိုးတွေ့ လူနာတွေကတော့ ချောင်းဆိုး၊ လည်ချောင်းနာလောက်ပဲ ဖြစ်တာ များတယ်။ ပြင်းပြင်းထန်ထန် ဖြစ်တဲ့ လက္ခတော့ မတွေ့ရဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တမူးမြို့ပေါ်ရှိ အခြေခံ ပညာအထက်တန်းကျောင်း (အ ထ က ၂ ) စာသင်ကျောင်းတွင် ချောင်းဆိုး၊ လည်ချောင်းနာ ရောဂါ ခံစားနေရသော ကျောင်းဆရာ/မ များနှင့် ကျောင်းသူ/သားများကို ဇန်နဝါရီလ ၂၄ ရက်က စစ်ဆေးခဲ့ရာတွင် လူ ၅၀ ကျော်အထိ ပိုးတွေ့ရှိခဲ့သည့်အတွက် နောက်တနေ့ ဇန်နဝါရီလ၂၆ ရက်တွင် မြို့ကို လော့ဒေါင်းချထားလိုက် ကြောင်း မြို့ခံများက ဆိုသည်။

ထိုသို့ ပိုးတွေ့ရှိသည့် ဆက်စပ်သူများနှင့် လူသွားလူလာများသော မြို့မ ဈေးကြီးအတွင်းရှိ ဈေးသည်များကို ဆက်လက် စစ်ဆေးခဲ့ရာ ယမန်နေ့အထိ ပိုးတွေ့သူ ၁၅၀ ကျော်အထိ ရှိလာခြင်း ဖြစ်ကြောင်း တမူးမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်း များထံက သိရသည်။

လက်ရှိ အခြေအနေတွင် တမူးမြို့ပေါ်ရှိ ပြည်သူများကို Stay Home နေထိုင်ကြရန်နှင့် ပိုးတွေ့လူနာများနှင့် ဆက်စပ်သူ များကိုလည်း ဆေးရုံသို့ လာရောက်ကာ စစ်ဆေးမှုများခံယူရန် အသိပေး ကြေညာထားကြောင်းလည်း ဆေးရုံအုပ် ကြီး ဒေါက်တာ သူရက ဧရာဝတီသို့ ဆက်လက် ပြောကြားသည်။

စစ်အာဏာသိမ်းမှုကြောင့် တမူးမြို့ပေါ်ရှိ အရပ်ဘက် အဖွဲ့အစည်းများ ထွက်ပြေး တိမ်ရှောင်နေရသလို ကျန်းမာရေး ဝန်ထမ်းများမှာလည်း CDM လှုပ်ရှားထဲသို့ ဝင်ရောက်သွားသည့်အတွက် လက်ရှိ ခုတင် ၁၀၀ ဆံ့ တမူးခရိုင် ပြည်သူ ဆေးရုံတွင် ဆရာဝန် ၃ ဦး၊ သူနာပြု ၃ ဦးတို့ဖြင့် လည်ပတ်နေရကြောင်း တမူးခရိုင် ပြည်သူ့ဆေးရုံ ဝန်ထမ်းများထံက သိရသည်။

တမူးခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ သူရက “ဆေးဝါးပစ္စည်းတွေကတော့ လုံလုံလောက်လောက် ရှိပါတယ်။ ဆေးရုံဝန်ထမ်းတွေ နည်းပါးတဲ့အတွက် တခြားနေရာတွေက ပြည်သူ့ကျန်းမာရေး ဝန်ထမ်း ၃၀ လောက်နဲ့ ဆောင်ရွက်ပေးလျက် ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ကိုဗစ်ပိုးတွေ့သူ ၁၅၀ ကျော်ထဲတွင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူများ ပါဝင်သလို ဆေးမထိုးရသေးသူများလည်း ပါဝင်ကြောင်း၊ ရောဂါ အနည်းငယ်ပြင်းထန်သူများကို ပြည်သူ့ဆေးရုံသို့ တင်ဆောင်ပြီး ကုသပေးလျက်ရှိသလို ရောဂါ လက္ခဏာ မပြင်းထန်သည့် ပညာရေး ဝန်ထမ်းများနှင့် ကျောင်းသူ/သားများကို အထက ၂ စာသင်ကျောင်းတွင် ကွာရန်တင်းစင်တာ ဖွင့်လှစ်ကာ ကုသပေးလျက် ရှိကြောင်းလည်း ဒေါက်တာ သူရက ဆက်လက် ပြောကြားသည်။

တမူးမြို့ခံတဦးက “ကျနော်တို့ တမူးမြို့က အိန္ဒိယနယ်စပ်လည်း ဖြစ်တယ်။ အခု တရက်တည်းမှာ လူပေါင်း ၅၀ ကျော် တွေ့တယ်ဆိုတော့ မြို့ခံတွေလည်း စိုးရ်ိမ်ကြတယ်။ အရင် ပထမ၊ ဒုတိယ၊ တတိယလှိုင်းတွေတုန်းက ပိုးတွေ့ရင်လည်း တရက်ထဲ ဒီလောက်အများကြီး မတွေ့ဘူး။ အများထင်ကြတာက စစ်ကောင်စီက ပြီးခဲ့တဲ့လတွေက တရုတ် နိုင်ငံထုတ် ကိုဗစ်ဆေးထိုးပေးတာ ရှိတယ်။ ပြည်သူအများစု ဆေးသွားမထိုးကြဘူး။ အဲဒီအတွက် ပိုးကူးစက်မှု ပိုများတာ ဖြစ်နိုင် တယ်လို့ ယူဆကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ကိုဗစ်ကြောင့် မြို့ဝင် မြို့ထွက်ကို ပိတ်ထားသည့်အတွက် သွားရေးလာရေး အခက်ကြုံတွေ့နေရ သလို နိုင်ငံရေး အခြေအနေကြောင့်လည်း ဒုက္ခပေါင်းများစွာဖြင့် ရင်ဆိုင်နေရကြောင်း ဒေသခံတချို့က ဆိုသည်။

တမူးမြို့ခံ အမျိုးသမီးတဦးက “မြို့ကို လော့ဒေါင်းချတာက ရက်ပိုင်းလောက်ပဲ ရှိသေးတယ်ဆိုတော့ ကုန်ဈေးနှုန်းက တော့ သိပ်မတက်သေးဘူး။ အခက်အခဲက သွားရေး လာရေးပဲ။ ကိုဗစ်ကြောင့် မြို့ကို ပိတ်ထားတယ် ဆိုတာထက် လက်ရှိ နိုင်ငံရေး အခြေအနေကြောင့် အရာအားလုံးအတွက် စိုးရိမ်နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အိန္ဒိယ နယ်စပ် တမူးမြို့ပေါ်တွင် ကိုဗစ်ကူးစက်မှု မြင့်မားနေသည့်အတွက် မြို့ခံများ စိုးရိမ်မှု မြင့်တက်နေစဉ် ယနေ့ ဇန်နဝါရီလ ၂၇ ရက် နံနက်ပိုင်းကလည်း မြို့ဝင် ၄ မိုင် စစ်ဆေးရေးဂိတ်တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် ပြည်သူများမှာ ကိုဗစ် သတင်းထက် စစ်ရေးသတင်းကို နားစွင့်နေရကြောင်းလည်း မြို့ခံများက ပြောသည်။

You may also like these stories:

မြန်မာနိုင်ငံတွင် အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲတွေ့ရှိမှု ၁၀၀ ကျော်ရှိလာ

ဘင်္ဂလားဒေ့ရှ်ပြန် စက်လှေသမားများထံမှ ကိုဗစ်ပိုး ဆက်တိုက်တွေ့နေ

ကာကွယ်ဆေးထိုးပြီးသူများကို အိုမီခရွန် ကူးစက်နေကြောင်း WHO သတိပေး

ကလေး-တမူး နယ်စပ်ကုန်သွယ်ရေးဂိတ် တပတ်ပိတ်

Your Thoughts …
Tags: ကိုဗစ်ပိုးစာသင်ကျောင်းတမူးအိန္ဒိယနယ်စပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

ရန်ကုန်မြို့ရှိ ကျောင်းတချို့၌ စစ်ကောင်စီ တပ်စွဲထားသဖြင့် ကျောင်းသားမိဘများ စိုးရိမ်

by ဧရာဝတီ
23 November 2023
6.8k

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကွန်ရက်စာမျက်နှာပေါ်၌ လူပျောက်ကြော်ငြာများကြောင့် ပေါ်တာဆွဲသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေပြီး ည ၈ နာရီ ၊ ၉ နာရီနောက်ပိုင်းတွင် လမ်းမပေါ်၌ လူအသွားအလာ နည်းပါးနေကြောင်း

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

မင်းတပ်၌ ကျောင်း၊ ဆေးရုံဆေးခန်းနှင့် ဌာဆိုင်ရာရုံးများ စစ်ကောင်စီ ပိတ်ထား

by ဧရာဝတီ
23 August 2023
6.4k

စစ်ကောင်စီက မင်းတပ်မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဆေးရုံ ၊ ဆေးခန်းများအား ပိတ်ထားသော်လည်း ဒေသခံ အများစုမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ဖွင့်ထားသော ကျောင်းများ၌ စာသင်ကြားခွင့်ရနေသလို CDM ဆရာဝန် ၊ ဆေးဝန်ထမ်းများ ဖွင့်လှစ်ထားသော ဆေးရုံ၊ ဆေးခန်းများတွင်...

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

ကျောင်းများ၊ ဆေးရုံများ၊ ဒုက္ခသည်စခန်းများကို ပစ်မှတ်ထားကြောင်း ဖမ်းမိလေယာဉ်မှူး ဝန်ခံ

by ဧရာဝတီ
21 December 2023
5.2k

"သူတို့က ဖရူဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို တိုက်တယ်" ဟု ပြောပြီး ထိုလေယာဉ်မှူးများသည် မျိုးသူနှင့် နိုင်လင်းအောင်ဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

စစ်ကောင်စီ လျစ်လျူရှုထားသည့် အမျိုးသားနေ့

by ဖီးနစ်
7 December 2023
3.5k

အမျိုးသားနေ့သည် ကျောင်းသားလူငယ်တို့၏ မဟုတ်မခံ တော်လှန်လိုသော စိတ်ဓာတ်၊ အာဏာရှိသူကို တော်လှန်လိုသော စိတ်ဓာတ်တို့မှ ပေါက်ဖွားလာသည့် နေ့ထူးနေ့မြတ်တခု ဖြစ်လေသည်။

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

အရိုင်းအစိုင်းများအတွက် မေးခွန်းများ

by မသီတာ(စမ်းချောင်း)
13 May 2025
2k

လူအများစုက စိတ်ထိခိုက်ကြေကွဲရသလို ဆင်ခြင်တုံတရားမဲ့စွာ ရက်စက်နိုင်ကြတဲ့ စကစလေတပ်ကို ဒေါသဖြစ်ကြရပါတယ်။ ဒါပေမဲ့ ဒီရက်စက်မှုဟာ အဲဒီနေရာမှာ မရပ်နေပါဘူး။

သတ်ဖြတ်မှု ၁ နှစ်ကြာလည်း မျက်ရည်ကြားက အညံ့မခံသော လက်ယက်ကုန်း

သတ်ဖြတ်မှု ၁ နှစ်ကြာလည်း မျက်ရည်ကြားက အညံ့မခံသော လက်ယက်ကုန်း

by ယုဇန
18 September 2023
1.6k

"တနိုင်ငံလုံး ဘယ်နေရာမှ မလုံခြုံဘူး။ ဒါကြောင့် ကျမတို့မွေးတဲ့ ကျမတို့ရွာကို မစွန့်ခွာနိုင်ဘူး"

Next Post
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း / ဧရာဝတီ

ခွဲစိတ်ကုသမှု ခံထားရသည့် စီမံ/ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း အာမခံ ရ

စစ်ကောင်စီ လိုက်လံ ဖြန့်ဝေနေသည့် ဝါဒဖြန့်စာအုပ်

စစ်ကောင်စီ၏ မဲမသမာမှု ဝါဒဖြန့်စာအုပ် သံဃာတော်များ လက်မခံ

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

6 days ago
3.9k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

4 days ago
3.5k

Most Read

  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate