• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ မဲမသမာမှု ဝါဒဖြန့်စာအုပ် သံဃာတော်များ လက်မခံ

by ဧရာဝတီ
28 January 2022
in သတင်း
A A
စစ်ကောင်စီ လိုက်လံ ဖြန့်ဝေနေသည့် ဝါဒဖြန့်စာအုပ်

စစ်ကောင်စီ လိုက်လံ ဖြန့်ဝေနေသည့် ဝါဒဖြန့်စာအုပ်

9.9k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ၏ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများနှင့် ရွေးကောက်ပွဲ တရားမဲ့ပြုကျင့်မှုများ ရှိကြောင်း ရေးသားထားသည့် စာအုပ်အား ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များသို့ ဖြန့်ဝေမှုကို ရဟန်း သံဃာတော် များက လက်မခံဘဲ ကန့်ကွက် ငြင်းဆန်မှုများ ရှိနေကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လိုက်လံ ဖမ်းဆီးနေမှုကြောင့် တိမ်းရှောင်နေရသော ဗုဒ္ဓဘာသာ ဆရာတော်တပါးဖြစ်သည့် ဆရာတော် မင်းသုည က စစ်ကောင်စီ၏ မဲမသမာမှု ဝါဒဖြန့်စာအုပ်သည် သံဃာတော်များနှင့် မသက်ဆိုင်သည့် ကိစ္စဖြစ် သဖြင့် ယင်းစာအုပ်ကို ငြင်းဆန်မှုများ ရှိနေကြောင်း ဧရာဝတီသို့ မိန့်ကြားသည်။

RelatedPosts

နောင်ချိုမြို့ စစ်တပ် ပြန်ရ

နောင်ချိုမြို့ စစ်တပ် ပြန်ရ

16 July 2025
1.1k
ဘယ်သူတွေက အာဇာနည်ဖြစ်သင့်လဲ (ရုပ်/သံ)

ဘယ်သူတွေက အာဇာနည်ဖြစ်သင့်လဲ (ရုပ်/သံ)

16 July 2025
21
ကြေမွသွားတဲ့ စစ်ကောင်စီရဲ့ သက်ရှိစည်းရိုး (ရုပ်/သံ)

လိင်အမြတ်ထုတ်ခံရမှုတွေ လူမှုကွန်ရက်ပေါ် ဘာကြောင့်ရောက်လာလဲ (ရုပ်/သံ)

16 July 2025
54

၎င်းက “ဒီလို လိမ်လည်တဲ့ စာအုပ်ကြီးကို သံဃနာယကကို ခုတုံးလုပ်ပြီးတော့ ဖြန့်ချိတယ် ဆိုတာက ဘယ်လိုနည်းနဲ့မှ မဖြစ်သင့် တဲ့ ကိစ္စပေါ့။ ဆရာတော်တွေလည်း ဒါကို လက်မခံသင့်ဘူး။ ဗြောင်ငြင်းရမယ်။ ငြင်းနေတဲ့ နေရာတွေလည်း ရှိတယ်။ တချို့ ကျောင်းတွေဆိုရင် သူတို့က လာပို့တယ်။ လာပို့တဲ့ စာအုပ်တွေကို မီးရှို့ပစ်လိုက်တာတွေလည်း ရှိတယ်” ဟု မိန့် သည်။

စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က “၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေး ကောက်ပွဲ မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်း တွေ့ရှိချက်” ဆိုသည့် စာအုပ် ရေးသား ပြုစုကာ ယင်းစာအုပ်ကို စစ်ကောင်စီ၏ သာသနာရေး ဝန်ကြီးဌာနမှတဆင့် ဗုဒ္ဓဘာသာ စာသင်တိုက်များသို့ ဖြန့်ဝေနိုင်ရန် ဇန်နဝါရီလ ဒုတိယပတ် ကတည်းက ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၁၁ ရက် နေ့စွဲဖြင့် ထွက်လာသည့် တိုင်းသာသနာရေး ရုံးခွဲများ၏ မြို့နယ် အသီးသီးရှိ သံဃနာယကအဖွဲ့သို့ ပေးပို့သည့် စာတွင်လည်း အဆိုပါ ဝါဒဖြန့် စာအုပ်များကို နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ အပါအဝင် တိုင်းနှင့် ပြည် နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃ မဟာနာယကအဖွဲ့များ၊ သံဃာ အနည်းဆုံး ၂၅ ပါးနှင့် အထက် ကျောင်းများသို့ တကျောင်းလျှင် အနည်းဆုံး စာအုပ် ၁ အုပ်နှုန်းဖြင့် လိုက်လံ ဖြန့်ဝေပေးရန် တိုက်တွန်းထားသည်။

မကြာသေးသည့် ရက်ပိုင်းကလည်း ပဲခူးတိုင်း သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၏ သံဃအဖွဲ့အစည်း အဆင့်ဆင့် အစည်းအဝေးတွင်လည်း စစ်ကောင်စီ လက်အောက်ခံ ပဲခူးတိုင်း သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က အစည်း အဝေးနှင့် မသက်ဆိုင်သည့် အကြောင်းအရာဖြစ်သည့် ရွေးကောက်ပွဲ မသမာမှု တွေ့ရှိချက်စာအုပ် ဖြန့်ဝေပေးရန် ဝင် ရောက် လျှောက်ထားခဲ့သေးကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သည့် ဆရာတော်အချို့ထံမှ သိရသည်။

၎င်း၏ လျှောက်ထားချက်ကြောင့် အစည်းအဝေး တက်ရောက်လာသည့် ဆရာတော်များ စိတ်နှလုံး မချမ်းမသာ ဖြစ်ခဲ့ရ ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဆရာတော်အချို့က Facebook လူမှုကွန်ရက်တွင် ရေးသားသည်။

အဆိုပါအစည်းအဝေးတွင် တောင်ငူမြို့ မြစည်းခုံ စာသင်တိုက် ဆရာတော်က ဗုဒ္ဓသာသနာတော်နှင့် မသက်ဆိုင်သည့် ကိစ္စဖြစ်နေသောကြောင့် မလုပ်ပေးနိုင်ဟု မိန့်ကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်သည့် ဆရာတော်အချို့က ဆို သည်။

“နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနဲ့ တိုင်းသံဃနာယက ဆရာတော်ကြီးများ ခိုင်းစေတာကိုသာ ရိုသေစွာ လိုက်နာပါမယ်။ ဒါကတော့ သာသနာတော်နှင့် မဆိုင်တဲ့ အလုပ် ခိုင်းတာဖြစ်နေတဲ့အတွက် မလုပ်နိုင်ပါ။ ဒကာကြီးများ ကိုယ်တိုင်ဖြန့်ဝေချင်လျှင် ဖြန့်ပါ” ဟု တောင်ငူမြို့ မြစည်းခုံ စာသင်တိုက်ဆရာတော်က ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဆရာတော်အချို့ထံက သိရသည်။

အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက် ဆန္ဒပြမှုများ လုပ်ဆောင်နေသည့် သံဃသမဂ္ဂ (မန္တလေး) ကလည်း မဲမသမာ မှု တွေ့ရှိချက် စာအုပ်များ ဖြန့်ဝေနေသည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဇန်နဝါရီလ ၂၁ ရက်က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၈) ပုဒ်မ (၃၆၄) တွင်လည်း နိုင်ငံရေး ကိစ္စအလို့ငှာ ဘာသာ သာသနာကို အလွဲ သုံးစား မပြုရဟု ပြဋ္ဌာန်းထားပြီး ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇ တွင်လည်း သာသနာ့ဝန်ထမ်းများ ဆန္ဒမဲပေးပိုင်ခွင့် မရှိဟု ပြဋ္ဌာန်းထားကြောင်း ကြေညာချက်တွင် ပါရှိသည်။

ထို့ကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မရှိသည့် ရဟန်းသံဃာများနှင့် ရွေးကောက်ပွဲ မဲမသမာမှု ကိစ္စသည် လုံးဝ ပတ်သက်စရာ မလို သည့် ကိစ္စဖြစ်ကြောင်း သံဃသမဂ္ဂ (မန္တလေး) ကဆိုသည်။

မဲမသမာမှု တွေ့ရှိချက် စာအုပ်များ ဖြန့်ဝေနေခြင်းသည် ရဟန်းသံဃာများမှတဆင့် လူထုကို စည်းရုံးသည့် လုပ်ရပ်ဖြစ်ပြီး သံဃာနှင့် လူထုကို ရန်တိုက်ပေးသည့် လုပ်ရပ်သာဖြစ်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဒလမြို့နယ်မဲဆန္ဒနယ် အမှတ် (၂) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦ ကလည်း ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပစဉ်တွင် ရွေးကောက်ပွဲ မသမာမှုများရှိပါက ဥပဒေနှင့်အညီ ကန့်ကွက် တရားစွဲနိုင် သည့် အခွင့်အရေးများ ရှိသော်လည်း မလုပ်ခဲ့ဘဲ စစ်တပ်ကသာ ဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ထိုကဲ့သို့ ဥပဒေနှင့် မညီဘဲ အာဏာသိမ်းခဲ့သူများက ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိသည်ဟု လုပ်ကြံရေးထားသည့် စာအုပ်များကို သံဃာတော်များထံ ဖြန့်ဝေရန် လုပ်ဆောင်နေခြင်းသည် မအပ်စပ်သည့် ကိစ္စကို လုပ်ဆောင်နေခြင်း ဖြစ် ကြောင်း ၎င်းက မှတ်ချက်ပေးသည်။

“မြန်မာ့နိုင်ငံရေးမှာ အဲဒီလိုကိစ္စတွေက အင်မတန် စိတ်ပျက်စရာ ကောင်းတယ်။ တခုခုဆိုရင် ဆရာတော်တွေကို ချည်း ကပ်၊ အသုံးချဖို့အတွက်ဆိုရင် သူတို့ လုပ်တတ်ကြတယ်ဗျ။ ဒါက တနည်းအားဖြင့်တော့ မဖွယ်မရာ လုပ်တာပါပဲဗျာ။ ဝိနည်းအတိုင်း လိုက်နာတဲ့ ဆရာတော်ကြီးတွေကတော့ စိတ်ညစ်ကြမှာပဲ” ဟု ဦးဘိုဘိုဦးက ဆိုသည်။

အာဏာသိမ်း စစ်ကောင်စီ၏ လိုက်လံ ဖမ်းဆီးနေမှုကြောင့် တိမ်းရှောင်နေရသော ဗုဒ္ဓဘာသာ ဆရာတော်တပါးဖြစ်သည့် ဆရာတော် မင်းသုည ကလည်း စစ်ကောင်စီသည် ၎င်းတို့၏ လိမ်ညာထားသော စာအုပ်များကို သံဃာတော်များထံ ဖြန့်ဝေ နေခြင်းသည် ဗုဒ္ဓဘာသာ ရှုထောင့်အရ ကြည့်ပါက ကြီးမားသော အပြစ်များကို ကျူးလွန်နေခြင်း ဖြစ်ကြောင်း မိန့်သည်။

“ဒါကြောင့် ဗုဒ္ဓက ပြောခဲ့တာ။ မုသား လိမ်လည်တဲ့ ပုဂ္ဂိုလ်တွေဟာ မလုပ်ရဲတဲ့ အကုသိုလ် မရှိဘူးဆိုပြီးတော့ပေါ့။ ဒီလူတွေ က လိမ်လည်ဖို့ ဝန်မလေးတဲ့ အတွက်ကြောင့် မလုပ်ရဲတဲ့ အကုသိုလ် အပြစ် မရှိပါဘူး။ မြင်တဲ့အတိုင်းပဲ အကုသိုလ် အကုန်လုပ်တာပဲ။ ရဟန်းသံဃာတော်ကအစ သတ်တယ်။ ကျောင်းတွေကို ဖျက်ဆီးတယ်။ သူတို့ကိုလက်မခံတဲ့ သံဃာ တော်တွေဆို ကိုယ့်ကျောင်းတိုက် ပြန်လို့မှ မရတာ။ ဒီနေ့ ကျောင်းပြန်တာနဲ့ ဒီနေ့ အဖမ်းခံရမှာ။ စစ်အာဏာရှင် အောက်မှာ ဘာသာသာသနာရဲ့ အမှန်တရားဟာလည်း ဘာမှ မရှိတော့ပါဘူး။ အင်မတန်မှ ဆိုးဝါးတဲ့ မိစ္ဆာအကျင့်တွေကို ကျင့်နေတာ ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသည် စာသင်တိုက်များသို့ တဖက်တွင် မဲမသမာမှု ဝါဒဖြန့်စာအုပ်များ ဖြန့်ချိနေရန် ကြိုးပမ်းနေ စဉ်မှာပင် အခြားတဖက်တွင်လည်း အကြမ်းဖက်သမားများ လက်ချက်ကြောင့် ရဟန်း၊ သံဃာများ သေဆုံးရသည် ဟု သံဃာတော်များကို ဝါဒဖြန့်နေသည်လည်း ရှိသည်။

ဇန်နဝါရီလ ၁၉ ရက်ထုတ် မွန်ပြည်နယ် သာသနာရေးမှူးရုံး၏ ပြည်နယ် သံဃနာယက ဥက္ကဋ္ဌထံ လျှောက်ထားသည့် စာတစောင်တွင်လည်း အကြမ်းဖက်မှုများကြောင့် ရဟန်း၊ သာမဏေများ ပျံလွန်/ပျောက်ဆုံး ခဲ့သည့် အခြေအနေများအရ သံဃာတော်များ၏ လုံခြုံရေး ဆောင်ရွက်ရန် မြို့နယ်အတွင်းရှိ ကျောင်းတိုက်များသို့ သိရှိနိုင်ရေး တိုက်တွန်းပေးရန် ရေး သားထားကြောင်း တွေ့ရသည်။

You may also like these stories:

ဆောမြို့နယ်မှ ကျောင်းထိုင်ဆရာတော်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီ ဖမ်းခေါ်

ထင်ရှားသော ဆရာတော်ကြီးများကြား မဟာမိတ်များ စစ်ကောင်စီ ရှာဖွေ

အမြန်ဆုံး ညှိနှိုင်းရန် မဟန ဆရာတော်ကြီးများ အကြိမ်ကြိမ် မေတ္တာရပ်ခံ

Your Thoughts …
Tags: စစ်ကောင်စီမဲမသမာမှု စာအုပ်ရဟန်း သံဃာသံဃနာယက
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အနုပညာလက်နက်နဲ့ အာဏာရှင်ကို တိုက်မယ့် ဒါရိုက်တာ သည်ခေတ်နေ

အနုပညာလက်နက်နဲ့ အာဏာရှင်ကို တိုက်မယ့် ဒါရိုက်တာ သည်ခေတ်နေ

မန္တလေးမြို့တွင် ကျောက်အရောင်းအဝယ်သမားကို တွေ့ရစဉ်

အွန်လိုင်းမှ ကျောက်စိမ်းရောင်းသူ ၄၆၀ ကျော်ကို ရုံးတင်စစ်ဆေး

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.5k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နောင်ချိုမြို့ စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate