• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကောလင်း၊ ပင်လည်ဘူးမှ Non CDM ဝန်ထမ်းများ တပတ်အတွင်း နုတ်ထွက်ရန် သတိပေး

by ဧရာဝတီ
3 February 2022
in သတင်း
A A
ကောလင်းမြို့အထွက်တွင် တွေ့ရသည့် ဒေသခံ PDF တချို့  / ကောလင်း PDF

ကောလင်းမြို့အထွက်တွင် တွေ့ရသည့် ဒေသခံ PDF တချို့ / ကောလင်း PDF

11.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ကောလင်း၊ ပင်လည်ဘူးမြို့နယ်များအတွင်းမှ စစ်ကောင်စီ လက်အောက်၌ တာဝန်ထမ်းဆောင်နေကြ သည့် Non CDM ဝန်ထမ်းများ ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထား နုတ်ထွက်ပြီး ထွက်ခွာရန် မြို့နယ် ပြည်သူ့ အုပ် ချုပ်ရေး အဖွဲ့များက သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါ မြို့နယ်အတွင်းများရှိ ဌာနဆိုင်ရာ အမှုထမ်း၊ အရာထမ်း ဝန်ထမ်းများအနေဖြင့် ရာထူးမှ နုတ်ထွက်ခြင်း၊ CDM ပြုလုပ်ခြင်းများ ပြုလုပ်ကြရမည့်အပြင် မိမိတို့ရုံးဌာနများ၊ နေအိမ်(လိုင်းခန်း)များမှ ရရာနည်းလမ်းဖြင့် ထွက်ခွာကြရကြ ရန် သတိပေးထားခြင်း ဖြစ်သည်။

RelatedPosts

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

မြန်မာနိုင်ငံပို့မယ့် Y-8 နှစ်စီး တရုတ်လေဆိပ်မှာတွေ့ (ရုပ်/သံ)

24 June 2025
1
တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

တိုက်နေသူတွေမပါတဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖိုရမ် (ရုပ်/သံ)

24 June 2025
29
အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

အစ္စရေး-အီရန်စစ်ပွဲကို ကြုံတွေ့နေရတဲ့ မြန်မာတွေ (ရုပ်သံ)

24 June 2025
27

“နိုင်ငံရဲ့ အချုပ်အခြာအာဏာဟာ နိုင်ငံသားတွေထံကနေ ဆင်းသက်ရတာပါ။ အခုက လက်တဆုပ်စာ အာဏာရူးတွေ ရဲ့ လက်အောက်မှာ ကျွန်ခံနေကြဆဲဖြစ်တဲ့ ပြည်သူ့ဝန်ထမ်း မဟုတ်တဲ့ Non CDM ဝန်ထမ်းတွေကို မြို့ကနေ အပြီး ထွက်ခွာဖို့နဲ့ မြို့ခံ ဝန်ထမ်းတွေလည်း CDM မှာ ပါဝင်ပေးဖို့အတွက် အခုလို သတိပေးစာ ထုတ်ပြန်လိုက်တာပါ” ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ၏ ဦးဆောင်မှုဖြင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဖွဲ့စည်းထားခြင်း ဖြစ်ပြီး သတိပေးချက် ထုတ်ပြန်ရာတွင် ဒေသခံ မဟုတ်သည့် Non CDM ဝန်ထမ်းများ ယခုလ ၁၀ ရက် မတိုင်ခင် ရရာနည်း လမ်းဖြင့် ထွက်ခွာသွားရန်နှင့် ဒေသခံ ဝန်ထမ်းများသည်လည်း ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထား၍ CDM ပြုလုပ် ကြရမည့်အကြောင်းကို ဒေသန္တအမိန့် အနေဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာခြင်း မရှိပါက Non CDM ဝန်ထမ်းများအပြင် ပိုင်ဆိုင်မှုများ၊ မိသားစုများ၏ လုံခြုံရေး ကို အာမခံချက် မပေးနိုင်ဟုလည်း ပါရှိသည်။

“နောက်ဆုံး သတိပေးခြင်း ဖြစ်တယ်။ အဓိက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားကို ဖြတ်တောက်နိုင်ဖို့၊ ထုတ် ပြန်ချက်ကို လိုက်နာခြင်း မရှိဘူးဆိုရင် သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ မိသားစုတွေရဲ့ လုံခြုံရေး ကိစ္စရပ်တွေ အတွက် အာမခံချက် မရှိနိုင်တော့ဘူး၊ စစ်ကောင်စီ အလိုကျ ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ပြည်သူ့မျက်နှာကိုပဲ ကြည့်ပါလို့ ပြောချင်တယ်” ဟု ပင်လည်ဘူး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။

Non CDM ဝန်ထမ်းများသည် ပြည်သူ့လစာ စား၍ ပြည်သူကို ကိုယ်စားမပြု၊ မိမိတို့တတ်သည့်ပညာဖြင့် ပြည် သူအား အလုပ်အကျွေး မပြုဘဲ အကြမ်းဖက်လုပ်ရပ်များ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီ အလိုကျ တာဝန် ထမ်းဆောင်နေသူများဟု ဆိုသည်။

ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များက ထိုသို့ သတိပေးချက်များ ထုတ်ပြန်ပြီးနောက် ဒေသခံ မဟုတ်သော စစ်ကောင်စီ လက် အောက်ခံ ဝန်ထမ်းအချို့ နေရပ်ပြန်ကြခြင်းများလည်း ပြုလုပ်လာကြကြောင်း ဒေသခံများထံက သိရသည်။

“ဘာကြောင့်လဲဆိုတာ မသိပေမယ့် ကျနော်တို့ ကောလင်းဘက် ဝန်ထမ်းအချို့ နုတ်ထွက်လာကြတယ်။ ပြီးတော့ မြို့ခံ မဟုတ်တဲ့ ဝန်ထမ်းတွေလည်း ပြန်ကြတာတွေ ရှိလာတယ်။ အများစုကတော့ ပညာရေး၊ အုပ်ချုပ်ရေးနဲ့ စိုက်ပျိုးရေး ဘက်က အများဆုံးပဲ” ဟု ကောလင်းမြို့ခံ တဦးက ပြောသည်။

လက်ရှိ စစ်ကိုင်းတိုင်း မြေပြင်အနေအထားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ တိုက်ခိုက်မှုများကို စစ်ကောင်စီတပ်များ အနေဖြင့် အပြင်းအထန် ခုခံကာကွယ်နေရသလို အုပ်ချုပ်ရေးကဏ္ဍတွင် ရာခိုင်နှုန်းအများစုမှာ ပြိုလဲနေရာ အတိုင်းအတာ တခုအရ အောင်မြင်နေလျက်ရှိ ကြောင်း ဒေသခံ PDF အဖွဲ့များထံက သိရသည်။

“PDF အားကောင်းတဲ့ စစ်ကိုင်းတိုင်းက နယ်မြေစိုးမိုးမှု အားကောင်းတဲ့အတွက် အခုထိ ထိန်းချုပ်လို့ မရတဲ့အပြင် အုပ် ချုပ်ရေး ယန္တရားက ပျက်နေပြီလို့ ပြောလို့ရတယ်။ ကောလင်း ဝန်းသိုဘက်မှာဆိုရင် ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ တမြို့နယ်လုံး နီးပါး နုတ်ထွက်ထားကြတယ်။ ချုပ်ပြောရမယ်ဆိုရင် စစ်ကိုင်းတိုင်းက အုပ်ချုပ်ရေး ယန္တရား ၇၀ ရာခိုင် နှုန်း လောက်ထိ ပျက်သွားပြီ။ ပြီးတော့ ကျနော်တို့ မြေပြင်တိုက်ပွဲတွေမှာ တော်လှန်ရေးအင်အားစုတွေ အသာစီးရ တယ်ဆိုတာက ပြည်သူတွေ ပူးပေါင်းပါဝင်မှုနဲ့ သတင်း စီးဆင်းမှု အကြောင်းရင်းတွေပါပဲ။ အခုလည်း Non CDM ဝန် ထမ်းတွေ အနေနဲ့ ပြည်သူ့ဘက်ကို ရပ်သင့်နေပြီလို့ ပြောချင်တယ်” ဟု Kawlin Revolution -KR အဖွဲ့က ပြောသည်။

ပင်လည်ဘူး၊ ကသာ၊ ကောလင်း၊ ဝန်းသိုဒေသတွင် KIA၊ ABFDS၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ စုစည်း၍ စစ်ကောင်စီတပ်များအား တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များကလည်း လေယာဉ်ပစ်ကူများ ပေး၍ တိုက် ခိုက် နေရသည်။

“နောက်ဆုံး အခြေအနေကတော့ ကသာ၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး မြို့တွေရဲ့ အပြင်စည်း ၅ မိုင် ပတ်လည်က လွတ်မြောက်နယ်မြေ ဖြစ်နေပြီလို့ ပြောလို့ ရတယ်။ ဆိုလိုတာက အတွင်းမှာရှိနေတဲ့ စစ်ကောင်စီရဲ့ တပ်တွေကို ဝိုင်း ထားပြီးသားမျိုးပေါ့၊ ဒီကောင်တွေကို ထွက်ပေါက်လည်း ပေးမထားဘူး၊ အတွင်းစည်းထဲမှာ ပိတ်မိတော့ အရပ်သား တွေကို ဒုက္ခပေး၊ လေယာဉ်ပစ်ကူတွေ ပေးပြီး ကယ်ထုတ်နေရတာကို ကြည့်ရင် သိနိုင်ပါတယ်။ အခုက မြို့သိမ်း တိုက် ပွဲတွေ မဆင်နွှဲသေးဘူးဆိုတာ ထီးထီးကြီး ဖြစ်သွားပြီး ပြည်သူတွေ နာကုန်မှာ စိုးရိမ်လို့ပါ” ဟု ပင်လည်ဘူး PDF တပ် ဖွဲ့ဝင်တဦးက ဆိုသည်။

၎င်းက ဆက်လက်၍ “မြို့တွေကို သိမ်းဖို့ ဆိုတာက မြိ့နယ်တွေအလိုက် သူလဲ သိမ်း၊ ကိုယ်လဲ သိမ်းဆိုပြီး တပြိုင်တည်း လုပ်နိုင်မှ အဆင်ပြေမှာ။ ဥပမာ- ကသာကို သိမ်းမယ်ဆိုရင် ထီးချိုင့်ကိုလည်း သိမ်းရမှာ၊ ထီးချိုင့်ကို သိမ်းမယ်ဆိုရင် လည်း ပင်လည်ဘူးတို့ ကောလင်း၊ ဝန်းသို၊ ကန့်ဘလူ အဲဒီလိုတွေထိ သိမ်းနိုင်ဖို့ လိုတာပေါ့။ ဒါမှ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်လာမှာ။ မြို့နယ် တခုတည်း ထီးထီးကြီး သိမ်းမယ်ဆိုရင် စစ်ခွေးတွေက လေကြောင်းကနေ ဆော်မှာ။ အဲဒါကြောင့် မို့ လက်ရှိ မြေပြင် စစ်ရေးအရ အသာစီး ရနေပေမယ့် မြို့သိမ်းတိုက်ပွဲတွေကို မဖော်ဆောင်သေးတာပါ” ဟု ပြောသည်။

Non CDM ဝန်ထမ်းများနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်မှုများ အနေဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းများ အားလုံး ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထား ထွက်ခွာရန်နှင့် မြို့ခံ ဝန်ထမ်းများအနေဖြင့်လည်း ဆက် လက် တာဝန်ထမ်းဆောင်ခြင်း မပြုလုပ်ရန် ဇန်နဝါရီ ၂၉ ရက်က ထုတ်ပြန်ထားသလို၊ မကွေးတိုင်း မြိုင်မြို့နယ်၊ စစ် ကိုင်းတိုင်း ကသာမြို့နယ်၊ ထီးချိုင့်မြို့နယ်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နှင့် ကယားပြည်များတွင်လည်း ယင်းသို့ အသိ ပေးချက်များ ထုတ်ပြန်ထားသည်။

ယခုအခါ စစ်ကိုင်းတိုင်းအတွင်း၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ မိုင်းထောင် မိုင်းဆွဲ တိုက်ခိုက်ခံရမှုနှင့် မြေပြင်တိုက်ပွဲများတွင် အထိနာသော စစ်ကောင်စီတပ်များသည် မြေပြင်တွင် ဒေသခံများအား ဖမ်းဆီး၍ လူသား ဒိုင်းအဖြစ် အသုံးချခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများအတွင်း တပ်စွဲ၍ နေအိမ်များမှ ပစ္စည်းများအား ဖောက်ထွင်း ခိုးယူခြင်း၊ ကျန်ရှိနေသည့် မြို့ခံပြည်သူများအား ဖမ်းဆီးခြင်း၊ နေအိမ်များအား မီးရှို့ခြင်း၊ ကျေးရွာများအတွင်း လေယာဉ်များဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကို ပြုလုပ်လျက်ရှိသည်။

You may also like these stories:

ပူတာအိုက စစ်ကောင်စီ တပ်စခန်း KIA နှင့် PDF ပူးပေါင်း သိမ်းပိုက်

ပုလဲမြို့နယ် မွေ့တုံ ရွာလုံးကျွတ်နီးပါး စစ်ကောင်စီ မီးရှို့ ဖျက်ဆီး

ဂန့်ဂေါမှာ စစ်ကောင်စီတပ်၏ သောင်းကျန်းမှုများ

Your Thoughts …
Tags: Non CDMကောလင်းစစ်ကိုင်းပင်လည်ဘူး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဒုစစ်ခေါင်းဆောင် ဘာကြောင့် ဝန်းသို သွားသလဲ

ဒုစစ်ခေါင်းဆောင် ဘာကြောင့် ဝန်းသို သွားသလဲ

by စောလွင်
16 October 2024
7.9k

မကြာသေးမီက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ရရှိထားသည့် ပင်လည်ဘူးမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေးသော ဝန်းသိုတပ်နယ်ရှိ အရာရှိ၊ စစ်သည်များကို စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း သွားရောက်တွေ့ဆုံခဲ့သည်။

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

Next Post
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများရေတွက်နေပုံ / ဧရာဝတီ

ပြည်နယ်နှင့်တိုင်း ရွေးကော်အဖွဲ့ဝင်ဟောင်းများကို ပြစ်ဒဏ်များချနေ

၂၀၁၄ခုနှစ်က တွေ့ရသည့် သီလဝါ စက်မှုဇုန် / ဧရာဝတီ

နှစ်အစ၌ပင် မြန်မာ့ကုန်ထုတ်လုပ်မှု အခြေအနေ ကျဆင်းလာဟု IHS စစ်တမ်းကဆို

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate