• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ၏ တရားသူကြီးချုပ်၊ ရှေ့နေချုပ်၊ အဂတိဥက္ကဋ္ဌတို့ကို ဒဏ်ခတ်အရေးယူ

by ဧရာဝတီ
1 February 2022
in သတင်း
A A
၂၀၂၁ ခု ဖေဖေါ်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေးလူထု စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်နေစဉ် / ဧရာဝတီ

၂၀၂၁ ခု ဖေဖေါ်ဝါရီ ၁ရက် စစ်တပ် အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသည့် မန္တလေးလူထု စစ်တပ်က အကြမ်းဖက်နှိမ်နင်းမှုများ ပြုလုပ်နေစဉ် / ဧရာဝတီ

11k
VIEWS
Share on FacebookShare on Twitter

စစ်တပ် အာဏာသိမ်းမှု တနှစ်ပြည့်တွင် အမေရိကန်နိုင်ငံက ပိတ်ဆို့ ဒဏ်ခတ်မှုအသစ် ချမှတ်ရာတွင် စစ်ကောင်စီ၏ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးတို့ အား ထည့်သွင်း အရေးယူကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာလိုက်သည်။

အဆိုပါ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွင် အမေရိကန်နှင့်အတူ ကနေဒါနှင့် ဗြိတိန်တို့လည်း ပူးတွဲပါဝင်ပြီး ၎င်းတို့၏ ပိုင်ဆိုင်မှုများအား ကန့်သတ်သည့်အပြင် ဗြိတိန်နိုင်ငံသို့ ခရီးသွားလာခွင့်အား ပိတ်ပင် တားဆီးသွားမည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံက ဆိုထားသည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
245
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
285
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
484

၎င်းတို့ သုံးဦးသည် ရာထူး အသုံးပြုကာ နိုင်ငံအတွင်း တရားဥပဒေ စိုးမိုးမှု ယုတ်လျော့စေရန်နှင့် ဒီမိုကရေစီ အဖွဲ့ အစည်းများ ချိနဲ့ ယုတ်လျော့စေရန် စစ်ကောင်စီအတွက် ဆောင်ရွက်ပေးခဲ့ကြသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်များအား လုပ်ကြံ ဖန်တီးထားသည့် စွဲချက်များဖြင့် စီရက်ချက် ချမှတ်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ၎င်းတို့တွင် တာဝန်ရှိကြောင်းလည်း အမေရိကန်က ဆိုထားသည်။

စစ်ကောင်စီ အနေဖြင့် ကလေးသူငယ်များ အပါအဝင် အရပ်သားပြည်သူများအပေါ် မရေတွက်နိုင်သည့် ရက်စက် ကြမ်းကြုတ်သည့် လုပ်ရပ်များ၊ နှုတ်ဖြင့် ထုတ်ဖော်ပြောမပြနိုင်လောက်သည့် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့ကြရာတွင် လူ ၁၅၀၀ ကျော်ဖြတ်ခံခဲ့ရပြီး လူထောင်ပေါင်းများစွာ အနေဖြင့် မတရား ဖမ်းဆီး ထိန်းသိမ်းခြင်း(သို့မဟုတ်) ဟန်ပြ တရားစီရင်မှုများဖြင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရကြောင်းလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ယနေ့ ပြောကြားခဲ့ သည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့သည် စစ်ကောင်စီ၏ စွပ်စွဲမှုဖြင့် ထောင်ဒဏ်များ ချမှတ်ခံ ထားရသည့်အပြင် အဂတိ လိုက်စားမှု စွပ်စွဲချက်များဖြင့်လည်း အမှုများစွာ စွဲဆိုထားသေးသည်။

အခြား ပိတ်ဆို့ ဒဏ်ခတ်မှု အနေဖြင့်လည်း စစ်အာဏာရှင်အား လက်နက်နှင့် ငွေကြေး ထောက်ပံ့မှုပေးနေသည့် ခရိုနီ ဦးတေဇနှင့် သားဖြစ်သူ ထူးထက်တေဇနှင့် ပြည့်ဖြိုးတေဇ၊ အခြား ထင်ရှားသည့် လုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်း တို့ကိုလည်း ထပ်မံ ထည့်သွင်းထားသည်။

ယင်းပြင် ကာကွယ်ရေး ဦးစီးချုပ်၏ စစ်လက်နက် ဝယ်ယူရေး ဌာနနှင့် ဂျော်နသန်မျိုးကျော်သောင်း၏ KT Services and Logistics (KTSL) ကုမ္ပဏီတို့ကိုလည်း ပိတ်ဆို့ဒဏ်ခတ်သည့် စာရင်းတွင် ထည့်သွင်းခဲ့သည်။

ယခုကဲ့သို့ အာဏာသိမ်း စစ်တပ်အပေါ် စစ်လက်နက်နှင့် စီးပွားရေးဆိုင်ရာ ထောက်ပံ့မှုများ ပေးနေသည့် လုပ်ငန်း ရှင်များနှင့် ပတ်သက်ပြီး အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကလည်း KT လုပ်ငန်းစုက ဂျော်နသန်မျိုး ကျော် သောင်း၊ AK လုပ်ငန်းစုက ဦးအေးကို၊ International Gateway အုပ်စုမှ ဒေါက်တာ နိုင်ထွဋ်အောင်၊ Dynasty အုပ်စု က ဒေါက်တာ အောင်မိုးမြင့်၊ Suntac အုပ်စု ဦးစစ်တိုင်းအောင်၊ STE Global လုပ်ငန်းမှ ဦးထွန်းလှိုင်၊ Myanmar Chemical and Machinery လုပ်ငန်းစုမှ ဦးအောင်လှိုင်ဦး၊ ထူးလုပ်ငန်းစုက ဦးတေဇနှင့် Trident Marine လုပ်ငန်းက ဦးဇော်ဝင်းဦး တို့အား အမည်ပျက်စာရင်း ကြေညာထားသည်။

စစ်တပ် အာဏာသိမ်းမှု တနှစ်ပြည့် အနေဖြင့် ဥရောပသမဂ္ဂ ကိုယ်စားလှယ်နှင့် အယ်လ်ဘေးနီးယား၊ ဩစတေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံခြားဝန်ကြီးတို့က ပူးတွဲ ကြေ ညာချက် တစောင်လည်း ထုတ်ပြန်ခဲ့ပြီး မတရား ဖမ်းဆီးထားသူများ အားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး၊ လူသား ချင်း စာနာမှု အကူအညီများ ပေးအပ်နိုင်ရေး တို့ကို တောင်းဆိုခဲ့သည်။

စစ်အာဏာရှင်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ညှဉ်းပန်း နှိပ်စက်မှုများအား ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ကျူး လွန်သူများအား အရေးယူနိုင်ရေး ဆက်လက် လုပ်ဆောင်ကြရန်၊ မြန်မာစစ်တပ်သို့ လက်နက် ရောင်းချခြင်းအား ရပ် တန့်ရန်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက် ပေးအပ်သွားရန် နိုင်ငံတကာ အသိုက်အဝန်း အားလုံးကို တိုက်တွန်းကြောင်းလည်း ၎င်းတို့က ဆိုထားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ယနေ့အထိ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အစုလိုက် အပြုံ လိုက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့်အပြင် နိုင်ငံတဝှမ်း စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားသူ ဦးရေ ၁၅၀၀ ထက်မနည်း သတ်ဖြတ်ခံခဲ့ရပြီး စစ်ဘေးရှောင်ရသူ လေးသိန်းခန့် ရှိလာပြီဖြစ်ကြောင်း သုတေသန အဖွဲ့အစည်းများက ထုတ်ပြန် ထားကြသည်။

“အာဏာသိမ်းယူမှုနှင့် ယမန်နှစ် ခရစ္စမတ် အကြိုနေ့တွင် ကယားပြည်နယ် (ဖရူဆို) အတွင်း ကလေးငယ်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ဝန်ထမ်းများ အပါအဝင် အနည်းဆုံး လူ ၃၅ ဦး အသတ်ခံ ရမှု အပါအဝင် စစ်အာဏာရှင်၏ အကြမ်းဖက်မှုများအပေါ် တာဝန်ခံမှု၊ တာဝန်ယူမှု ရှိစေရေးကိုလည်း ဆက်လက် လုပ် ဆောင်သွားပါမည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေဘလင်ကန်က ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံအတွင်း အခြေအနေများ လျင်မြန်စွာ ကောင်းမွန် တိုး တက်မှု မရှိလာပါက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး အဟန့်အတား ဖြစ်စေမှုနှင့် ဆိုးရွားသော လူ့အခွင့်အရေး ချိုး ဖောက်မှုများအတွက် တာဝန်ရှိသူအားလုံးအပေါ် ပိုမို တင်းကျပ်သော အရေးယူမှု နည်းလမ်းများဖြင့် ကျင့်သုံး အရေး ယူရန် အသင့်အနေအထား ပြင်ဆင်ပြီး ဖြစ်ကြောင်းလည်း ဥရောပသမဂ္ဂက ထုတ်ပြန် ကြေညာထားသည်။

You may also like these stories:

အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ သမ္မတ ဖြစ်ရေး အိပ်မက် နီးစပ်နေပြီလား

မြန်မာ စစ်အာဏာသိမ်း တနှစ်ကြာသည်ထိ အာဆီယံ အစွမ်းအစမဲ့နေ

မြန်မာစစ်တပ်နှင့် ပေါင်းပြီး စီးပွားရေးမလုပ်ရန် အမေရိကန် သတိပေး

ဆရာကျောင်း စင်တင်ပေးခဲ့တဲ့ ဂျော်နသန်ကျော်သောင်း

Your Thoughts …
Tags: စစ်တပ်တရားသူကြီးချုပ်အဂတိကော်မရှင်အမေရိကန်ဆန်ရှင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.7k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
11.5k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.6k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

by ဧရာဝတီ
23 May 2024
9.1k

ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံရတဲ့ လက်ထုတ္တောရွာခံတွေအဖို့ အရာရာကို မျက်စေ့သူငယ် နားသူငယ်နဲ့ ကြောက်ရွံနေပြီး အမြဲတမ်းစိုးရိမ်ပူပန်မှုကြီးတခု သူတို့ ရင်ထဲမှာ စွဲကပ်နေသလို ခံစားနေရပါတယ်။

Next Post
ရန်ကုန်မြို့ပြတိုက်ခန်းများ / AFP

မတူညီသော ခေါင်မိုးများအောက်

စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ

စစ်အာဏာသိမ်းမှု တနှစ်ပြည့် အနုပညာရှင်များ၏ လှုပ်ရှား စကားသံများ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4.2k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

1 day ago
4.1k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate