• English
Saturday, June 21, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကျောက်ဖြူတွင် တရုတ်က ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု ဒေသခံများ စိုးရိမ်

by ဧရာဝတီ
3 February 2022
in သတင်း
A A
ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်အားပေးစက်ရုံ ဆောက်လုပ်နေသော မြင်ကွင်း  / Tun Soe

ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်အားပေးစက်ရုံ ဆောက်လုပ်နေသော မြင်ကွင်း / Tun Soe

7k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း တရုတ်ကုမ္ပဏီနှင့် မြန်မာ့လျှပ်စစ်လုပ်ငန်းတို့ ပူးပေါင်းပြီး ကျောက်ဖြူချောင်းကို ပိတ်ဆို့ကာ ဓာတ်အားပေးစက်ရုံ တည်ဆောက်နေခြင်းသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်လာနိုင်သည့်အတွက် ဒေသခံရွာသားများ စိုးရိမ်မှု ဖြစ်ပွားနေကြောင်း သိရသည်။

Power China ကုမ္ပဏီနှင့် မြန်မာလျှစ်စစ်လုပ်ငန်းတို့ ပူးပေါင်းပြီး ကျောက်ဖြူမြို့နယ် ဂုံးချိန်ကျေးရွာနှင့် အုန်းတောကျေးရွာ ကြား ဒေသခံများ စိုက်ပျိုးရေးအတွက် အဓိက အသုံးပြုနေသည့် ကျောက်ဖြူချောင်းကို ပိတ်ဆို့ကာ ၂၀၂၁ နိုဝင်ဘာလ အတွင်းက စတင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

RelatedPosts

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးပြန်တည်ဆောက်နေတဲ့ စစ်ကောင်စီ (ရုပ်/သံ)

21 June 2025
52
မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

မဲဆောက်မှာ လျှပ်စစ်ဆိုင်ကယ်နဲ့ သုံးဘီးတွေကို ဆက်တိုက်ဖမ်းနေ (ရုပ်/သံ)

21 June 2025
51
Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

Jurassic World Rebirth ရုပ်ရှင် ရိုက်ကူးရေးက ထိုင်းစီးပွားရေးကို အကျိုးဖြစ်စေမယ်လို့ ဆို

21 June 2025
310

အုန်းတောကျေးရွာနေ ကိုထွန်းဝင်းစိုးက “စက်ရုံဆောက်တာကို ကျနော်တို့ မကန့်ကွက်ဘူူး။ စက်ရုံကြောင့် ကျနော်တို့ ရွာသားတွေ မထိခိုက်ဖို့ လိုတယ်။ အခု ကျောက်ဖြူချောင်းကို ပိတ်ပြီးတော့ ရေလှောင်ကန်လုပ်ဖို့ လုပ်နေတယ်။ ဒီချောင်းကို ပိတ်ထားရင် မိုးရာသီဆို ကျနော်တို့ရွာတွေ အကုန်ရေမြုပ်တော့မယ်။ အင်မတန် စိုးရိမ်စရာ ဖြစ်နေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သဘာဝဓာတ်ငွေ့ အသုံးပြု လျှစ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန်အတွက် မြေဧကပေါင်း ၅၀ ကျော် အသုံးပြုထား သည်ကို တွေ့ရပြီး စက်ရုံတည်ဆောက်မှုတွင် မြေ ၁၅ ဧက၊ စက်ရုံအား အအေးပေးစနစ် အသုံးပြု လည်ပတ်နိုင်ရန် အတွက် ရေကန်တည်ဆောက်မှုတွင် မြေ ၄၄ ဧက အသုံးပြုထားသည်ကို တွေ့မြင်ရကြောင်း ကျောက်ဖြူမြို့ခံ ပြည်နယ် လွှတ်တော် အမတ်ဟောင်း ဦးဖိုးစံက ပြောပြချက်အရ သိရသည်။

“စက်ရုံတည်ဆောက်တာ ကျနော်တို့ ဒေသခံတွေကိုလည်း အသိမပေးဘူး။ ပြည်ထောင်စုနဲ့ ပြည်နယ်က ခွင့်ပြုချက် နဲ့ ဆောက်တဲ့အတွက် ဒေသခံတွေကို အသိပေးစရာ မလိုဘူး ဆိုတဲ့သဘော ပြောတယ်။ ဓာတ်ငွေ့ကို အသုံးပြုပြီး လည် ပတ်တဲ့အခါ အအေးပေးဖို့အတွက် ပင်လယ်ကရေကို စုပ်ယူပြီး ကန်ထဲထည့်မယ်လို့ ပြောတယ်။ အဲဒီ ရေဆိုးတွေကိုလည်း ရွာသားတွေ လုပ်စားနေတဲ့ ကာရီ (ပုစွန်ကန်) နဲ့ လယ်မြေဘက်ကို စွန့်ထုတ်မယ်လို့ ပြောတယ်။ ဒါတွေက တော်တော် စိုး ရိမ်စရာ ကောင်းတယ်။ လယ်သမားတွေလည်း အကုန်ထိခိုက်ကုန်မယ်” ဟု ဆိုသည်။

အဆိုပါ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စစ်ကောင်စီက မည်ကဲ့သို့ ခွင်ပြုချက် ပေးထားသည်ကို တိတိကျကျ မသိ ရသော်လည်း စက်ရုံတည်ဆောက်မှုကြောင့် ဒေသခံများအတွက် အကျိုးတစုံတရာ မဖြစ်ထွန်းနိုင်ကြောင်း ဒေသခံများ က ပြောသည်။

ယင်းစက်ရုံမှ စွန့်ထုတ်မည့် ရေဆိုးများသည် ဒေသခံလယ်ယာမြေများကို ထိခိုက်နိုင်သည့်အတွက် ဒီဇင်ဘာ ၃၁ ရက်က အနီးဝန်းကျင်ရှိ ကျေးရွာဒေသခံများ စုပေါင်းပြီး အုန်းတောကျေးရွာတွင် တွေ့ဆုံမှုတခု ပြုလုပ်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်ကလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ရုံးခန်းတွင် တရုတ်ကုမ္ပဏီ အပါအဝင် ဒေသခံ ကျေးရွာသားများနှင့် မြို့ခံလူ ကြီးများ တွေ့ဆုံခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်အားပေးစက်ရုံ ဆောက်လုပ်နေသော မြင်ကွင်း (ဓာတ်ပုံ/ Tun Soe)

အဆိုပါစက်ရုံ တည်ဆောက်မှုကြောင့် ဒေသခံများ စိုးရိမ်မှု ဖြစ်ပွားနေသည့် ကိစ္စနှင့်ပတ်သက်၍ ဧရာဝတီက ကျောက်ဖြူ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ တရုတ်ကုမ္ပဏီနှင့် ဒေသခံကျေးရွာသားများ တွေ့ဆုံ ဆွေးနွေးမှုအရ အားလုံး အဆင်ပြေသွားပြီ ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “ဒေသခံရွာသားတွေ၊ မြို့ခံလူကြီးတွေ၊ ကုမ္ပဏီဘက်က လူကြီးတွေ အဲဒီကိစ္စကို ဆွေးနွေးကြတဲ့အတွက် အားလုံး အဆင်ပြေသွားပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားပါပြီ” ဟု ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်အားပေးစက်ရုံ ဆောက်လုပ်နေသော မြင်ကွင်း (ဓာတ်ပုံ/ Tun Soe)

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်ကုမ္ပဏီဘက်က အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုသော်လည်း ယုံကြည်လက်ခံရန် ခဲယဉ်းသဖြင့် ၎င်းတို့ လုပ်ဆောင်ချက်အပေါ် စောင့်ကြည်သွားမည် ဖြစ်သကဲ့သို့ ဒေသခံများကို မထိ ခိုက်လာစေရန်လည်း ကန့်ကွက်ဟန့်တားရန် နည်းလမ်းရှာဖွေနေကြောင်း အုန်းတောကျေးရွာမှ ကိုထွန်းဝင်းစိုးက ပြော သည်။

၎င်းက “သူတို့က ကျောက်ဖြူချောင်းကို ပြန်လည် ဖော်ထုတ်ပေးမယ်လို့ ဂတိပေးသွားတယ်။ နောက်တခါ လယ်သမားတွေ မထိ ခိုက်အောင်လည်း အဆင်ပြေအောင် လုပ်ပေးမယ်လို့ ပြောတယ်။ စက်ရုံကထွက်တဲ့ ရေဆိုးတွေကို ဘယ်နေရာမှာ စွန့်ပစ် မယ်ဆိုတာ မပြောဘူး။ ကျနော်တို့က တရုတ်စီမံကိန်းတွေကြောင့် ခံရပေါင်း များပြီဆိုတော့ တကယ် လုပ်ပေးမပေး ဆိုတာ စောင့်ကြည့်ပြီးတော့ သူတို့ လုပ်ရပ်တွေအပေါ် ဟန့်တားဖို့အတွက်လည်း ဘယ်လို လုပ်ရမယ်ဆိုတာ နည်းလမ်း ရှာနေတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်း ဓာတ်အားပေးစက်ရုံ ဆောက်လုပ်နေသော မြင်ကွင်း (ဓာတ်ပုံ/ Tun Soe)

ကျောက်ဖြူမြို့နယ်အတွင်း ယခင် စစ်အစိုးရခေတ်က တည်ဆောက်ခဲ့သော သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် မဒေးကျွန်းရှိ ရေနံပိုက်လိုင်း စီမံကိန်းတို့ကြောင့် ဒေသခံများမှာ ငါးဖမ်းလုပ်ငန်း ထိခိုက်ဆုံးရှုံးခြင်း၊ လယ်မြေများ ထိခိုက် ပျက်စီးခြင်းနှင့်အတူ မြေယာမဲ့ဘဝသို့ ရောက်ခဲ့ရသည့် သင်ခန်းစာများကြောင့် ယခု ဓာတ်အားပေးစက်ရုံ တည်ဆောက်မှု တွင်လည်း ဒေသခံများအပေါ် ထိခိုက်မှု ရှိလာမည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

ထို့ပြင် ဦးသိန်းစိန် အစိုးရခေတ်က တရုတ်နိုင်ငံနှင့် သဘောတူခဲ့သော ကျောက်ဖြူအထူးစီးပွားရေးဇုန် တည်ဆောက်ရန် စစ်ကောင်စီက ခြေလှမ်းတိုး လုပ်ဆောင်နေသည့်အပေါ် အောက်ခြေ လယ်သမားများ အနေဖြင့် မြေယာလျော်ကြေး အပြည့်အဝ မရရှိဘဲ လယ်သိမ်း၊ မြေသိမ်း ခံရမည်ကိုလည်း စိုးရိမ်မှု ဖြစ်ပွားလျက် ရှိသည်။

Your Thoughts …
Tags: ကျောက်ဖြူကျောက်ဖြူချောင်းတရုတ်ဓာတ်အားပေးစက်ရုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.4k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.4k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.3k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.3k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.4k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
Savoy Hotel

ရန်ကုန်မြို့ ရှိ နာမည်ကြီး Savoy ဟိုတယ် အပြီးပိတ်သိမ်း

အင်းစိန် အကျဉ်းထောင် ပုံဟောင်း  / ဧရာဝတီ

အင်းစိန်ထောင်တွင် နိုင်/ကျဉ်းအချို့ ထောင်ကကျွေးသည့်အစာ မစားခြင်းဖြင့် ဆန္ဒပြနေ

No Result
View All Result

Recommended

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

1 week ago
26.9k
တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

6 days ago
4.6k

Most Read

  • စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    စစ်ကိုင်း- ရွှေဘိုလမ်း တိုက်ပွဲ သံချပ်ကာကားများပါ သုံးလာ

    shares
    Share 0 Tweet 0
  • စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

    shares
    Share 0 Tweet 0
  • မြောင်းမြမှ ကျောင်းသူချင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှု ပြည်သူတို့ ဝေဖန်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0
  • အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate