• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အကြမ်းဖက်မှုရပ်ရန် ကုလ လုံခြုံရေးကောင်စီ တောင်းဆိုပြန်

by ဧရာဝတီ
4 February 2022
in သတင်း
A A
ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေက အရပ်သား ၃၁ ဦးကို ယာဉ်တွေပေါ်မှာတင် မီးရှို့သတ်လိုက်တယ်

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေက အရပ်သား ၃၁ ဦးကို ယာဉ်တွေပေါ်မှာတင် မီးရှို့သတ်လိုက်တယ်

22.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု တနှစ်ပြည့်ပြီးနောက် တနိုင်ငံလုံးတွင် အကြမ်းဖက်မှုများ ချက်ခြင်းရပ်ဆိုင်းရန် ကုလသမဂ္ဂ လုံခြံရေးကောင်စီက ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်ပြီး မြန်မာဒီမိုကရေစီအသွင်း ကူးပြောင်းရေးနှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်းများကို ထောက်ခံကြောင်း ထပ်မံပြောကြားလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖြုတ်ချခံရသော ရွေးကောက်ခံ အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အငြင်းပွားဖွယ်ရာ ဖမ်းဆီးထားသူများ အားလုံးကို လွှတ်ပေးရန်လည်း ကုလသမဂ္ဂတွင် သြဇာအကြီးမားဆုံး အဖွဲ့အစည်းဖြစ်သည့် လုံခြုံရေးကောင်စီက ထပ်မံတောင်းဆိုသည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
20
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
20
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
30

အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ထောက်ခံသည့် ကြေညာချက်တွင် လုံခြုံရေးကောင်စီက မြန်မာစစ်အုပ်စုက လွန်ခဲ့သော တနှစ်တွင် ကြေညာထားသည့် အရေးပေါ်အခြေအနေ ဆက်လက်ထားရှိခြင်းနှင့် ကိုဗစ်နိုင်တင်း ကပ်ရောဂါ ဆက်လက် ဖြစ်ပွားနေချိန်တွင် အထူးသဖြင့် အမျိုးသမီးများ၊ ကလေးများနှင့် ထိခိုက်လွယ်အုပ်စုများအကြား လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက် အကြီးအကျယ် တိုးလာခြင်းတို့ကို လွန်စွာ စိုးရိမ်ပူပန်ကြောင်း ဖော်ပြသည်။

အင်္ဂါနေ့တွင် ကျရောက်သည့် စစ်အာဏာသိမ်းမှု တနှစ်ပြည့်ကာလကို တနိုင်ငံလုံးတွင် သပိတ်များ၊ ဆန္ဒပြပွဲများနှင့် ပြောက်ကျား တိုက်ခိုက်မှုများဖြင့် ပြည်သူများက တုံ့ပြန်ကြသည်။ အာဏာပိုင်များက စီစဉ်သည်ဟု ယုံကြည်ရသည့် စစ်အုပ်စုလိုလားသော ထောက်ခံပွဲ အများအပြားကိုလည်း ကျင်းပကြသည်။

စစ်တပ်က အာဏာသိမ်းကာ ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချလိုက်ပြီးနောက် ကျယ်ပြန့်သည့် အကြမ်းမဖက် ဆန္ဒပြပွဲများ ပေါ်ပေါက်လာသည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်ပြီး ဒုတိယသက်တမ်းကို ထမ်းဆောင်မည့်အချိန်တွင် အာဏာသိမ်း ခံရခြင်းဖြစ်သည်။ ထိုဆန္ဒပြပွဲများကို သတ်ဖြတ်နှိမ်နင်းလိုက်ပြီးနောက် လက်နက်ကိုင်ခုခံမှုများ ပေါ်ပေါက်လာသည်။

အရပ်သား ၁,၅၀၀ ခန့်ကို သတ်ဖြတ်ခဲ့သော်လည်း စစ်ကောင်စီသည် တနိုင်ငံလုံးတွင် ပျံ့နှံ့နေသည့် အတိုက်အခံ လှုပ်ရှားမှုများကို နှိမ်နင်းနိုင်ခြင်း မရှိပေ။

စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများနှင့် ရက်စက်ကြမ်းကြုတ်မှုများ ပြင်းထန်လာပြီး ခုခံရေးလှုပ်ရှားမှုကို ဖြစ်စေကြောင်းနှင့် ဘက်အားလုံးသည် အကြမ်းနည်းကို ဖြေရှင်းမှုအဖြစ် သုံးသည့် ၎င်းတို့၏ သဘောထားများ ပြင်းထန်နေကြာင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်သစ် မစ္စ နိုလင်းဟေဇာက ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောသည်။

မြန်မာနိုင်ငံ အခြေအနေသည် ပိုမို မတည်မငြိမ်ဖြစ်လာကြောင်း၊ အမြောက်များနှင့် လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် စစ်ဆင်ရေးများသည် အရပ်သားများကို ကာကွယ်ရေးအတွက် စိုးရိမ်ပူပန်စရာ ဖြစ်နေကြောင်းလည်း ဗီဒီယိုဖြင့်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သူကပြောသည်။

ဒီဇင်ဘာလကုန်မှ စတင်ပြီး ပြည်တွင်းစစ်ဘေးဒုက္ခသည် အရေအတွက်သည် ၃ သိန်း ၂ သောင်းကျော်မှ ၄ သိန်းကျော်အထိ တိုးလာကြောင်း မစ္စဟေဇာက ပြောသည်။ “အဲဒီ အရေအတွက်က ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်း ပြည်တွင်းစစ်ဘေးရှောင် ၃ သိန်း ၄ သောင်းအပြင် ထပ်တိုးလာတဲ့ အရေအတွက် ဖြစ်ပါတယ်” ဟုလည်း သူက ပြောသည်။

နိုင်ငံအတွင်းတွင် မကြာသေးမီက ထပ်မံ ဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများကို နက်ရှိုင်းစွာ စိုးရိမ်ကြောင်းနှင့် စစ်ဘေးရှောင်အရေအတွက် များပြားနေခြင်းကို တုန်လှုပ်ကြောင်း လုံခြုံရေးကောင်စီက ပြောကြားသည်။

ကျန်းမာရေးနှင့် ပညာရေးအဆောက်အအုံများ အပါအဝင် အခြေခံ အဆောက်အအုံများကို တိုက်ခိုက်မှုအား အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ရှုတ်ချသည်ဟု ဖော်ပြသည်။

“တနိုင်ငံလုံးမှ အကြမ်းဖက်တိုက်ခိုက်မှု ပုံစံအားလုံး ချက်ခြင်းရပ်ဆိုင်းရန်နှင့် အရပ်သားများ လုံခြုံရေးကို အဖွဲ့ဝင်နိုင်ငံများမှ တောင်းဆိုကြသည်” ဟုလည်း ထိုကြေညာချက်တွင် ဖော်ပြသည်။

လူသားချင်းစာနာမှု အကူအညီများ အလျင်အမြန် အရှိန်မြှင့် ပေးပို့ရန်နှင့် ကိုဗစ်နိုင်တင်း ကာကွယ်ဆေးများ အဟန့်အတားမရှိ ဖြန့်ဝေရန် လိုအပ်ချက်ကို လုံခြုံရေးကောင်စီက အလေးထားပြောသည်။

ငြိမ်းချမ်းစွာ အဖြေရှာရေးတွင် အဖွဲ့ဝင် ၁၀ နိုင်ငံ ပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၏ အခန်းကဏ္ဍကို အပြည့်အဝ ထောက်ခံကြောင်းနှင့် အကြမ်းဖက်မှု ချက်ခြင်းရပ်တန့်ရေးနှင့် သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရေး ပါဝင်သည့် လွန်ခဲ့သော ဧပြီလက ချမှတ်ခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အလျင်အမြန် အကောင်အထည်ဖော်ရေးကို လုံခြုံရေးကောင်စီဝင် နိုင်ငံများက ထောက်ခံကြသည်။

လုံခြုံရေးကောင်စီသည် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစု၏ ဆိုးရွားသော ကံကြမ္မာကိုလည်း ထည့်သွင်းပြောကြားသည်။

၂၀၁၇ ခုနှစ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ မုဒိမ်းပြုကျင့်မှုများနှင့် နေအိမ်ထောင်ပေါင်းများစွာကို မီးရှို့မှုများ ပါဝင်သည့် စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။ သို့သော် ကုလသမဂ္ဂ၏ စာရင်းအရ ရိုဟင်ဂျာ ၆ သိန်းခန့်သည် ရခိုင်ပြည်နယ်တွင် ဆက်လက်နေထိုင်နေဆဲဖြစ်ပြီး လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ် အကျပ်အတည်းတွင် အရင်းခံအကြောင်းရင်းကို ကိုင်တွယ်ဖြေရှင်းရန် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ထပ်မံပြောကြားသည်။

စစ်အာဏာသိမ်းမှုနှင့် လက်ရှိ အကြမ်းဖက်များကို ရည်ရွယ်ပြီး ရိုဟင်ဂျာဒုက္ခသည်များနှင့် စစ်ဘေးရှောင်များ ပြန်လာရေးအပေါ် ရိုက်ခတ်မှုများကို စိုးရိမ်ကြောင်း ကောင်စီဝင်နိုင်ငံများက ပြောသည်။ ရိုဟင်ဂျာ ပြဿနာ ဖြေရှင်းရန် သံတမန်ရေး အားထုတ်မှုများကို အားပေးပြီး လူနည်းစု အခွင့်အရေးများ ကာကွယ်ရေးအတွက် အရေးပါသော လိုအပ်ချက်ကို အလေးထားပြောကြားခဲ့သည်။

ကိုးကား။ ။ AP ၏ UN calls for halt to Myanmar violence, return to democracy

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း၍ ရုံးချိန်းမတက်နိုင်

အာဏာခွဲဝေရေး ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မရှိဟု ကုလအထူးကိုယ်စားလှယ်ရုံး ပြန်ရှင်း

စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ

စင်ကာပူသံအမတ်အဖြစ် ငြင်းပယ်ခံရသူ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဖြစ်လာ

Your Thoughts …
Tags: NLDကိုဗစ်နိုင်တင်းကုလသမဂ္ဂ လုံခြုံရေးကောင်စီစစ်ကောင်စီဒေါ်အောင်ဆန်းစုကြည်နိုလင်းဟေဇာပြည်တွင်းစစ်ဘေးဒုက္ခသည်ရိုဟင်ဂျာလူသားချင်း စာနာထောက်ထားမှုအကြမ်းမဖက် ဆန္ဒပြပွဲအာဆီယံအာဏာသိမ်းမှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.6k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
55.2k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖေဖေါ်ဝါရီ ၁ရက်က နေပြည်တော် တပ်ကုန်းမြို့ MRTV ဝင်းအတွင်း ပြုလုပ်သည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက် ဖွင့်ပွဲအခမ်းအနား / cincds

စစ်ကောင်စီ၏ စိန်ရတုပြတိုက်ဖွင့်ပွဲ တက်သည့် အနုပညာရှင်အချို့ ဝေဖန်ခံရ

၂၀၁၉ ခုနှစ် မိတ္ထီလာလေတပ်စခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်ဆေးကြည့်ရှုစဉ်

မြန်မာ့ အတိုက်အခံများ စစ်ရေးအကူအညီ လိုသည်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

7 days ago
5.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
4.9k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate